Saturday, May 9, 2015

Windows 7 Password ခံထားသည်ကို ပြောင်းလဲခြင်း ၁၀၀%


တစ်စုံတစ်ယောက်က တကယ့်တကယ် အခက်အခဲတွေ့လို့ အကူအညီတောင်းလာလျှင်သော်၎င်း၊ ကိုယ့်ကွန်ပြူတာက ပတ်စဝပ် မေ့သွားလျှင်သော်၎င်း ပြုလုပ်သင့်ပါသည်။ အင်တာနက်ဆိုင်များမှ ကွန်ပြူတာများကိုတော့ ပညာပြသည့်အနေဖြင့် မပြုလုပ်သင့်ပါ။ ၁၀၀% အောင်မြင်ပါတယ်။ ကျနော့် ကိုယ်တွေ့ပါ။ အောက်ပါအချက်များအတိုင်း တသွေမတိမ်း လုပ်ဆောင်ပါ။ အရမ်းအခက်ကြီးတော့ မဟုတ်ပါဘူး။ ပြဿနာလည်း လုံးဝ မရှိပါဘူး။
၁။ ပါဝါခလုပ်ကို နှိပ်ပြီး ကွန်ပြူတာကို ဖွင့်လိုက်ပါ။ ပတ်စဝပ်တောင်းသောနေရာရောက်လျှင် ပါဝါခလုပ်ကို ဖိပြီး ပိတ်ချလိုက်ပါ။ ပြန်ဖွင့်ပါ။ ထိုအခါ
Safe Mode
Command Prompt
Start Windows Normally
စတာတွေ ပေါ်လာပါလိမ့်မယ်။ ထုံးစံအားဖြင့် ကျနော်တို့ဟာ Start Windows Normally ဆိုပြီး ဆက်လက်ဖွင့်ကြတယ် မဟုတ်လား။ သို့သော် ပါဝါခလုပ်ကို ဖိပြီး ပြန်ပိတ်လိုက်ပါ။
၂။ Lunch Startup Repair
    Start Windows Normally
ဆိုတာ ပေါ်လာသည်အထိ ပါဝါခလုပ်ကို ဖိပြီးပိတ်ပါ။ တခါတရံမှာ ၃ ခါမှ ၄ ခါအထိ ပိတ်ရပါတယ်။
အဲဒါ ပေါ်လာပြီ ဆိုလျှင် Lunch Startup Repair ဆိုတာကို ရွေးပါ။ အဲဒီ Lunch Startup Repair Function က အချိန်အနည်းငယ် အလုပ် လုပ်ပြီးလျှင် Restore OR Cancel ဆိုတာ ပေါ်လာပါလိမ့်မယ်။ Cancel ကို ရွေးလိုက်ပါ။ အဲဒါကို ရွေးပြီးလျှင် အချိန်တော်တော်ကြာ Loading လုပ်နေပါလိမ့်မယ်။ ပြီးလျှင်
Startup Repair ဆိုပြီး Box တစ်ခု ကျလာပါလိမ့်မယ်။ အောက်ဆုံးမှာရှိတဲ့ View Problem Detail ဆိုတာကို နှိပ်လျှင် အောက်မှာ စာတွေ အများကြီး ရေးထားတာကို တွေ့ရပါလိမ့်မယ်။ အောက်ဆုံးအထိ ၄င်းစာများကို ဆွဲချလိုက်ပြီး နောက်ဆုံး (အောက်ဆုံး)မှာ လင့်တစ်ခုကို တွေ့ပါလိမ့်မယ်။ ၄င်းလင့်ခ်ကို နှိပ်လိုက်ပါက Notepad ဖြင့် စာတွေ ရေးထားတာ ကျလာပါလိမ့်မယ်။ ပြီးလျှင် File..Save As..My Computer..C (ဝင်းဒိုးတင်ထားရာနေရာ)...Windows...System32..အထိ သွားလိုက်ပါ။ အဲဒီကို ရောက်သွားလျှင် Save မဲ့ ဖိုင်အမျိုးအစားမှာ All File ကို ထားမှ ရပါမယ်။ အဲဒါကို ထားပြီးလျှင် sethc ဆိုတဲ့ ဖိုင်ကလေးကို ရှာပါ။ ပြီးလျှင် ညာကလစ်ဖြင့် Rename ပေးရပါမယ်။ sethc to sethc.bak လို့ ပေးလိုက်ပါ။ ပြီးလျှင် cmd ဖိုင်ကို ရှာပြီး Copy & Paste လုပ်ပါ။ cmd copy ဟု ပေါ်လာလျှင် ၄င်းဖိုင်ကို sethc ဟု Rename ပေးလိုက်ပါ။ ပြီးလျှင် ဖွင့်ထားသော Save မယ်လို့ လုပ်ထားသော Notepad ကို Cancle လုပ်ပါ။ ပြီးလျှင် Don't Send လုပ်ပြီးလျှင် Restart.....
၃။ ကွန်ပြူတာ ပြန်ပွင့်လာပါမယ်။ ထုံးစံအတိုင်း ပတ်စဝပ်တောင်းပါလိမ့်မယ်။ ထိုအခါ Shift Key ကို ငါးကြိမ်တိတိ နှိပ်လိုက်လျှင် Command Prompt လေးပေါ်လာပါလိမ့်မယ်။ အဲဒီမှာ လူကြီးမင်း စာရေးပါ။
net user လို့ ရေးပြီး အင်းတားကို ခေါက်ပါ။ ဗလာ..ဗလာ ၂ကြောင်း ၃ကြောင်း ကျလာပါလိမ့်မယ်။
ပြီးလျှင် net user administrator * ဆိုတာကို ရိုက်ပြီး အင်းတာခေါက်လိုက်ပါ။ (အဲဒီနေရာမှာ ကွန်ပြူတာရဲ့ Owner administrator အမည်ကို ထည့်ရပါမယ်။ ပြောလိုတာက ကျနော့်ကွန်ပြူတာမှာဆိုလျှင် net user Theinadministrator * ဆိုပြီး ရိုက်ရပါမယ်။ စာလုံးများကို စပေ့ခြားရပါမယ်။ net, user, Theinadministrator, * ဆိုပြီးတော့ ရိုက်လိုက်လျှင် အောက်မှာ သင်ပြောင်းချင်တဲ့ ပတ်စဝပ်ကို ရေးထည့်လိုက်ပါ။ ၂ ခါရေးရပါမယ်။ သင်ရေးထားတာကို သင်မမြင်ရနိုင်ပါဘူး။ ပြီးပြီဆိုလျှင်တော့ Exit ကိုနှိပ်ပြီး ၄င်းကွန်ပြူတာကို သင်အသစ်ထည့်ရိုက်ထားသော ပတ်စဝပ်ဖြင့် ဖွင့်နိုင်ပါပြီ။
ပုံနှင့်တကွ ကြည့်လိုက ဒီနေရာမှာ ဒေါင်းယူပြီး ဖတ်နိုင်ပါတယ်။ ကျနော် ရေးထားတာလောက်တော့ အသေးစိတ် မပြောထားပါ။
ဖုန်းနံပါတ်ဖျောက်ပြီး ဖုန်းခေါ်နည်းလေးပါ ဖုန်းနံပါတ်ဖျောက်ပြီး ဖုန်းခေါ်နည်းလေးပါ အသုံးလိုတဲ့သူများ သုံးလို့ရအောင်တင်ပေးလိုက်တာပါ Personal call, secret call အစရှိတဲ့ခေါ်ဆိုမူတွေမှာ ဖုန်းနံပါတ်တွေကိုမသိစေချင်ရင် ဖြောင့်ထား လို့ရပါတယ် ကဲအရင်ဆုံးအောက်မှာပေးထားတဲ့ Software နှစ်ခုကိုဒေါင်းလိုက်ပါ Hidden Call-hide your Caller ID. apk secretcall.apk ဒေါင်းယူပြီးရင် ဆောဝဲနှစ်ခုကို ဖုန်းတွင် install ပါ..။ ပြီးရင် ဖုန်းကို reboot (restart) လုပ်ပါ....။ ဖုန်းပြန်ပွင့်လာရင် screen မှာရှိတဲ့ Hide Caller ID ကိုဖွင့်လိုက်ပြီး enabled နဲ့ show icon ကို အမှတ်ခြစ်ပေးပါ....။ and contact number ကိုနှိပ်ပြီး add လုပ်မဲ့ဖုန်းနံပါတ်တစ်ခု ဒါမှမဟုတ် ဖုန်းထဲက နံပါတ်အားလုံး ထည့်ပေးလိုက်ပါ ....။ add မလုပ်ထားတဲ့ ဖုန်းနံပါတ်ကိုခေါ်ရင် hide လုပ်မှာလား show လုပ်မှာလားမေးလာပါမယ်..။ ကိုအသုံးပြုတဲ့အတိုင်း seleat လုပ်ပါ...။ screenshots လေးပြထားပါတယ်...။ ကဲ ကျန်တာကတော့ သူငယ်ချင်းကိုယ်တိုင်ပဲ လုပ်ကြည့်လိုက်နော် ဒီလောက်ဆို သူငယ်ချင်းတို့အားလုံးနားလည်မယ်လို့ထင်ပါတယ် အသေးစိတ်ကို သိချင်တယ်ဆိုရင်တော့ မူရင်းနေရာဖြစ်တဲ့ ဒီလင့်ကို ဖွင့်ကြည့်ပါ

Original from: http://www.romarakhaing.blogspot.com/2013/07/blog-post.html#.VU3cnSLJy_I
မူလစာရေးသူ -->>မင်းသားချေ (နည်းပညာမှတ်စု)

No comments: