Monday, June 8, 2015

Youtube မှ ဗီဒီယိုများကို အလွယ်ကူကူအကောင်းဆုံး Download ဆွဲရန်


Computer သုံးတဲ့သူတိုင်း Youtube ကနေ Video တွေ Download လုပ်ပြီး သိမ်းထားချင်ကြ စမြဲပဲလေ။ သီချင်းတွေပဲ ဖြစ်ဖြစ် Tutorial တွေပဲ ဖြစ်ဖြစ် Resolution ကောင်းကောင်းနဲ့ Download လုပ်ပြီး သိမ်းထား၊ လိုတဲ့အချိန် ပြန်ကြည့်လိုကြတာပဲလေ။ အဲ့ဒီအတွက် Free Downloader တွေကို ရှာလိုက်ရင် တော်တော်များများ အဆင်မပြေဖြစ်ကြရပါတယ်။လွယ်ကူ ရိုးရှင်းပြီး၊ လိုချင်တာကို ရအောင် လုပ်ပေးနိုင်တဲ့ Downloader ကို ရှာရင်း Getgo Download Manager ကို တွေ့ခဲ့ပါတယ်။ Youtube Download လုပ်ဖို့အတွက် အတော်ကို အဆင်ပြေတဲ့အတွက် TSJ စာဖတ်ပရိတ်သတ်ကြီးကို မျှဝေပေးပါတယ်။ သုံးကြည့်ပါ။ စိတ်ချမ်းသာမယ်လို့ အာမခံရဲပါတယ်။



5mb ကျော်ကျော်ပဲ ရှိပေမဲ့ တော်တော် ကောင်းမွန်ပါတယ်။ Pause/Resume လုပ်လို့ရပါတယ်။ တချို့ Youtube Downloader တွေက Connection မကောင်းရင် Video တစ်ခုလုံးမရဘဲ ပျက်တိပျက်တောင်းတွေ၊ တပိုင်းတစတွေ ဖြစ်တာ ကြုံဘူးပါတယ်။ အခု Getgo ကတော့ အဲ့လို မဖြစ်ဘဲ အစအဆုံး သေချာ ရပါတယ်။ Youtube က အကောင်းဆုံး Quality Video တွေကို လိုချင်တယ်ဆိုရင်လဲ Configure လုပ်ပေးထားလို့ရပါတယ်။ Youtube ကလင့်ကို Copy Paste လုပ်ပြီး Download သာပြောလိုက်ပါ၊ တစ်ဆင့်ထဲနဲ့ သူ့ဘာသာသူ Download လုပ်ပေးသွားပါလိမ့်မယ်။ Queuing လုပ်ထားပြီး စိတ်ကြိုက် စီထားလို့ရပါတယ်။ Youtube သာမကပဲ ပုံမှန် Downloader တစ်ခုအနေနဲ့လဲ အသုံးပြုနိုင်ပါလိမ့်မယ်

No comments: