Showing posts with label Andriod Myanmar Font & Keyboard Apk. Show all posts
Showing posts with label Andriod Myanmar Font & Keyboard Apk. Show all posts
Tuesday, May 24, 2016
Wednesday, March 30, 2016
Bagan Kyeboard V.5.9 Active code ထည့်ပြီးသားပါ
Bagan Kyeboard V.5.9 code ထည့်ပြီးသားပါ
Credit သက်ဆိုင်သူ
အဆင်ပြေပါစေဗျာ
Post အမျိုးအစား
Andriod Myanmar Font & Keyboard Apk,
Android ဆိုင်ရာ
Sunday, August 16, 2015
Transformer Myanmar Smart Zawgyi Font ……… .ttf & ifont apk
ဖောင့် စတိုင် အသစ်လေးတစ်ခု ဝေမျှ ချင်ပါတယ် ဗျာ
စိတ်ဝင်စားမယ်လို့တော့ ထင်ပါတယ် Transformer font တဲ့
ဒီဖောင့်ကို ဖောင့်သွင်းရခက်ခဲတဲ့ Lenovo ဖုန်းတွေမှာပါ အလုပ်လုပ်အောင် ပြုလုပ်ပေးထားပါတယ်
.ttf ကိုတော့ ifont apk နဲ့ တွဲဖက် အသုံးပြုနိုင်ပါတယ်
Samsung တွေ အတွက်ကတော့ ifont apk ပြုလုပ်ပေးထားပါတယ်
Samsung ဖုန်းတွေမှာတော့ Official မြန်မာစာပါရင် မြန်မာလို Font style မပြောင်းပါဘူးးး
ဒီ Transformers myanmar smart zawgyi font ကိုတော့
MMUG မှ ကို Line Line က ပြုလုပ်ထားတာဖြစ်ပါတယ်
လိုအပ်သူများအောက်မှာ .ttf နဲ့ ifont apk ကို ရယူနိုင်ပါတယ်
Transformer Myanmar Smart Zawgyi Font .ttf ကို ရယူရန်
Transformer Myanmar Smart Zawgyi Font ifont apk ကို ရယူရန်
Special Thanks To Transformer Myanmar Smart Zawgyi Font Owner Ko Line Line
Aung Khaing (MMAS & MMUG)
http://www.myanmarmobileapp.com/
Post အမျိုးအစား
Andriod Myanmar Font & Keyboard Apk,
Computer Myanmar Font
Friday, August 7, 2015

Andriod ဆိုင်ရာ,
Computer Myanmar Font,
Computer ဆိုင်ရာ
Monday, August 3, 2015
UnicodeစာသားကိုZawgyiစာအဖြစ်ပြောင်းနိုင်တဲ့Apk
ဒီUnicoad
Zawgyi Converter apkသုံးပြီးUnicoadမြန်မာစာကိုZawgyiမြန်မာစာ
အဖြစ်ပြုလုပ်အသုံးပြုနည်းကိုသိနေတဲ့လူတွေ
အများကြီးပါ။ဒါပေမဲ့မသိသေးတဲ့လူတွေနဲ့တောင်းထားတဲ့လူအတွက်တင်ပေးလိုက်တာပါ။Unicoad
မြန်မာစာနဲ့ရေးထားတဲ့websiteကစာတွေနဲ့ Google Translateမှာ Englishစာပဲဖြစ်ဖြစ် Thaiစာပဲဖြစ်ဖြစ်ဘာသာပြန်လို့ရလာတဲ့စာတွေ ကတော့Unicode မြန်မာစာဖြစ်တာကြောင့် Zawgyi fontသွင်းထားတဲ့ ဖုန်းတွေမှာစာသားကို အမှန်မြင်ရမှာ မဟုတ်ပါဘူး။ဒီစာသားတွေကိုZawgyi မြန်မာစာ အမှန်အဖြစ်မြင်ချင်ရင်တော့Unicode to Zawgyi Converter apkကိုသုံးလို့ရပါတယ်။ UnicodeစာသားကိုZawgyiစာအဖြစ်ပြောင်းနိုင်ပါ တယ်။အသုံးပြုနည်းကိုပုံတွေနဲ့ရှင်းပြထားပါတယ်။
အောက်မှာApkကိုဒေါင်းနိုင်ပါတယ်။
Unicode Zawgyi Converter apk

>>> DOWNLOAD <<<
>>> ဒေါင်းလော့လုပ်နည်းကြည့်ရန် <<<
Post အမျိုးအစား
Andriod Myanmar Font & Keyboard Apk,
Andriod ဆိုင်ရာ
Zawgyi & Unicode Fontchanger Apk
ဇော်ဂျီရောယူနီကုတ်ဖောင့်နဲ့ကီးဘုတ်ကိုထည့်သွင်းအသုံးပြုနိုင်မယ့် - Zawgyi & Unicode Fontchanger Apk
ဇ်ာဂျီရောယူနီကုတ်ဖောင့်နဲ့ကီးဘုတ်ကိုထည့်သွင်းအသုံးပြုနိုင်မယ့် - Zawgyi & Unicode Fontchanger Apk
Zawgyi & Unicode Fontchanger Apk
မင်္ဂလာပါ
ကျနော့်ဆီမှာ အများဆုံးတောင်းဆိုထားကြတဲ့
Zawgyi & Unicode Font Apk လေးပါ
ကျနော်ကိုယ်တိုင်း ရေးဆွဲထားလည်းမဟုတ်သလို
ပိုစ့်ကိုလည်း ပထမဆုံး တင်ပေးသူမဟုတ်ရပါခင်ဗျား...
အစ်ကိုပြည့်ဖြိုး (MMiTD) ရဲ့ နည်းပညာ ဆိုက်မှာ
တွေ့လာလို့ အားလုံးအတွက် အဆင်ပြေသွားအောင်
ကျနော် ယူလာရခြင်းဖြစ်ပါတယ်။
ကျနော်ဒီပိုစ့်လေးကို တင်ပေးနေချင်ခဲ့တာ
ကြာပါပြီ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့်
မတင်ပေးအားတာပါ၊ အထူးသဖြင့် နည်းပညာ ညီအကိုများ
တင်ပေးထားကြတာကို တွေ့နေရတော့ အားလုံးသိလောက်ပြီ
ရကြလောက်ပြီလို့ ထင်နေတာကြောင့်လည်း မတင်ပေးဖြစ်တာပါ။
ကဲဗျာ ဒီ Apk လေးကို အထူးအလိုရှိနေတဲ့ ဘော်ဒါတွေ
ကျနော့်ဆီမှာ တကူးတကလာတောင်းဆိုထားကြတဲ့ FB မှ
ချစ်ပရိတ်သတ်ကြီးနဲ့ ညီအကိုများအတွက် ကျနော် တစ်ဆင့်
ပြန်လည်မျှဝေလိုက်ပါတယ်ခင်ဗျာ...
ပြီးတော့ ဒီ Apk လေးကို မူရင်းတင်ပေးထားသူ
ကျနော်တို့ရဲ့ နည်းပညာ ညီအကို ဖြစ်တဲ့ ပြည့်ဖြိုး(MMiTD) ရဲ့
ဒီဆော့ဝဲလေးနဲ့ ပတ်သက်လို့ မိတ်ဆက်ထားတာလေးကို
အသေအချာဖတ်ကြည့်ပြီး အောက်ကလင့်များမှာ အဆင်ပြေသလို
ဒေါင်းယူအသုံးပြု နိုင်ကြပါပြီ။
================
အခုခေတ်က Unicode ကိုတွင်ကျယ်အောင်လုပ်နေကြတယ်ဆိုတော့
Unicode ကိုဖုန်းထဲမှာအသုံးပြုချင်သူ များအတွက်
Zawgyi & Unicode Fontchanger Apk လေးတစ်ခုတင်ပေးလိုက်ပါတယ်ဗျာ။
Zawgyi ရော Unicode ပါနှစ်မျိုးလုံး မိမိကြိုက်တဲ့ Font ကို
Change ပေးမှာဖြစ်ပါတယ်ဗျာ။
မြန်မာ ဖောင့် changer ပါ smart/zawgyi one နဲ့ padauk/mm3 ကို
version အလိုက် ထည့်ထားပါတယ်။
Zawgyi ကိုပဲအသုံးပြုချင် သူများအတွက်လည်း Zawgyi One နှင့်
Smart Zawgyi ဆိုပြီးရွေးချယ်နိုင်သလို Zawgyi အတွက်
Frozen Keyboard ကိုပါတစ်ခါထဲ Install လုပ်ပေးသွားမှာဖြစ်ပါတယ်ဗျာ။
Unicode အသုံးပြုချင်တယ်ဆိုရင်လည်း Myanmar3 နှင့် Padauk
ဆိုပြီးရွေးချယ်နိုင်သလို Burma Uni Keyboard ကိုပါတစ်ခါထဲ
Install လုပ်ပေး သွားမှာဖြစ်ပါတယ်ဗျာ။
ကဲဗျာဘယ်လောက်တောင်အဆင်ပြေလိုက်လည်းဗျာ။
Android OS 1.5 မှ 2.3 အထိ ၊
Android OS 4.0 မှ 4.2 အထိ နှင့် Android OS 4.3 နှင့်အထက်
ဆိုပြီး Android OS Version အလိုက်ရွေးချယ်
Install လုပ်ပေးရမှာဖြစ်ပါတယ်ဗျာ။
>>> DOWNLOAD <<<
Post အမျိုးအစား
Andriod Myanmar Font & Keyboard Apk,
Andriod ဆိုင်ရာ
Wednesday, July 29, 2015
ZawgyiOne 2015(iFont) မြန်မာ ကရင် မွန် ရခိုင် ရှမ်း Fonts
ZawgyiOne 2015(iFont)
မြန်မာ ကရင် မွန် ရခိုင် ရှမ်း Fonts
Samsung ဖုန်းများအတွက်install ပြီး FontStyle မှာ ပြောင်းသုံးနိုင်ပါတယ်။
အခြားAndroidဖုန်းများအတွက်ifont apk အသုံးပြု၍
Fontချိန်းနိုင်ပါတယ်။
Zawgyi one 2015 (ifont)ကို---
Exodus 2(AungThura)(iFont)ကို---
iFont apk ကို---
Samsungဖုန်းများအတွက် Custom Recovery (cwm or twrp ) မှာinstall လုပ်၍သုံးနိုင်သော
်Clash Of Clanမှာ မြန်မာစာ ရေးလို့ရသော
Lollipop Support Zawgyi font Zip
မြန်မာ ကရင် မွန် ရခိုင် ရှမ်း စာသုံးလို့ရပါတယ်။
စာထပ် စာလုံးကပ်နေပါက
system / csc ထဲက feature.xml ကိုဖျက်ပေးပါ ။။
အောက်မှာAndroid Version အလိုက်ကြည့်ယူပါ ..
FinalSolution zip For Android 4.3 ကို---
FinalSolution Beta zip For Android 4.4.2 / 5.0ကို---
Credit:Font Owner Ko Aung Thura (MMUG)
Credit:Aung Khaing (MMAS)
The Best Mobile Knowledge Sharing Website in Myanmar
Post အမျိုးအစား
Andriod Myanmar Font & Keyboard Apk,
Android ဆိုင်ရာ
Thursday, July 9, 2015
MM AIO FONT CHANGER PRO - BETA 2
Beta Version -
Android 4.1.x to 4.2.x ကို ၁၀၀ % မြန်မာစာမှန်အောင် ပြုလုပ်ပေးပါသည်။
Android 4.3.x to 4.4.x Samsung ဖုန်းများကို ဖုန်းတစ်ခုလုံးမြန်မာလိုမှန်အောင်ပြုလုပ်ပေးပါသည်။
Android 4.3.x to 4.4.x Huawei ဖုန်းများကို -ျ ကပ်ခြင်း ပြသာနာဖြေရှင်းပေးပါသည်။
Android 4.3.x to 4.4.x Sony၊ HTC ဖုန်းများကို မြန်မာစာ ၈၀% မှန်အောင်သွင်းပေးပါသည်။
MTK , SPD , Clone များကိုလဲ 90% မပျက်အောင်ထည့်သွင်းပေးပါသည်။
Internet ရှိရှံဖြင့် လက်ရှိမြန်မာဖောင့်အလှများကို အလွယ်တကူ Download ဆွဲပြီးသွင်းပေးသည့် Function ထည့်သွင်းပေးထားပါသည်။
App ထဲ ၀င်လိုက်ရုံဖြင့် မိမိဖုန်းရဲ့ အချက်အလက်များကို မြင်တွေ့ရမည်။
- Beta 2 Version - Adding New Feature
- Xiaomi များမြန်မာစာသွင်းရာတွင် အရင်ထက် ပိုမိုကောင်းမွန်ခြင်း
- Samsung 4.1 , 4.2 များ ဖောင့်သွင်းလို့မရခြင်းကိုပြုပြင်ပေးထားသည်။
- UI Font ကို ဖုန်းတိုင်းနှင့်သင့်တော်အောင်ပြန်လည်ပြင်ဆင်ပေးထားသည်။
- Online ဖောင့်အလှများ သွင်းပြီးပါက နဂိုအတိုင်းပြန်လည် Restore လုပ်နိုင်မည့် Function အသစ်ထည့်သွင်းပေးထားသည်။
Server ပြောင်းထားပါသဖြင့် Beta 1 တွင် Font အလှများ ထည့်သွင်းလို့ရမှာမဟုတ်ပါဘူး
Beta 2 မှသာထည့်သွင်းလို့ရမည်။

Play Store ဒေါင်းရန် =https://play.google.com/store/apps/details?id=mmsd.phyochan.mmaiofontchangerv2
Play Store အဆင်မပြေသူများ အောက်လင့်မှာ ဒေါင်းယူပါ
Download MM Aio Font Changer Pro-Beta 2
Post အမျိုးအစား
Andriod Myanmar Font & Keyboard Apk,
Andriod ဆိုင်ရာ
Swiftkey Keyboard V5.0.5.95
SwiftKey Keyboard သည် Google Play countries 58 နိုင်ငံထဲမှာ အရောင်းရဆုံး Application ထဲတွင် တစ်ခုအပါအဝင်ဖြစ်တယ်။ လူဦးရေပေါင်း ၂ သိန်းကျော်က 5 stars ပေးချင်းကိုလဲခံထားရပါတယ်။ နိုင်ငံပေါင်း 61 နိုင်ငံအတွက် လက်ကွက်တွေလဲပါရှိပြီး ရိုက်နှိပ်လို့လဲရပါတယ်။ Swiftkey သည် Cloud နှင့်ချိတ်ဆက်ပြီး မိမိဖုန်းထဲမှ Data များကိုလဲ Backup ပြုလုပ်လို့ရသည့်အပြင် Voice ဖြင့် မိမိပြောသော English အက္ခရာများကိုလဲ Keyboard မှ ရိုက်နှိပ်ပေးပါတယ်။ SwiftKey ၏ အားသာချက်မှာ Keyboard ကို ချုံခြင်းချဲ့ခြင်းများပြုလုပ်လ
များအပြင် နောက်ထပ်လည်း ဝယ်ယူလို့ ရနိုင်ပါသေးတယ်
ဆောင်ထားသင့်သည့် Application ဖြစ်တဲ့အတွက် ဒေါင်းထားလိုက်ဖို့မမေ့နဲ့နော် … ကျေးဇူးတင်လျှက် …
မိတ်ဆက်စာကို Arkar Fb မှာ ကူယူထားပြီး application ကိုတော့ google မှာ ဒေါင်းယူထားတာဖြစ်ပါ
တယ်.အားလုံးအဆင်ပြေကြပါစေဗျာ.
Post အမျိုးအစား
Andriod Myanmar Font & Keyboard Apk,
Android ဆိုင်ရာ
Monday, June 22, 2015
Android Version 4.3 အထိ Root လုပ်စရာမလိုဘဲ ထည့်သွင်းနိုင်တဲ့ Zawgyi မြန်မာဖောင့်

ဇော်ဂျီဖောင့်ဟာ Android Version 4.2.2 ကနေစပြီး သုံးလို့မရတော့ပါဘူး ... Root ဖောက်ပြီးမှသာအသုံးပြုနိုင်ကြတယ်။ Root ဖောက်ပြီးသုံးတာတောင် Font ပုံစံ,ဒီဇိုင်းတွပြောင်းလဲလို့မရပါဘူး။ အခုပြသာနာကို ဒီဖောင့်လေးများကဖြေရှင်းပေး နိုင်ပါတယ်။ ကြိုက်နှစ်သက်ရာ Font ကိုထည့်သွင်းအသုံးပြုနိုင်ပါတယ်။ Samsung ဖုန်း တွေအတွက်အဓိကထားလုပ်ဆောင်ထားတာဖြစ်ပါတယ်။ တစ်ခြားဖုန်းတွေ ကိုတော့စမ်းသပ်ခြင်းမပြုလုပ်ရသေးပါဘူး။ ကျွန်တော်စမ်းသပ်ထားတာတော့ Version 4.3 အထိဖြစ်ပါတယ်။ Credit : Thet Paing
OR
Post အမျိုးအစား
Andriod Myanmar Font & Keyboard Apk,
Android ဆိုင်ရာ
Monday, June 8, 2015
Android ဖုန်းများ မြန်မာယူနီကုဒ်ထည့်သွင်းနည်း (How To Install Myanmar Unicode In Android)
#Unicode
HUAWEI, HTC, Oppo, LG, Lenovo, imobile, ZTE, Sony, Acer, နှင့် Samsung မဟုတ်သောအခြား Android ဖုန်းဗားရှင်း 4.2.2 မှ 5.0.1 အထိဖုန်းများကိုမြန်မာယူနီကုဒ်ဖောင့်ထည့်သွင်းနည်းလေးပါ။MmUni Font Installer v.1.1.apk လေးအသုံးပြုပြီးထည့်သွင်းမှာပါ။
ယခုဗားရှင်းသည် ဖုန်းအားလုံးနှင့် Error အနည်းဆုံး အဆင်ပြေဆုံး ဖြစ်အောင်ပြုပြင် မွမ်းမံထားပါသည်။ ဤဖောင့်ချိန်းသည် မြန်မာနိုင်ငံ၏မိခင်ဗမာစာ သာမက အခြားတိုင်းရင်းသား ပအိုဝ်း၊ သျှမ်း၊ စကောကရင်၊ ပိုးကရင်၊ ကယား၊ ပလောင်၊ ကချင်၊ မွန်စာပေ အားလုံးပါဝင်ပါသည်။
အသုံးပြုလိုပါက အောက်မှာပုံလေးတွေနဲ့ရှင်းပြထားပါတယ်။
မြန်မာယူနီကုဒ်ဖောင့်ထည့်သွင်းဖို့ လိုအပ်တာတွေကတော့
Root
MmUni Font Installer
Root Expolorer
BusyBox
Myanmar Unicode Keyboard
ဒါတွေပါပဲ
အရင်ဆုံး MmUni Font Installer ကိုအသုံးပြုရန်သင့် Android ဖုန်းကို Root ဖောက်ထားရန်လိုအပ်ပါသည်။
အဆုံးထိကြည့်ပြီးဖတ်ပေးပါ။သင့်ဖုန်းကို မြန်မာစာယူနီကုဒ်ရေးနိုင် ဖတ်နိုင်စေရမည်။
ဘာလို့လဲဆိုတော့ ဖုန်းတွေကတစ်လုံးနဲ့တစ်လုံးမတူတဲ့အတွက် တချို့ဖုန်းမှာဘာမှမလိုပဲ Root ဖောက်ပြီးတာနဲ့ MmUni Font Installer သွင်းလိုက်ရုံပါပဲ။မြန်မာစာယူနီကုဒ်ရေးနိုင်ဖတ်နိုင်ပါပြီ။
ဒါပေမယ့်တချို့ဖုန်းတွေကလက်ရှိမှာ ဇော်ဂျီဖောင့်ထည့်သွင်းအသုံးပြုနေရင်တော့ Root Expolorer ကိုအသုံးပြုပြီးလက်ရှိဇော်ဂျီဖောင့်ကို ဖျက်ထုတ်ပစ်ရမှာ။မိမိဖုန်းမှာ ဘာဖောင့်မှ မသွင်းရသေးရင်တော့ ဒီအဆင့်ကိုကျော်ပြီးကြည့်သွားပေးပါ။နောက်ပြီးနောက်တစ်ခုကတချို့ဖုန်းတွေမှာ BusyBox လိုအပ်ပါတယ်။မိမိဖုန်းကို Root ဖောက်ပြီး MmUni Font Installer သွင်းလိုက်တဲ့အချိန်းမှာ BusyBox လိုအပ်ကြောင်းပြောရင် BusyBox သွင်းပေးရပါမည်။ဒါကြောင့် လိုအပ်မယ်ထင်တဲ့အရာတွေ Apk တွေကို အကုန်ပေးထား ရှင်းပြထားတဲ့အတွက် မိမိဖုန်းမလိုအပ်သည်များကို ကျော်သွားနိုင်ပါတယ်။
အကုန်ကြည့်ပေးပါနော်
အားလုံးအဆင်ပြေနိုင်ကြပါစေ
ခွန်ထက်နိုင်
ကဲ...အရင်ဆုံး Root ဖောက်ရပါမယ် Root မရှိရင်အောက်ကအဆင့်တွေကို လုပ်လို့ရမည့်မဟုတ်ပါ။ကျွန်တော်အမြဲတမ်းသုံးတဲ့အကောင်းဆုံး Root ဖုန်းတော်တော်များများ Root ဖောက်ပေးနိုင်တဲ့ Root Apk သုံးခုပါတင်ပေးထားပါတယ်။ယူပြီးဖောက်ကြည့်လိုက်ပါ။Root ဖောက်ပြီးသားသူတွေကတော့ ကျော်သွားလိုက်ပါ။
Baidu Root v2.6.5.Apk
Iroot v2.1.0.Apk
Kingroot 3.5.0.Apk
စမ်းကြည့်ကြပေါ့နော် မရရင်တော့ မိမိဖုန်းနာမည်အလိုက် Root ဖောက်နည်းကို Google မှာအလွယ်တကူရှာနိုင်ပါတယ်။
ပြီးတော့မိမိတို့ဖုန်းမှာ လက်ရှိဇော်ဂျီဖောင့်သုံးနေရင်လည်း ခုပြောမယ့်အဆင့်ကို လုပ်ရပါမယ်။တကယ်လို့ဖုန်းက ဘာဖောင့်မှမသွင်းရသေးရင်တော့
ခုပြောမယ့်အဆင့်ကိုလည်း ကျော်သွားနိုင်ပါတယ်။
မိမိတို့ဖုန်းမှာ လက်ရှိဇော်ဂျီဖောင့်သုံးနေရင် ဖျက်ထုတ်ရပါမယ်။မဖျက်ရင် ယူနီကုဒ်ဖောင့်တွေနဲ့ အဆင်မပြေမှာစိုးလို့ပါ။ဖြတ်ထုတ်ရင်လည်းမခက်ပါဘူး လွယ်လွယ်လေးပါ။ Root တော့ဖောက်ထားရမယ်နော်။ဇော်ဂျီဖောင့်တွေကို ဖျက်ထုတ်ဖို့ Root Expolorer Apk လေးကိုအသုံးပြုရမှာပါ။အောက်ကပေးထားတဲ့လင့်ကနေအလွယ်တကူဒေါင်းယူနိုင်ပါတယ်။
Root Expolorer v3.2.Apk
ဒေါင်းပြီးရင် Install လုပ်လိုက်ပါ။ပြီးရင်ဖွင့်လိုက်ပါ။အောက်ကပုံအတိုင်းနှိပ်လိုက်ပါ။
Root Permission တောင်းပါလိမ့်မယ်။လက်ခံလိုက်ပါ။
အောက်ကပုံအတိုင်း R/O ပြောင်းနေရင်ရပါပြီ။
ပြီးရင်အောက်ဘက်ကို ဆင်းသွားလိုက်ပါ။ System ဆိုတဲ့ဖိုဒါလေးကို ရှာလိုက်ပါ။အောက်ကပုံအတိုင်းတွေ့ရင်ဖွင့်လိုက်ပါ။
ပြီးရင် Fonts ဆိုတဲ့ဖိုဒါကိုရှာပါ။အောက်ကပုံအတိုင်းတွေ့ရင် ဖွင့်လိုက်ပါ။
ပြီးရင် ဇော်ဂျီဖောင့် ttf ကိုရှာပြီးဖျက်ရမှာပါ။ဒီနေရာမှာ ကိုယ်သုံးထားတဲ့ဖောင့်ချိန်းဂျားပေါ်မူတည်ပြီး ဖုန်းတစ်လုံးနဲ့တစ်လုံးဖျက်ရမယ့် ဇော်ဂျီဖောင့်တွေရဲ့နာမည်တွေမတူပါဘူး။အောက်ကပုံက ကျွန်တော်ဖုန်းမှာက MMSD Smart Zawgyi ဖောင့်ချိန်းဂျားကိုသုံးထားတာပါ။ဒါကြောင့် ဖျက်ရမယ့်ဖောင့် ttf က mmsdsmart.ttf ပါ။တခြားဖုန်းတွေမှာလည်း ဖောင့်နာမည်တွေမတူပေမယ့် ဇော်ဂျီဖောင့်ချိန်းဂျားတွေဖြစ်တဲ့အတွက် ဖျက်ရမယ့်ဖောင့်နာမည်တွေက
smartpro.ttf
zawgyi.ttf
smartzawgyi.ttf
mmsdsmart.ttf
zawgyione.ttf
တစ်ခုမဟုတ်တစ်ခုပါပဲ ရှာကြည့်ပါ။အပေါ်ကပြောတဲ့နာမည်တွေ တစ်ခုမဟုတ်တစ်ခုတွေ့ပါလိမ့်မယ်။
အပေါ်ကပြောခဲ့သလိုမတွေ့ခဲ့ရင်လည်း zawgyi ဆိုတဲ့နာမည်ပါတဲ့ ဖောင့် ttf ကိုဖျက်ရပါမယ်။မတွေ့ခဲ့ မရခဲ့
အဆင်မပြေရင် Facebook မှာကျွန်တော်ကိုလာမေးနိုင်ပါတယ်။
ကျွန်တော် Facebook က Khun Htetz Naing ပါ။ဒီကနေလည်းသွားရောက်နိုင်ပါတယ်။
တွေ့ရင်အောက်ကပုံအတိုင်း ဘေးကကွက်လပ်မှာ အမှန်ခြစ်ပေးပြီး အမှိုက်ပုံးပုံစံလေးကိုနှိပ်လိုက်ပါ။
ပြီးရင် အောက်ကပုံအတိုင်း Yes ပေးလိုက်ပါ။
ဒါဆိုရင်Ok ပါပြီ။အဲ့ကနေထွက်လို့ရပြီ။
MmUni Font Installer ကိုဒေါင်းလိုက်ပါ။အောက်မှာလင့်ပေးထားပါတယ်။
MmUni Font Installer <<>>Play Store ကနေဒေါင်းရန်
အဆင်ပြေမယ်ဆိုရင် Play Store ကနေပဲ ဒေါင်းယူပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။
Play Store အဆင်မပြေသူများကတော့ အောက်ကလင့်နေဒေါင်းယူကြပါ။
MmUni Font Installer <<>>Pcloud ကနေဒေါင်းရန်
ကဲ ဒေါင်းပြီးရင် Install လုပ်လိုက်ပါ။
MmUni Font Installer ကိုဖွင့်ပါ။
Check Root ကိုနှိပ်ပါ။
အောက်ကပုံလေးအတိုင်း Message တက်လာရင် Ok ပေးလိုက်ပါ။
ဒီနေရာမှာ တချို့ဖုန်းတွေက BusyBox လိုအပ်ရင် လိုအပ်ကြောင်း Message တက်လာပါမယ်။
အောက်ကပုံလိုတက်လာရင်တော့ ဆက်လုပ်သွားပါ။BusyBox လိုအပ်ရင်တော့ သွင်းပေးရမှာပါ။
ဟိုအောက်ဆုံးကို ဆင်းကြည့်လိုက်ပါ။BusyBox Apk နဲ့ သွင်းနည်း ပြပေးထားပါတယ်။မလိုအပ်ရင်ဆက်လုပ်သွားပါ။

ပြီးရင် Install MmUni Font ဆိုတဲ့စာတန်းကိုနှိပ်ပါ။
Root Permission တောင်းပါလိမ့်မည်။ လက်ခံပေးလိုက်ပါ။
အောက်ကပုံလေးအတိုင်း Message တက်လာရင် OK ကိုနှိပ်လိုက်ပါ။
ဖုန်းကအော်တို Reboot ကျသွားပါလိမ့်မယ်။သူဟာသူ အော်တိုပိတ်သွားမှာပါ။ပိတ်ပြီးဖုန်းပြန်ဖွင့်လာရင်
မြန်မာယူနီကုဒ်ဖောင့်လန်းနိုင်ပါပြီ။
အချို့ Android ဖုန်းသည် BusyBox လိုအပ်ပါသည်။ မလိုအပ်သောဖုန်းများကထည့်စရာမလိုပါ။ BusyBox ကိုလိုအပ်ပါက ဖောင့်ချိန်းသည့်အခါ လိုအပ်ကြောင်းပြောပါလိမ့်မည်။
လိုအပ်ရင် BusyBox ကိုပေးထားသောလင့်ကနေသွားရောက်ဒေါင်းယူပါ။
BusyBox <<>> Play Store ကနေဒေါင်းရန်
BusyBox <<>> Pcloud ကနေဒေါင်းရန်
ဒေါင်းပြီင်္းရင် BusyBox ကို Install လုပ်ပါ.ပြီးရင်ဖွင့်ပါ။
Root Permission တောင်းပါလိမ့်မည်။ လက်ခံပေးလိုက်ပါ။
Message တက်လာရင် အောက်ကပုံလိုနှိပ်လိုက်ပါ။
ပြီးရင် Install ခလုတ်ကိုနှိပ်ပါ။
အောက်ကပုံလို Message တက်လာရင် OK ပါပြီ။ပြထားတဲ့နေရာကိုပဲ နှိပ်လိုက်ပါ။
ပြီးရင် အပေါ်က MmUni Font Installer ကိုပြန်သွင်းနိုင်ပါပြီ။
စာရိုက်ဖို့အတွက် မြန်မာယူနီကုဒ်ကီးဘုတ်ကိုတော့
MUA Keyboard-ဗေကီးဘုတ်
PaOh Language Keyboard
M3 Keyboard(Myanmar)
Play Store မှာ မိမိကြိုက်နှစ်သက်ရာ ဒေါင်းယူပြီးရေးသားနိုင်ပါပြီ။
ပေးထားသောလင့်များကနေလည်းသွားရောက်ဒေါင်းယူနိုင်ပါတယ်။
MUA Keyboard-ဗေကီးဘုတ် >>> Play Store ကနေဒေါင်းရန်
Play Store အဆင်မပြေသူတွေ အောက်ကလင့်ကနေဒေါင်းပါ
MUA Keyboard-ဗေကီးဘုတ်>>> Pcloud ကနေဒေါင်းရန်
PaOh Language Keyboard ကတော့ Anysoft Keyboard နဲ့တွဲသုံးရမှာပါ။တွဲမသုံးရင်မပေါ်ပါဘူး။
Anysoft Keyboard >>> Play Store ကနေဒေါင်းရန်
PaOh Language Keyboard >>> Play Store ကနေဒေါင်းရန်
Play Store အဆင်မပြေသူတွေ အောက်ကလင့်ကနေဒေါင်းပါ
Anysoft Keyboard >>> Pcloud ကနေဒေါင်းရန်
PaOh Language Keyboard >>> Pcloud ကနေဒေါင်းရန်
M3 Keyboard(Myanmar) Play Store ကနေဒေါင်းရန်
Play Store အဆင်မပြေသူများ အောက်ကလင့်ကနေဒေါင်းပါ
M3 Keyboard(Myanmar) >>> Pcloud ကနေဒေါင်းရန်
ကီးဘုတ်သွင်းပြီး Setting>Language & Input> မှာ ကိုယ်သွင်းတဲ့ကီးဘုတ်အမှန်ခြစ်ပေးပြီး သွားရွေးလိုက်ပါ။ပြီးရင် Default နေရာမှာလည်းကိုသုံးမယ့်ကီးဘုတ်ကိုရွေးပေးလိုက်ပါ။
မလုပ်တတ်တဲ့သူတွေအောက်မှာပုံဆက်ကြည့်ပါ။ကျွန်တော် PaOh Language Keyboard ကိုလုပ်ပြထားပါတယ်။AnySoft Keyboard နဲ့ PaOh Language Keyboard နှစ်ခုစလုံး Install လုပ်လိုက်ပါ။
မိမိဖုန်းရဲ့ Setting ထဲကိုဝင်ပါ

Language & Input ထဲကိုဝင်ပါ
ကဲပြီးပါပြီ
မြန်မာစာရေးနိုင်ဖတ်နိုင်ပါပြီ။
မြန်မာစာယူနီကုဒ်စာရိုက်စနစ်သည် ဇော်ဂျီနဲ့မတူပါ။
ဥပမာ မြို့ လို့စာရိုက်လိုလျှင် ဇော်ဂျီမှာက
ြ ၊ မ ၊ိ၊ု ၊့  ၊ = မြို့ဟုရိုက်သည်။ ယူနီကုဒ်မှာက
မ ၊ြ ၊ိ၊ု ၊့  ၊ = မြို့ဟုရိုက်ရသည်။
မင်္ဂလာပါ = မ + င +် + လ +ာ +ပ+ါ
နေကောင်းလား= န+ေ+က + ေ + ာ +လ+ ာ + း
ကြောင်း = က +ြ +ေ +ာ + င် +း
မြှင့် = မ+ြ +ှ+င+်+
ယခုဖောင့်ချိန်းနဲ့ပတ်သက်ပြီး လွတ်လပ်စွာမေးမြန်း အကြံပြုနိုင်ပါတယ်။

Khon Soe Zaw Thu
Khun Htetz Naing
သို့လာရောက်မေမြန်း အကြံပြုနိုင်ပါတယ်။
မြန်မာယူနီကုဒ်အသုံးပြုထားသော ဂရုများသို့ မိမိသိလိုသောအကြောင်းအရာများကို လာရောက်မေးမြန်းနိုင်ပါတယ်။
သိသမျှကိုလည်း ပြန်လည်မျှဝေနိုင်ပါတယ်။
MUA (Myanmar Unicode Area) >>>
MPUA (Myanmar PaOh Unicode Area) >>>
အားလုံးအဆင်ပြေပျော်ရွင်နိုင်ကြပါစေ
(ခွန်ထက်နိုင် (ပအိုဝ် IT လူငယ်များ)
Khun Htetz Naing
သို့လာရောက်မေမြန်း အကြံပြုနိုင်ပါတယ်။
မြန်မာယူနီကုဒ်အသုံးပြုထားသော ဂရုများသို့ မိမိသိလိုသောအကြောင်းအရာများကို လာရောက်မေးမြန်းနိုင်ပါတယ်။
သိသမျှကိုလည်း ပြန်လည်မျှဝေနိုင်ပါတယ်။
MUA (Myanmar Unicode Area) >>>
MPUA (Myanmar PaOh Unicode Area) >>>
အားလုံးအဆင်ပြေပျော်ရွင်နိုင်ကြပါစေ
(ခွန်ထက်နိုင် (ပအိုဝ် IT လူငယ်များ)
Post အမျိုးအစား
Andriod Myanmar Font & Keyboard Apk,
Android ဆိုင်ရာ
Subscribe to:
Posts (Atom)