Showing posts with label Computer Window တင်နည်း. Show all posts
Showing posts with label Computer Window တင်နည်း. Show all posts
Wednesday, August 5, 2015
Window Xp တင်နည်း
Post အမျိုးအစား
Computer Window တင်နည်း,
Ebook ဆိုင်ရာ
Sunday, August 2, 2015
Windows 8 တင်နည်းနှင့် partition ခွဲနည်း
windows တင်ဖို့အတွက် ဘာတွေလိုတယ်ဆိုတာတော့ အသေးစိတ်မပြောတော့ပါဘူး။ အားလုံးသိပြီးသား ဖြစ်မှာပါ..။windows 8 DVD တချက် ဒါမှမဟုတ် windows8 သွင်းထားတဲ့ USB တခုခု ရှိရင် ရပါပြီ..။ ကွန်ပျူတာကို CDROM ထဲကို windows 8 DVD ထည့်ပြီး Restart ချလိုက်ပါ..။(usb နဲ့ဆိုရင်လည်း အတူတူပါပဲ)
ပြီရင် Boot ရွေးဖို့အတွက် ကီးတခုကို နှိပ်ထားပါ..။ကွန်ပျူတာ အမျိုးအစားအလိုက် ကီးကကွဲပြားပါတယ်..။hp မှာဆိုရင်တော့ F9 ၊Acer မှာတော့ F12 ၊အခြားအမျိုးအစားလိုက် ကွဲပြားပါတယ်..။ အောက်မှာ ဓါတ်ပုံတွေနဲ့ အသေးစိတ် တင်ပြထားပါတယ်..။
အခုလို boot option menu ပေါ်လာပြီဆိုရင် CD/DVD ROM Drive ကိုရွေးပေးလိုက်ပါ..။
ကြိုက်တဲ့ ကီးတခုကို တချက်နှိပ်ပေးလိုက်ပါ..ကျနော်ကတော့ enter ကိုနှိပ်ပါတယ်..။
ဒီလိုပေါ်လာရင် ခဏစောင့်နေလိုက်ပါ..။
windows8 ကို install လုပ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ..။
language မှာ english ကို ရွေးပြီး Next ကို click လိုက်ပါ..။
install now ကို click လိုက်ပါ..။
accept the license terms မှာ အမှန်ခြစ်ပေးပြီး Next ကို click လိုက်ပါ..။
Custom ကိုရွေးပေးလိုက်ပါ...။
ဒါက partition ခွဲဖို့ drive ကို fomat ချဖို့ အဆင့်ပါ..။drive option ကို ရွေးပြီး Next ကို click ပါ..။
partition ခွဲမယ်ဆိုရင် New ကို ရွေးပြီး Next ကို click ပါ..။
size မှာ ကိုလိုချင်သလောက်ကို ထည့်ပြီး Apply ရွေးပြီး Next ကို click ပါ..။
ok ပဲ လုပ်လိုက်ပါ..။
partition ခွဲထားတာ မြင်ရပါပြီ..။ ကိုယ် install လုပ်ချင်တဲ့ အပိုင်းကို ရွေးပြီး Next ကို click ပါ..။
အခုဆိုရင် windows8 ကို စတင် install လုပ်နေပါပြီ..။အနည်းငယ် ကြာပါတယ်..။
စောင့်နေယုံပါပဲ..။
windows8 ကို installလုပ်တဲ့ အဆင့် ပြီးသွားပါပြီ..။
ကိုယ်ကြိုက်တဲ့ နောက်ခံအရောင်နဲ့ PC name ကို ထည့်ပြီး Next ကို click ပါ..။
customize ကိုရွေးပေးလိုက်ပါ..။
ကျနော်ကတော့ No.don't turn ကိုရွေးပါတယ်..။
Next ပဲလုပ်ပေးလိုက်ပါ..။
ဒီအဆင့်မှာလည်း Nextကိုပဲ ပေးလိုက်ပါ..။နောက်မှ setting တွေပြင်လို့ဖြစ်ပါတယ်..။
Next ပဲလုပ်ပေးလိုက်ပါ..။
ကိုယ့်ရဲ့ email. လိပ်စာထည့်ပြီး Next ပဲလုပ်ပေးလိုက်ပါ..။
ကိုယ့်ရဲ့ email.နဲ့ password ကိုထည့်ပေးလိုက်ပါ..။
နိုင်ငံ ရွေးပြီး ဖုန်းနံပါတ်ထည့်ရပါမယ်.ပြီးရင် email. ကိုထည့်ပြီ Next ကို click ပါ.။
windows 8 finalizing ဖြစ်ကြောင်းပြတာပါ..။
windows8 ကို မိတ်ဆက်ပြနေတာပါ..။
windows 8 မှာ ပါဝင်တဲ့ apps ကို installing လုပ်နေတာမို့ ခဏစောင့်ရပါမယ်..။
အခုဆိုရင် windows 8 ထည့်သွင်းခြင်း အောင်မြင်ပြီးဆုံးသွားပါပြီ..။
windows 8 ကိုစတင်အသုံးပြုနိုင်ပါပြီ..။
ကိုချမ်းငြိမ်း
Post အမျိုးအစား
Computer Window တင်နည်း,
Computer ဆိုင်ရာ
Wednesday, July 8, 2015
Windows Vista, 7, 8 ကို ဆော့ဝဲမသုံးပဲ USB ကနေ တင်ရအောင်
သူငယ်ချင်းတို့ကို ဒီနေ့မျှဝေပေးမယ့် နည်းပညာကတော့ ဘယ်လို Windows အမျိုးအစားပဲဖြစ်ဖြစ်
USB ကနေ Install လုပ်နိုင်မယ့် နည်းပညာပဲ ဖြစ်ပါတယ် ..
ဒီနည်းလမ်းမှာ ဘာဆော့ဝဲမှ သုံးစရာမလိုပါဘူး .. ဒါပေမယ့် cmd လို့ခေါ်တဲ့ Command Prompt ကို
အသုံးပြုပြီး DOS Command တွေနဲ့ ၀င်းဒိုးကို ခိုင်းစေမှာဖြစ်တဲ့အတွက် စနစ်တကျလုပ်နိုင်ဖို့ပဲ
လိုအပ်ပါတယ် ..
နောက်ပြီး ဒီနည်းလမ်းမှာ ၀င်းဒိုးခွေကို ISO ခွေနဲ့လည်း အသုံးပြုနိုင်သလို ရိုးရိုး ၀င်းဒိုးခွေကို DVD drive ထဲထည့်ပြီးတော့လည်း အသုံးပြုနိုင်တာကြောင့် တော်တော်အသုံးဝင်တဲ့ နည်းလမ်းလေးလည်း ဖြစ်ပါတယ် ကဲ .. ပထဆုံး ကိုယ်လုပ်ချင်တဲ့ USB ကို စက်မှာ တပ်ထားလိုက်ပါ ..လိုအပ်တဲ့နေရာမှာ ပုံလေးတွေနဲ့ တိုက်ဆိုင်ပြီး လုပ်နိုင်အောင် အဆင့်တိုင်းနီးပါးအတွက် ပုံလေးတွေ ထည့်ပေးထားပါတယ် ..
ပုံတွေ သေးနေရင်ပဲဖြစ်ဖြစ် ၀ါးနေရင်ပဲဖြစ်ဖြစ် ပုံပေါ်ကို မောက်စ်လေး တင်ပေးလိုက်ပါ .. အဆင်ပြေသွားပါလိမ့်မယ် ..
ဝင်းဒိုးအမျိုးအစားကိုလိုက်ပြီး လိုအပ်တဲ့ USB အရွယ်အစားကတော့ 4G နဲ့အထက် ဖြစ်ရပါမယ် ..
(ကျွန်တော်ကတော့ ၀င်းဒိုးအားလုံးအတွက် 8G ပမာဏရှိတဲ့ USB တွေကိုပဲ သုံးပါတယ် )
USB ကို စက်မှာတပ်ပြီးပြီဆိုရင် Command Prompt ကို Administrator အဖြစ် ဖွင့်ရပါမယ် ..
အလွယ်ဆုံးကတော့ Run Box ထဲမှာ cmd.exe လို့ ရိုက်ထည့်ပြီး Ok နှိပ်ပေးလိုက် ..
Administrator Prompt တက်လာရင် Yes ကို နှိပ်ပေးလိုက် .. cmd ပွင့်လာလိမ့်မယ်
Windows 8 မှာတော့ မောက်စ်မြှားလေးကို Desktop Screen ရဲ့ ဘယ်ဖက် အောက်ဒေါင့်နားလေးကို
ရွှေ့သွားလိုက်ပါ Start ဆိုတာလေးပေါ်လာတဲ့အခါ Right Click နှိပ်လိုက်ပါ .. ပေါ်လာတဲ့ထဲက
command prompt (Admin) ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ .. Administrator prompt တက်လာတဲ့အခါ
Yes ကိုနှိပ်ပေးလိုက်ရင် cmd ပွင့်ပါပြီ
ကဲ .. သက်ဆိုင်ရာ Command Prompt ပွင့်လာပြီဆိုပါစို့
diskpart လို့ ရိုက်ထည့်ပြီး Enter ကီးကို နှိပ်ပေးလိုက်ပါ ..
ခဏလောက်စောင့်ပေးလိုက်ပြီးရင် DISKPART> ဆိုတာလေးတက်လာမယ် အဲဒီအခါ
list disk လို့ ရိုက်ထည့်ပြီး Enter ကီးကို နှိပ်ပေးလိုက်ပါ
အဲဒီအခါ အောက်မှာပြထားတဲ့အတိုင်း စက်ထဲမှာရှိတဲ့ Disk တွေရဲ့ စာရင်းကို ပြလာပါမယ်
များသေားအားဖြင့် ကျွန်တော်တို့ တပ်ထားတဲ့ USB ဟာ Disk 1 နေရာမှာ ရှိနေလေ့ရှိပါတယ်
ကိုယ်တပ်ထားတဲ့ USB ရဲ့ Size နဲ့ သူပြထားတဲ့ Size ကို သေချာတိုက်ဆိုင် စစ်ဆေးပါ ..
Disk 1 ဆိုတာသေချာသွားရင်
select disk 1 လို့ ရိုက်ထည့်ပြီး Enter ကီးကို နှိပ်ပေးလိုက်ပါ
DISKPART> ဆိုတာလေး ပြန်ကျလာပြီဆိုရင်
clean ကို ရိုက်ထည့်ပြီး Enter ကီးကို နှိပ်ပေးလိုက်ပါ
DISKPART> ဆိုတာ ပြန်ကျလာရင်
create partition primary ကို ရိုက်ထည့်ပြီး Enter ကီးကိုနှိပ်ပေးလိုက်ပါ
DISKPART> ဆိုတာ ပြန်ကျလာရင်
select partition 1 ကို ရိုက်ထည့်ပြီး Enter ကီးကိုနှိပ်ပေးလိုက်ပါ
DISKPART> ဆိုတာပြန်ကျလာရင်
active ကို ရိုက်ထည့်ပြီး Enter ကီးကိုနှိပ်ပေးလိုက်ပါ

DISKPART> ဆိုတာ ပြန်ကျလာရင်
format fs=ntfs ( format နဲ့ fs ကြားမှာ space bar တစ်ချက်ခြားပြီး ကျန်တာတွေ ဆက်ရေးသွား)
လို့ ရိုက်ထည့်ပြီး Enter ကီးကိုနှိပ်ပေးလိုက်ပါ
Format ချတာ 100 percent completed ဖြစ်သွားပြီး DISKPART> ဆိုတာ ပြန်ကျလာတဲ့အထိ
စိတ်ရှည်လက်ရှည် စောင့်ပေးရပါမယ် .. ( ကြာပါတယ်)
DISKPART> ဆိုတာ ပြန်ကျလာရင်
assign ကို ရိုက်ထည့်ပြီး Enter ကီးကိုနှိပ်ပေလိုက်ပါ .. USB ရဲ့ Box လေးပွင့်လာပါမယ် ..
ဘာကိုမှ မပိတ်ပဲ ဆက်လုပ်ပါမယ် ..
DISKPART> ဆိုတာ ပြန်ကျလာရင်
exit လို့ ရိုက်ထည့်ပြီး Enter ကီးကိုနှိပ်ပေးလိုက်ပါ
Leaving DiskPart ..
C:\Windows\system32> ဆိုတာလေး တက်လာမယ် ..
ဒီအဆင့်ရောက်ပြီဆိုရင် ကိုယ်ကူးယူမယ့်ဝင်းဒိုးဟာ
ISO ဖိုင်လား DVD drive ထဲမှာ ထည့်ထားတဲ့ ခွေလားလို့ ရွေးချယ်ပါ ..
ISO ဖိုင်ဆိုရင် ပထမဆုံး အဲဒီဖိုင်ပေါ်မှာ Right Click နှိပ်ပြီး ပွင့်လာတဲ့ထဲက
Power ISO နဲ့တည့်တည့်ဆွဲယူသွားပြီး mount image to drive [..] ဆိုတာကို
နှိပ်ပေးရပါမယ် .. အဲဒီအခါ ISO image ဖိုင်လေးဟာ image drive ထဲကို ရောက်သွားပါမယ် ..
DVD drive ထဲထည့်ထားတဲ့ ခွေထဲကနေ တိုက်ရိုက်ကူးမယ်ဆိုရင်လည်း အဲဒီ drive ရဲ့ drive letter ကို
သေချာအောင်စစ်ပါ ..
ကျွန်တော်က ဒီပို့လေးကို ဆော့ဝဲမသုံးတဲ့နည်းပညာအဖြစ် မျှဝေမှာဖြစ်လို့ Windows 8 ခွေကို
ကျွန်တော့်ရဲ့ DVD drive ထဲထည့်ထားပါတယ် .. DVD drive ရဲ့ Drive Letter က F ဖြစ်ပါတယ် ..
ဒါကြောင့် ကျွန်တော်က cmd ထဲမှာ
F: cd boot လို့ ရိုက်ထည့်ပြီး Enter ကီးကို နှိပ်လိုက်ပါတယ်
အဲဒီနေရာမှာ F: ဆိုတာကတော့ ကိုယ့်ရဲ့ ၀င်းဒိုးခွေရှိတဲ့ Drive Letter ပါ .. ဥပမာ ကိုယ့်ရဲ့ ၀င်းဒိုးခွေက ISO ဖိုင်ကနေ
mount လုပ်ထားတာ Drive Letter G မှာ ရှိမယ်ဆိုပါစို့ .. cmd မှာ ရေးရမှာက
G: cd boot ဖြစ်ပါတယ် ..
ကဲ .. အပေါ်ကပုံအတိုင်း ကျွန်တော်က F: cd boot လို့ ရိုက်ထည့်လိုက်တော့
F:\> ဆိုပြီး တက်လာပါတယ် ..
အဲဒီနောက်မှာ
cd boot လို့ ရိုက်ထည့်ပြီး Enter ကီးကို နှိပ်လိုက်ပါ
နောက်တစ်ဆင့်မှာ bootsect.exe /nt60 J: လို့ ရိုက်ထည့်ပြီး Enter ကီးကိုနှိပ်လိုက်ပါ..
ဒီနေရာမှာ J: ဆိုတာက ကျွန်တော့်စက်မှာ တပ်ထားတဲ့ USB ရဲ့ Drive Letter ဖြစ်ပါတယ် ..
တစ်ကယ်လို့ USB က H ဖြစ်နေမယ်ဆိုရင် bootsect.exe /nt60 H: လို့ ရိုက်ထည့်ရမှာ ဖြစ်ပါတယ်..
နောက်ဆုံးတော့ USB ထဲမှာ boot တက်ဖို့အတွက် လိုအပ်တဲ့ bootsector တွေ ပြင်ဆင်ပြီးကြောင်း
စာတမ်းတွေ တက်လာပါမယ် .. ဒီအဆင့်အထိ အစအဆုံးကျွန်တော် ရိုက်ထည့်ခဲ့တဲ့ cmd ကုဒ်တွေကို
အောက်မှာ ပြထားပါတယ် ..

ကဲ .. ဒီအဆင့်အထိ အောင်မြင်ခဲ့ပြီဆိုရင်တော့ ၀င်ဒိုးခွေထဲမှာ ရှိနေသမျှဖိုင်တွေအားလုံးကို
USB ထဲ ကူးထည့်ပေးလိုက်ရုံပါပဲ .. ဒါကလည်း လွယ်ပါတယ်
ဝင်းဒိုးခွေကို Open လုပ်လိုက် .. ပြီးရင် ဖိုင်တစ်ဖိုင်ကို ကလစ်ပေးလိုက်ပြီး
Ctrl ကီးလေးနဲ့ A ကီးလေးကို တွဲနှိပ်လိုက် ( အဲဒါ Select All ရဲ့ Shortcut ပါ)
ပြီးရင် Right Click လေးနှိပ်ပြီး ပွင့်လာတဲ့ထဲက Copy ကိုနှိပ်လိုက် ..
ပြီးရင် USB ကို ဖွင့်ပြီး Right Click နှိပ် .. ပွင့်လာတဲ့ထဲက Paste ကို နှိပ်ပေးလိုက် ..
ဝင်းဒိုးခွေထဲမှာ ရှိနေသမျှဖိုင်တွေအားလုံးကို ကူးယူပေးသွားလိမ့်မယ် ..
အားလုံးကူးပြီးသွားပြီဆိုရင်တော့ USB ကို ခဏလောက်ဖြုတ်လိုက် ..
ပြီးရင် စက်မှာ ပြန်တပ် .. ၀င်းဒိုး Logo လေးနဲ့ Boot တက်ဖို့ အဆင်သင့်ဖြစ်နေတာကို
တွေ့ရလိမ့်မယ် ..
ကဲ .. ကုဒ်တွေများသွားလို့ စိတ်ရှုပ်သွားမလားပဲ .. စိတ်မရှုပ်ပါနဲ့ဗျာ .. ကုဒ်တွေနဲ့ အလုပ်လုပ်ရတာ ကြာလာရင် ပျော်စရာကောင်းပါတယ် .. တစ်ကယ်တော့ ဒီနည်းမှာ သုံးသွားတဲ့ Dos ကုဒ်က 13 ခုပဲရှိပါတယ် ..
ဒီပို့စ်မှာပါတဲ့ ကုဒ်တွေက မများပေမယ့် နည်းနည်းလေး အဆင့်ကျော်သွားနိုင်တာကြောင့်မို့ ဒီပို့စ်တစ်ခုလုံးကို ကျွန်တော် pdf ဖိုင်လေးလုပ်ပြီး တင်ပေးထားပါတယ် ..
ဒေါင်းယူပြီး Offline ဖတ်ရင်း လုပ်ကြည့်လို့ ရတာပေါ့ ..
လိုချင်တဲ့သူငယ်ချင်းများ ဒီမှာ ဒေါင်းယူလိုက်ပါ ...
သူငယ်ချင်းအားလုံး အဆင်ပြေနိုင်ကြပါစေဗျာ
နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး
Post အမျိုးအစား
Computer Window တင်နည်း,
Computer ဆိုင်ရာ
Subscribe to:
Posts (Atom)













































