Showing posts with label USB ဆိုင်ရာ. Show all posts
Showing posts with label USB ဆိုင်ရာ. Show all posts

Monday, October 26, 2015

Memory Stick မှာ Virus ကိုက်လို့ ပျောက်နေတဲ့ File တွေကို ဘယ်လို ပြန်ဖော်မလဲ

 မိမွန်: Memory Stick မှာ Virus ထိပီး ဖိုင်တွေ တစစီ ပျက်စီးသွားလို့ ကူညီကြပါ ..
 
ကဲ..သူငယ်ချင်းတို့………….
ဒီတစ်ခါ ကျွန်တော် တင်ပေးလိုက်တာက…တစ်ခါတစ်လေ memory stick တွေမှာ virus ကိုက်လို့  folder တွေ လုံးဝပျောက်နေတာကို ပြန်ဖော်တဲ့ နည်းလေးပါ။။။။ သိပြီးသားလူတွေလည်း ရှိမှာပါ..ဒါပေမယ့် မသိသေးတဲ့ ဘော်ဘော်တွေ အတွက် ရည်ရွယ်ပြီး တင်ပေးလိုက်တာဖြစ်ပါတယ်…
….အားလုံး အဆင်ပြေပါစေဗျာ…..:)
ပထမဆုံးအနေနဲ့ memory stick ကို ကွန်ပျူတာနဲ့ ဆက်လိုက်ပါ… ဒီနေရာမှာ တစ်ခု သတိထားရမှာက အဲဒီ stick ကို ဖွင့်တဲ့ အခါ My Computer ကို double click နဲ့ မဖွင့်ဘဲ right click – Open နဲ့ပဲ ဖွင့်ပါ။ ဘာလို့လဲ ဆိုတော့ ပိုပြီး လုံခြုံ အောင်အတွက်ပါ။ အောက်မှာ ပြထားပါတယ်…
ပြီးရင် အဲဒီမှာ Organize ဆိုတဲ့ ထဲကို ၀င်လိုက်ပါ..အောက်မှာပြထားပါတယ်….
ပြီးရင် အဲဒီထဲကပဲ Folder and search options ကို တစ်ချက်နှိပ်လိုက်ပါ….
အဲဒါကို တစ်ချက်နှိပ်လိုက်တာနဲ့ Folder Options ဆိုတဲ့ box လေးတစ်ခု ကျလာလိမ့်မယ်….အောက်မှာ ပြထားပါတယ်….အဲဒီထဲက view ဆိုတာကို တစ်ချက်နှိပ်လိုက်ပါ…..
ပြီးရင် show hidden files,…..ဆိုဒါကို တစ်ချက်နှိပ်လိုက်ပါ …ဒီပုံမှာကတော့ ကျွန်တော်လုပ်ထားပြီးသားမို့လို့ အဲဒီ အတိုင်းမြင်နေရပါလိမ့်မယ်……
ပြီးရင် အောက်က Hide extensions for ….. ဆိုတဲ့စာကြောင်းလေးနဲ့ Hide protect Opera….. ဆိုတာလေးက tick လေးကို ဖြုတ်ပေးလိုက်ပါ………….
အဲဒါဆိုရင် ဒီbox လေးကျလာပါလိမ့်မယ်။ Yes လုပ်ပြီး OK လုပ်လိုက်ပါ။။။။
ကဲ ပထမ တစ်ဆင့်တော့ ပြီးသွားပြီ………….
ဇာတ်လမ်းက ခုမှ စမှာ……ကဲ
ပြီးတာနဲ့ Run box ကို ဖွင့်လိုက်ပါ။( Window key + R ကိုတွဲနှိပ်လိုက်ပါ။) ပြီးရင် အဲဒီမှာ cmd ဆိုပြီး ရိုက်ထည့် ပြီးရင် Enter ခေါက်လိုက်ပါ။ cmd box လေး ကျလာပါလိမ့်မယ်။ အောက်မှာ ပြထားပါတယ်….
ပြီးရင် အဲဒီမှာ ကိုယ့် memory stick ကို ရိုက်ထည့်လိုက်ပါ။ (ဥပမာ---F: , G: , D: , …. ) ကျွန်တော်က တော့ ကျွန်တော့ stick က G: မို့လို့ G: လို့ ရိုက်ထည့်ထားပါတယ်။ ပြီးရင် Enter ခေါက်လိုက်ပါ။ အောက်ပါ အတိုင်း location က မိမိ stick ရဲ့ နေရာကိုညွှန်ပြနေပါလိမ့်မယ်….
အဲဒီခါကျရင်…..attrib (folder နာမည်) –s –h ဆို ပြီးရိုက်ထည့် ပြီးရင် Enter ခေါက်လိုက်ပါ။ အကယ် ဒီနေရာမှာ မိမိ folder ရဲ့ name မှာ space ခြားတာတို့ ပါနေ ရင် attrib “romantic hacker” –s –h ဆိုပြီးရေးရပါမယ်။ အောက်မှာ ပြထားပါတယ်….
အဲဒါဆိုရင် အဲဒီ memory stick ထဲကပျောက်နေတဲ့ folder ပြန်ပေါ်လာတာကို တွေ့ရပါလိမ့်မယ်….
အားလုံး အဆင်ပြေပါစေ….

Sunday, October 18, 2015

Format ချမရတဲ့ Memory Stick ပြုပြင်နည်း


Memory Stick တွေ လူသုံးများသလိုပဲ အပျက်လည်း များလှပါတယ်။ ကွန်ပျူတာက မသိတော့တာ၊ Format ချခိုင်းတာ၊ ဖိုင်တွေ ထပ်ထည့်လို့မရတော့တာ၊ Capacity အပြည့်မရတော့တာ စသည်ဖြင့် ပြဿနာတွေက စုံလှပါတယ်။ အခုတော့ Format ချခိုင်းတယ်၊ ဒါပေမဲ့ Format ချမရတဲ့ Memory Stick တစ်ချောင်းကို ပြုပြင်နည်းလေးကို ရေးသားပေးလိုက်ပါတယ်။

သဘောတရားကတော့ Format ချခိုင်းတယ်ဆိုတာက တနည်းအားဖြင့် File System မရှိလို့ပါပဲ။ Format ချလည်း မရတာကတော့ Partition Table က Corrupt ဖြစ်လို့ပါ။ အဲဒါကြောင့် Partition Table ဖျက်ပြီး အသစ်ပြန်ဆောက်၊ ပြီးတော့ File System ပြန်သတ်မှတ်လိုက်ရင် ပြန်ကောင်းသွားပါလိမ့်မယ်။ လိုအပ်တဲ့ Software ကတော့ နှစ်ခုတည်းပါ။Test Disk ရယ် Bootice ရယ်ပါ။ ပထမဆုံး Test Disk ကို Run ပါ။ အောက်မှာပြထားသလို ပေါ်လာပါလိမ့်မယ်။

No Log ကို Keyboard က Arrow Key နဲ့ ရွေးပြီး Enter ခေါက်ပါ။ အဲဒီအခါမှာ Hard Disk နဲ့ Memory Stick ရယ် ပေါ်လာပါလိမ့်မယ်။ Memory Stick ကို ရွေးပါ။ Enter ခေါက်ပါ။ နောက်ထပ် သူက Partition Table type ကို ရွေးခိုင်းပါလိမ့်မယ်။ Intel ကို ရွေးပြီး Enter ခေါက်ပါ။ အဲဒီအခါမှာ [Analyze] [Advanced] [Geometry] စသည်ဖြင့် ရွေးချယ်စရာတွေ ပေါ်လာပါလိမ့်မယ်။ အဲဒီထဲက [Delete] ကို ရွေးပြီး Enter ခေါက်ပါ။ Yes/No မေးရင် Y ကို နှိပ်ပြီး Enter ခေါက်ပါ။ ဒါဆိုရင် Memory Stick ရဲ့ Partition Table ကို ဖျက်ပြီး သွားပါပြီ။


ဒီထိဆိုရင် TestDisk ရဲ့အပိုင်း ပြီးသွားပါပြီ။ နောက်ထပ် Bootice ကို Run ပါ။ အောက်မှာ ပြထားသလို ပေါ်လာပါလိမ့်မယ်။

Perform Format ကို နှိပ်ပါ။ နောက်တစ်ဆင့် ပေါ်လာရင် USB-HDD mode (Single Partition) ကို ရွေးပါ။ Next ကို နှိပ်ပါ။ Dialog box ပေါ်လာရင် OK နှိပ်ပါ။ ဒါဆိုရင် Format စရိုက်ပါလိမ့်မယ်။ ရပါပြီ စာဖတ်သူရဲ့ Stick အပျက်ကလေး ပြန်ကောင်းသွားပါလိမ့်မယ်။

Download Bootice (100KB)

Download TestDisk (1.44MB)

http://db.tt/Nwmbws6
The blog of Pyae Sone Oo

Friday, August 7, 2015

USB Memory Stick ကို Format ချမရရင်

 တစ်ခါတစ်လေ ကိုယ်သုံးနေတဲ့ USB,Memory Card  လေးတွေက အကြောင်းအမျိုးမျိုးကြောင့် ဖိုင်လ်တွေ ထပ်ထည့်လို့ မရတော့တာမျိုး၊ ထုတ်လို့ မရတော့တာမျိုး၊ Format ချမရတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီလို ပြဿနာမျိုး ကြုံလာခဲ့ရင် ဒီနည်းလမ်းအတိုင်း ဖြေရှင်းပေးနိုင်ပါတယ်...။
USB Memory Stick ကို ကွန်ပြူတာမှာ တပ်ထားပါ...။
 Start > Search box ထဲမှာ   devmgmt.msc  ရေးပြီး  Enter ခေါက်ပါ...
 Disk Drives ဆိုတာလေးကို ကလစ်လိုက်ပါ  အဲဒီမှာ ကိုယ့်ရဲ့ USB Drive ကို တွေ့ပါလိမ့်မယ်။
 USB Device ကို Double Click (or) Right Click  ထောက် Propereties ကိုနှိပ်ပါ။ နောက်ထပ် Box လေးပွင့်လာရင် အပေါ်က MenuTab မှာ Policies ကိုနှိပ်ပြီး  "Optimize for performance" ကို ရွေးပေးလိုက်ပါ။ Window 7 မှာတော့ (“Better performance”) လို့ပေါ်ပါတယ်..။

အားလုံးပြီးရင် My Computer ကို ပြန်သွားပြီး USB Drive ပေါ်ကို Right click >  Format ချကြည့်ပါ။ Format ချတဲ့ နေရာမှာ File System ကိုကြည့်လိုက်ရင် NTFS Format Option ကို တွေ့ရပါလိမ့်မယ်။
 USB drive ကို NTFS နဲ့ Format ချလို့ရပါပြီ...။

Wednesday, August 5, 2015

The disk is write-protected ပြဿနာဖြေရှင်းနည်း

Flash drive stick တွေမှာ အဖြစ်များတဲ့ write protecetd error warining ကိုဖြေရှင်းနည်းလေးပါ ဖြစ်တာကတော့ Flash တွေ Remove မပေးပဲ ဆွဲဆွဲဖြုတ်တဲ့အခါတွေဖြစ်တာများပါတယ် အဲ့လို Error တက်ခဲ့ရင် Format လိုလည်းမရပါဘူးဖွင့်လိုလည်းမရပါဘူးအဲ့လိုဖြစ်တတ်ပါတယ် အဲ့ လိုမျိုးကျရင်ဖြေရှင်းဖို့နည်းလမ်းပါ ဘာဖြစ်လိုဒီပို့ကိုရေးဖြစ်တာလဲဆိုရင် ကျနော်ဆီက လာတောင်းထားတာလဲရှိတယ် နောက်ပြီးကျနော် ခဏခဏသင်းတန်းသားတွေဆီမှာမြင်ရတာတွေ တွေ့တွေ့ရတယ်ဗျာ ဒါကြောင်းကျနော်ဒီပို့ကိုရေးဖြစ်တာပါ အခုတော့ ကျနော်သင်းတန်းမပြတော့ပါဘူး .....ခိခိ.ခိခိ.ခိခိ. ပိုက်ဆံအရလို ဟုတ်ပြီးစလိုက်ရအောင် အဆင့်(၁) ဒေါင်းဖို့ဖိုင်သုံးခုပေးထားပါတယ် နှစ်ခုက Registry Key ကိုပြင်တဲ့ဟာပါပဲ Enable USB Write နဲ့ Disable USB Write ဖိုဒါနှစ်ခုပါ ဒေါင်းလုပ်တစ်လင့်ကတော့ Repair v2.9.1.1 ဆိုတဲ့ဖိုဒါပါ အဲ့ဒီကောင်းကတော့ပြင်တာမဟုတ်ပါဘူး Format ချတာပါ။ အဆင်(၂) ဖိုင်၃ခုလုံးကိုဒေါင်းပီးတာနန် Error တက်နေတဲ့ Flash Disk USB ကို စက်မှာတပ်ပါ စောန ဒေါင်းထားတဲ့ Enable USB Write နဲ့ Disable USB Write ကို Run as admin နဲ့ Run ပါ Yes (or) No ဆို Yes ပေးလိုက်ပါ Restart ကျလိမ့်မယ် မိမိ Flash Disk USB ကိုဖြုတ်ပီး Restart ချပါ စက်ပြန် တက်လာပါက Flash Disk USB ကိုပြန်တပ်ပါ အကယ်၍ Error တက်နေသေးတယ်ဆိုရင်တော့ Repair v2.9.9.1.1 ပါ Run ပါ Flash Disk USB ကိုတပ်ရင်းလုပ်ပါ Format Auto လုပ်ပါလိမ့်မယ် Format ပီးရင်တော့ Error မတက်ပဲ မူလပုံစံအတိုင်းအလုပ်ပြန်လုပ်ပါပြီ ဖိုင်ဒေါင်းရန် Download Here ===
Enable USB Write


Disable USB Write  

Repair v2.9.1.1 

အားလုံးပဲအဆင်ပြေနိုင်ပါစေ 
www.winhlaing.org

Monday, July 27, 2015

Memory stick ပြုပြင်နည်း

image
-ဒီတစ်ခါတော့လူသုံးလည်းများ အပျက်လည်းများတဲ့ Memory stickတွေအကြောင်းကိုကျနော်
သိတာလေးတွေကို ပြန်ပြီး မျှဝေလိုက်ပါတယ်
Memory Stick တွေ လူသုံးများသလိုပဲ အပျက်လည်း များလှပါတယ်။ ကွန်ပျူတာက မသိတော့တာ၊ Format ချခိုင်းတာ၊ ဖိုင်တွေ ထပ်ထည့်လို့မရတော့တာ၊ Capacity အပြည့်မရတော့တာ 
စသည်ဖြင့် ပြဿနာတွေက စုံလှပါတယ်။ အခုတော့ Format ချခိုင်းတယ်၊ ဒါပေမဲ့ Format ချမရတဲ့ Memory Stick တစ်ချောင်းကို ပြုပြင်နည်းလေးကို ရေးသားပေးလိုက်ပါတယ်-

-သဘောတရားကတော့ Format ချခိုင်းတယ်ဆိုတာက တနည်းအားဖြင့် File System မရှိလို့ပါပဲ။ Format
ချလည်း မရတာကတော့ Partition Table က Corrupt ဖြစ်လို့ပါ။ အဲဒါကြောင့် Partition Table
 ဖျက်ပြီး အသစ်ပြန်ဆောက်၊ ပြီးတော့ File System ပြန်သတ်မှတ်လိုက်ရင် ပြန်ကောင်းသွားပါလိမ့်မယ်။ လိုအပ်တဲ့ Software ကတော့ နှစ်ခုတည်းပါ။Test Disk ရယ် Bootice ရယ်ပါ။
ပထမဆုံး Test Disk ကို Run ပါ။ အောက်မှာပြထားသလို ပေါ်လာပါလိမ့်မယ်-
-No Log ကို Keyboard က Arrow Key နဲ့ ရွေးပြီး Enter ခေါက်ပါ။ အဲဒီအခါမှာ Hard Disk နဲ့ Memory Stick ရယ် ပေါ်လာပါလိမ့်မယ်။ Memory Stick ကို ရွေးပါ။ Enter ခေါက်ပါ။ နောက်ထပ် သူက Partition Table type ကို ရွေးခိုင်းပါလိမ့်မယ်။ Intel ကို ရွေးပြီး Enter ခေါက်ပါ။ အဲဒီအခါမှာ [Analyse] [Advanced] [Geometry] စသည်ဖြင့် ရွေးချယ်စရာတွေ ပေါ်လာပါလိမ့်မယ်။ အဲဒီထဲက [Delete] ကို
 ရွေးပြီး Enter ခေါက်ပါ။ Yes/No မေးရင် Y ကို နှိပ်ပြီး Enter ခေါက်ပါ။ ဒါဆိုရင် Memory Stick ရဲ့ Partition Table ကို ဖျက်ပြီး သွားပါပြီ-
-ဒီထိဆိုရင် TestDisk ရဲ့အပိုင်း ပြီးသွားပါပြီ။ နောက်ထပ် Bootice ကို Run ပါ။ အောက်မှာ
 ပြထားသလို ပေါ်လာပါလိမ့်မယ်။
Perform Format ကို နှိပ်ပါ။ နောက်တစ်ဆင့် ပေါ်လာရင် USB-HDD mode (Single Partition) ကို ရွေးပါ။ Next ကို နှိပ်ပါ။ Dialog box ပေါ်လာရင် OK နှိပ်ပါ။ ဒါဆိုရင် Format စရိုက်ပါလိမ့်မယ်။
ရပါပြီ။စာဖတ်သူရဲ့Stickအပျက်ကလေး ပြန်ကောင်းသွားပါလိမ့်မယ်။
အသုံးလိုမယ်ဆိုရင်အောက်မှာဒေါင်းနိုင်ပါတယ်-

     အဆင်​​ပြေပါ​စေ။
         ကို​ဇော်​သွင်​(နည်းပညာ)

Wednesday, July 22, 2015

Write Protect များကို Registry မှ ဖယ်ရှားရှင်းလင်းခြင်း




USB, SD Card အစရှိတာတွေမှာ ဖြစ်တတ်တဲ့ Write Protect ပြဿနာများကို Registry ကနေတစ်ဆင့် အလွယ်တကူနဲ့ ဖယ်ရှားရှင်းလင်း နိုင်မှာဖြစ်ပါတယ်။ Write Protect Button ပါဝင်တဲ့ USB Stick, SD Card တွေမှာ Write Protect ကို အလွယ်တကူနဲ့ ဖယ်ရှားနိုင်ပေမယ့် ခလုတ်တွေ မပါဝင်တဲ့ Device တွေအတွက်ကတော့ Registry မှရှင်းလင်းမှသာ ရနိုင်မှာ ဖြစ်ပါတယ်။

ပထမဦးဆုံး Run Box ကနေ regedit ဆိုပြီး ရိုက်ထည့်လိုက်ပါ။ Registry Editor ပွင့်လာမှာ ဖြစ်ပါတယ်။ Reigstry Editor ပွင့်လာပြီဆိုရင် ဖော်ပြထားတဲ့ လမ်းကြောင်းအတိုင်း သွားရမှာဖြစ်ပါတယ်။ Registry အတွင်း သွားရမယ့် လမ်းကြောင်းတွေကတော့ HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\StorageDevicePolicies ဆိုတဲ့ လမ်းကြောင်းပဲ ဖြစ်ပါတယ်။
အဆိုပါ Storage Device Policies အောက်ကို ရောက်ပြီဆိုရင် Write Protect ဆိုတဲ့ဖိုင်ကို Double Click ပြုလုပ်လိုက်ပါ။ တန်ဖိုးနေရာမှာ 1 ဖြစ်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ အဆိုပါ နေရာမှာ 0 ဆိုပြီး တန်ဖိုးသတ်မှတ် ပေးလိုက်ပါ ဒါဆိုရင် Write Protect ပြုတ်သွားမှာ ဖြစ်ပါတယ်။ ပြီးသွားရင် ကွန်ပျူတာကို Restart ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ အကယ်၍ Storage Device Policies မရှိဘူးဆိုရင် မိမိဘာသာ တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ မိမိဘာသာ တည်ဆောက်ဖို့အတွက် New ကိုနှိပ်ပါ၊
ပြီးရင် Key ဆိုတာကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။
ဖိုင်နာမည်ကိုတော့ Storage Device Policies ဆိုတဲ့ နာမည်ကို မမှားယွင်းရအောင် ဂရုစိုက်ပြီး ပေးရမှာ ဖြစ်ပါတယ်။ ဒီအဆင့် ပြီးသွားရင် Write Protect File တည်ဆောက်ဖို့အတွက် New ကိုနှိပ်ပါ။ ပြီးသွားရင် DWORD 32bit
ဆိုတာကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ရွေးချယ်ပြီးသွားရင် Write Protect ဆိုတဲ့ အမည်ပေးပြီး တန်ဖိုးကို 0 အဖြစ် သတ်မှတ်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
အကယ်၍ Command Prompt ထဲက အလုပ်လုပ်ချင်တယ် ဆိုရင်တော့ Command Prompt ကို Run Administrator Mode နဲ့ဖွင့်လိုက်ပါ။ ပြီးသွားရင် diskpart ဆိုတဲ့ Command ကိုရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ Diskpart လမ်းကြောင်းအောက် ရောက်သွားရင် list disk ဆိုတဲ့ Command ကိုရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ နောက်တစ်ဆင့်ကတော့ ကိုယ် Write Proect ဖယ်ရှားချင်တဲ့ Device  ကို ရွေးပေးရမှာ ဖြစ်တဲ့အတွက် select disk number ဆိုတဲ့ Command ကို အသုံးပြုရပါမယ်။ Number နေရာမှာတော့ မိမိစက်မှာ ဖော်ပြထားတဲ့ Device ရဲ့ Number ကိုထည့်ပေးရမှာ ဖြစ်ပါတယ်။ ပြီးသွားရင် attributes disk clear read only ဆိုတဲ့ Command ကို ထည့်သွင်းရမှာ ဖြစ်ပါတယ်။ နောက်တစ်ဆင့်ကတော့ ဖယ်ရှားပစ်တဲ့အတွက် clean ဆိုတဲ့ Command ကို အသုံးပြုရမှာ
ဖြစ်ပါတယ်။ အားလုံးပြီးဆုံးသွားရင် Partition ကိုပြန်လည် တည်ဆောက်ရမှာ ဖြစ်တဲ့အတွက် create partition primary ဆိုတဲ့ Command ကို အသုံးပြုပြီး Partition ကို ပြန်လည်တည်ဆောက် နိုင်ပါပြီ။ Partition တည်ဆောက်ပြီးရင် Format ပြုလုပ်ရမှာ ဖြစ်တဲ့အတွက် format fs=ntfs ဆိုတဲ့ Command ကိုသုံးပြီး FAT 32 မှ NTFS သို့တစ်ခါတည်း ပြောင်းပြီး Format ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

Friday, July 10, 2015

Computer တွေမှာ Driver install လုပ်နည်း (ဥပမာ-ဖုန်း)

Computer တွေမှာ Driver install လုပ်နည်း (ဥပမာ-ဖုန်း)
သိပြီးသားလူတွေကကျော်သွားပါလို့ပြောရင်း တောင်းထားတဲ့လူတစ်ယောက်အတွက်တင်ပေးရင် ကျန်တဲ့မသိသေးတဲ့လူတွေအတွက်ပါတစ်ခါတည်းတင်ပေးလိုက်ပါတယ် Computer တွေမှာ ပစ္စည်းတစ်ခုခုနဲ့ချိတ်ဆက်အသုံးပြုရာမှာ အဲပစ္စည်းတွေနဲ့ သက်ဆိုင်တဲ့ Driver ထည့်ပေးရပါတယ် 
မဟုတ်ရင် ချိတ်ဆက်လိုက်တဲ့ပစ္စည်းကအလုပ်မလုပ်ပါဘူး အဲဒီအတွက် Driver Software တွေကိုအရင် install လုပ်ပေးရပါတယ် Driver  software သုံးပြီး install လုပ်နည်းရှိသလို Driver ကို Device Manager ကနေ install လုပ်နည်းလဲရှိပါတယ် ရိုးရိုး Driver install လုပ်နည်းက install လုပ်လိုက်တာနဲ့ရပြီဖြစ်လို့မရှင်းပြတော့ပါဘူး အခုရှင်းပြမှာကတော့ ဖုန်းနဲ့ချိတ်ဆက်တဲ့အချိန် Driver ကို Device Manager ကနေ install လုပ်နည်းဘဲ့ဖြစ်ပါတယ် တခြား Driver တွေကိုလဲအဲနည်းအတိုင်းထည့်သွင်းနိုင်ပါတယ်
ကွန်ပျူတာနဲ့ဖုန်းကိုချိတ်ဆက်ဖို့အတွက် ဖုန်းထဲမှာပြင်ရမယ့်ပုံစံကို ဒီမှာ ဝင်ကြည့်လိုက်ပါ
ပထမဦးဆုံးကွန်ပျူတာနဲ့ဖုန်းကိုချိတ်ဆက်လိုက်ပါကွန်ပျူတာအောက်နားလေးမှာ အဝိုင်းလေးလည်နေပြီး အဲလိုဖြစ်သွားရင်တော့ Driver မတွေ့လို့ပါ
ပြီးရင် Start ထဲကနေ My Computer ပေါ်မှာ Mouse ကို Right Click ကိုနှိပ်ပြီး အောက်ကပုံအတိုင်း Properties ပေါ်မှာ Mouse ကိုတစ်ချက်နှိပ်လိုက်ပါ
အောက်ကပုံအတိုင်းပေါ်လာရင် Device Mangaer ကိုသွားပြီး Mouse ကိုတစ်ချက်နှိပ်ပြီးဝင်လိုက်ပါ
အောက်ကပုံအတိုင်းပေါ်လာလိမ့်မယ် အဝါရောင်လေးနဲ့ပြထားတဲ့ MT65xx Android Phone ကတော့ လိုနေတဲ့ Driver ပါ အဲ Driver ပေါ်မှာ Mouse ကို Right Click နှိပ်လိုက်ပါ ပေါ်လာတဲ့ဖိုင်ထဲက Update Driver Software ကိုတစ်ချက်နှိပ်လိုက်ပါ
အောက်ကပုံအတိုင်းပေါ်လာရင်တော့ ပုံမှာအနီရောင်ဝိုင်းထားတဲ့နေရာကိုနှိပ်လိုက်ပါ
အောက်ကပုံအတိုင်းပေါ်လာရင်တော့ Browse ကိုနှိပ်ပြီး Driver သိမ်းထားတဲ့ Floder ကိုရှာပေးလိုက်ပါ ပြီးရင် Next ကိုနှိပ်လိုက်ပါ
အောက်ကပုံအတိုင်းပေါ်နေလိမ့်မယ်
အောက်ကပုံအတိုင်းပေါ်လာရင်တော့ ပုံမှာအနီရောင်ဝိုင်းထားတဲ့နေရာကိုနှိပ်လိုက်ပါ  မပေါ်လာရင်တော့နှိပ်စရာမလိုပါဘူး
အားလုံးပြီးသွားရင် အဝါရောင်လေးပျောက်သွားပြီး အောက်ကပုံအတိုင်းပေါ်လာရင်တော့ Driver install လုပ်လို့ပြီးပါပြီ
 တစ်ခါတစ်လေ အဲနေရာမှာမပေါ်ဘဲ တခြားနေရာလဲပေါ်တတ်ပါတယ်

Monday, July 6, 2015

Pen Drive ကို virus မ၀င်အောင် ဘယ်လိုလုပ်မလဲ။

Pen Drive ကို virus မ၀င်အောင် ဘယ်လိုလုပ်မလဲ။
ပထမဦးဆုံးအနေနဲ.=>
Pen drive ထဲက DATA တွေကို တနေရာမှာ Backup လုပ်ပြီး Format ရိုက်လိုက်ပါ။ Format ရိုက်တာက တော့ သိပ်ထွေထွေထူးထူး ပြောစရာမလိုပါဘူး။ My computer ဖွင့်ပြီး ကိုယ် Pen Drive ပေါ်မှာ ညာဘက်က လစ် လုပ်ပြီး Format ပေါ့။ ပြီးရင် start ။ Data တွေပျောက် ကုန်မယ်လို. သူက သတိပေးရင် ok လုပ်လိုက်။ သူ.ဘာသာ Format ရိုက်သွားလိမ့်မယ်။ Format complate လို.ပြောရင် ok လို့ ပြောလိုက်။ 
start => run > cmd လို့ ရိုက်ပြီး Enter ။ command box လေး ပေါ်လာပြီဆိုရင် convert e:/fs:ntfs ဆိုပြီး Enter ခေါက်၊ e: ဆိုတဲ့နေ ရာမှာ ကိုယ့်ရဲ့ Pen Drive Latter ကိုရေးပေးရမှာနော်။ ပြီးရင် သူ. ဘာသာ NTFS File system ပြောင်းသွားလိမ့်မယ်။ ပြီးရင် ကိုယ့်ထည့် ချင်တဲ့ DATA တွေကို ကိုယ် Pen Drive ထဲကို ပြောင်း ထည့်လို.ရပါပြီ။ ပြီးရင် My computer ထဲမှာ Tools ထဲက Folder Option ကိုဖွင့် ပါ။ View Tab ထဲမှာ အောက်ဆုံးက Use simple file sharing ဆိုတာကို အမှန်ခြစ် ဖြုတ်ပေးပါ။ ပြီးရင် Apply , OK ပေါ့။ ပြီးရင် My computer ထဲက ကိုယ်ရဲ့ Pen Drive ပေါ်မှာ ညာဘက်ကလစ်လုပ်ပြီး Properties ပေါ့။ security Tab ထဲမှာ ပုံမှန်အားဖြင့် Full control ဖြစ်နေလိမ့်မယ်။ အဲဒီမှာ Full Control ဆိုတာရယ်။ Modify ဆိုတာရယ်။ write ဆိုတာရယ်ကို အမှန်ခြစ် ဖြုတ်ပေးရပါမယ်။ ပြီးရင် Apply , Ok ပေါ့။ အားလုံးပြီးသွားရင်တော့ Full Control ပြန်မလုပ်သရွေ. ဖိုင်တွေ ထပ်ထည့်လို့ မရတော့ပါဘူး။ အထဲက ဖိုင်တွေကိုတော့ ပုံမှန် 
ယူသုံးလို့ ရနေမှာပါ။ Full Control ပြန်မလုပ်သရွေ့  ဗိုင်းရပ်တွေကလည်း Pen Drive ထဲကိုဝင်လာနိုင်စရာမ ရှိတော့ပါဘူး ။

Thursday, July 2, 2015

USB Memory Stick ကိုဘယ်လို Format ချမလဲ

တစ်ခါတစ်လေမှာ ကိုယ်သုံးနေတဲ့ USB လေးက အကြောင်းအမျိုးမျိုးကြောင့် ဖိုင်တွေ ထည့်လို့ မရတော့တာမျိုး .. ။ ထုတ်လို့ မရတော့တာမျိုး ... Virus သမ သွားတာမျိုးလေးတွေ ရှိတတ်ပါတယ် .. ။ အဲဒီလို အခါမျိုးမှာ USB လေးကို Format ရိုက်ပေးလိုက်ရင် များသောအားဖြင့် အဆင်ပြေသွားပါတယ် ..။ အောက်ကနည်းလေးကတော့ .......
USB drive ကို NTFS နဲ့ Format ချနည်းလေးပါ .. .။ ပထမဆုံး USB drive ကို တပ်လိုက် .. ။ ပြီးရင် My Computer ကို Right Click နှိပ်ပြီး Manage ကို သွား ... ။
အဲဒါဆိုရင် computer management ကိုရောက်မယ် .. ။ အဲဒီရောက်ရင် System Tools က Device Manager ကိုသွား ..ရောက်ရင် ညဘာက်မှာကြည့် .. Device Drive ဆိုတာလေး တွေ့မယ် ... အဲဒါကို ကလစ်လိုက်ရင် .. အဲဒီမှာ ကိုယ့် USB Drive ကို တွေ့လိမ့်မယ် .. ။

တွေ့ပြီဆို USB Drive ကို RightClick ထောက် Propereties ကို သွား .. ။ ရောက်ရင် Tag မှာ Policies ကို ရွေး ..အဲဒီမှာ ၂ ခုတွေ့လိမ့်မယ် .. “Optimize for quick removal” နဲ့ “Optimize for performance” ဆိုပြီး .. ။ အဲဒီမှာ “Optimize for performance” ကို ရွေးလိုက်ပါ .. ။

ဒါဆို USB drive ကို NTFS နဲ့ format ချဖို့ enables ဖြစ်သွားပါပြီ ..။

အားလုံးပြီးရင် OK ပေါ့ .. ပြီးရင် My Computer ကို သွား USB Drive ပေါ် Rightclick နှိပ်ပြီး Format ချကြည့်ပါ.. ။ ချတဲ့ နေရာမှာ file system ကိုကြည့်လိုက်.. NTFS format option ကို တွေ့လိမ့်မယ် ... ။

ဒါဆိုရင် USB drive ကို NTFS နဲ့ Format ချလို့ ရသွားပါပြီ .. ။
အဆင်ပြေပါစေ..
ဗိုလ်လှိုင်း (ဆိပ်ဖြူသားလေး)