Showing posts with label Android Launcher Apk. Show all posts
Showing posts with label Android Launcher Apk. Show all posts

Sunday, June 28, 2015

Desktop Right Click Menu ထဲမှာ Application လေးတွေ ကိုယ်တိုင် ထည့်ကြမလား

အသုံးများတဲ့ application လေးတွေကို Desktop right click menu ထဲမှာထည့်လို့ရပါတယ် ၊ Application ကို အမြန်ခေါ်သုံးလို့လဲရတယ် ၊ Desktop ပေါ်မှာဖြစ်စေ Taskbar မှာဖြစ်စေ Shortcut icon တွေလည်းရှုပ်မနေတော့ဘူးပေါ့ ၊ ဒီလိုလေးပါ ...
၁. Run မှာဖြစ်စေ Start Menu Search Box မှာဖြစ်စေ regedit လို့ရိုက် ၊ Enter ခေါက်ပြီး registry editor ကိုဖွင့်လိုက်ပါ ။ ပြီးရင်

၂. ဒီအတိုင်း အစဉ်လိုက် ဖြည်းဖြည်းချင်း ဆက်ဖွင့်သွားပါ (အများကြီးထဲက သေချာမှန်အောင်ရှာဖွင့်ပါ ၊ မမှားပါစေနဲ့ )

HKEY_CLASSES_ROOT \ Directory \ Background \ shell

၃. Shell ကိုရောက်သွားတဲ့အခါ right click နှိပ်ပြီး New ပေါ်ကို cursor တင်လိုက်တာနဲ့ menu အသေးလေး တစ်ခုပေါ်လာမယ် ၊ Key ပေါ်ကို ရွှေ့ပြီး click လုပ်ပါ ။ shell > New > Key ...

ဒီမှာနှိပ်ပြီး ပုံကိုကြည့်ပါ +/- အပြည့်အစုံသို့
၎. နာမည်ဖြည့်ရမယ့် ကွက်လပ်ကလေးပေါ်မှာ ကိုယ်ထည့်မယ့် application name ကို ဖြည့်လိုက်ပါ ။ ဒီမှာတော့ ကျနော်က Notepad လို့ထည့်လိုက်ပါတယ် ။ Notepad ကို right click menu ထဲထည့်မှာမို့ပါ ။

ဒီအထိက desktop ပေါ်က right click menu မှာ application name ပေါ်ဖို့ထိပဲ ရှိသေးတယ် ၊ click လုပ်လိုက်တဲ့အခါ အဲဒီ menu ပေါ်က command ကနေ အထဲက program ကို သွားဖွင့်ပေးဖို့ လမ်းကြောင်းလေး ချိတ်ပေးရဦးမယ် ။

၅. အဲဒီဖြည့်လိုက်တဲ့ Notepad ဆိုတဲ့ key လေးပေါ်မှာနောက်ထပ် right click လုပ်ပြီး New > Key ဆိုပြီးနှိပ်ပါ ။ အဲဒီ Key ကိုတော့ command လို့ စာလုံးသေး ( small letter ) နဲ့ ဖြည့်လိုက်ပါ ။

ဒီမှာကြည့်ပါ
၆. အသစ်ပေးလိုက်တဲ့ command ဆိုတဲ့ key လေးပေါ် click တစ်ချက် နှိပ်လိုက်ရင် ညာဖက်မှာ ( Default ) လို့ မြင်ရတဲ့ key တစ်ခုတွေ့ရမယ် ၊ (Default) ပေါ်ကို double click လုပ်ပါ ။

၇. Edit String ဆိုတဲ့ window သေးသေးလေးပေါ်လာမယ် ၊ Value data ဆိုတဲ့ နေရာမှာ ကွက်လပ်ကလေး ဖြစ်နေလိမ့်မယ် ၊ အဲဒီကွက်လပ်ကလေးမှာ အောက်ကပေးထားတဲ့ path ( လမ်းကြောင်း) လေးကို အားလုံး copy ကူးပြီး ဖြည့်လိုက်ပါ ။

"C:\Windows\System32\notepad.exe"

(ဒါလေးကိုပဲ ရှည်အောင်ပြောချင်ရင် C drive ထဲကိုဝင် ၊ Windows ကိုဖွင့် ၊ System 32 ထဲကိုထပ်ဝင် ၊ notepad.exe program ကိုရှာ တွေ့ရင် Shift နဲ့ right click ကိုတွဲနှိပ် ၊ ပေါ်လာတဲ့ menu ထဲကနေ copy as path ကို click လုပ် ၊ အခု Value data နေရာကျမှ paste လုပ်ပါ .. ဒီလိုလဲရတယ်ပေါ့ )

ဒီမှာကြည့်
ပြီးရင်ပိတ်လိုက်ပါ ။ desktop ပေါ်မှာသွားပြီး right click ထောက်ကြည့်လိုက်ပါ ၊ Notepad လေးကို တွေ့ရမှာပါ ၊ ဖွင့်ချင်ရင် အလွယ်ဖွင့်လို့ရပြီပေါ့ ။ မသိသေးတဲ့သူတွေကိုလည်း ပြောပြလို့ရပါပြီ ။

ဒီလိုမြင်ရမယ်
အထက်မှာနမူနာ လုပ်ခဲ့တာက Windows ထဲကပါတဲ့ application ပါ ။ ကျနော်တို့ install လုပ်တဲ့ ပြင်ပ application တစ်ခုခုကို ထပ်လုပ်ကြည့်ရအောင် ၊ ဥပမာ Google crome browser ကို လုပ်ကြည့်မယ် ၊ Internet ကို Right click ထဲကနေဖွင့်လို့ရအောင်ပေါ့ ။

အမှတ်စဉ် ၁ ၊ ၂ ၊ ၃ အထိက အတူတူပါပဲ ၊ အမှတ်စဉ် ၄ မှာတော့ crome လို့ရေးလိုက်မယ် ၊ (ဒီနေရာမှာက ကြိုက်ရာရေးလို့ရတယ် ၊ အရေးမကြီးဘူး ၊ အရေးကြီးတာက path နဲ့ exe program ပဲ )

၅. Crome > New > Key > command

၆. Command ကို click > (Default) ကို double click

၇. Value data မှာ အောက်က path လေးကူးဖြည့်လိုက်ပါ

"C:\Program Files\Google\Chrome\Application\chrome.exe"

Windows ရဲ့ပြင်ပက program ဖြစ်တဲ့အတွက် system 32 ထဲမှာ မရှိပဲ Program Files ဆိုတဲ့ folder ထဲမှာ သွားရှာရတာဖြစ်ပါတယ် ၊ ဒါလောက်ဆို ရလောက်ပြီထင်ပါတယ် ။

Wednesday, November 26, 2014

i6 Plus Launcher လေးပါ

Picture
i6 Plus Launcher လေးပါ။File Size က 1.7 MB ပဲရှိပါတယ်။

မိတ်ဆွေများအားလုံးနေ့သစ်တိုင်းမှာ လိုတရ၍ စက္ကန့်တိုင်းမှာ ပျော်ရွှင်ချမ်းမြေ့ပါစေ

S5 style နဲ့ S Launcher 2.91 APK for Android

 
Samsung Galaxy s5 style နဲ့ သင့်ဖုန်း
လေးကို အလှဆင်ချင်သူများအတွက်ပါ။
update ထွက်ရှိလာလို့တင်ပေးလိုက်ပါတယ်ခင်ဗျာ.
Download Locations for S Launcher APK 2.91 (File Size: 3.66 MB)

Thursday, October 30, 2014

♠♠♠ CLauncher - Custom Launcher Apk ♠♠♠

ကျွန်တော်အရမ်းကြိုက်တဲ့ CLauncher - Custom Launcher Apk လေးပါ... File Size က 4.9 MB ရှိပါတယ်...အသုံးလို့ရင် အောက်မှာ Download လုပ်လိုက်ပါဗျာ...




...CLauncher - Custom Launcher Apk အား Download လုပ်ရန်...




...မိတ်ဆွေများအားလုံး နေ့သစ်တိုင်းမှာ လိုတရ၍ စက္ကန့်တိုင်းမှာ ပျော်ရွှင်ချမ်းမြေ့ပါစေ...