Showing posts with label Computer ZawGyi Font Software. Show all posts
Showing posts with label Computer ZawGyi Font Software. Show all posts

Sunday, April 17, 2016

How to Convert Entire Unicode Blog to ZawGyi One


ဒီအကြောင်းအရာတစ်ခု ဖြစ်လာဖို့ နှစ်နဲ့ချီပြီး သန္ဓေတည်ခဲ့တယ်။ ဖြစ်ပုံက ၂၀၀၉-၂၀၁၀ ဝန်းကျင်လောက်မှာ နည်းပညာအကြောင်း အသားပေးရေးကြတဲ့ ဘလော့ဂါအများစု အပါအဝင် တစ်ခြားဘလော့ဂါတွေပါ ဇော်ဂျီနဲ့ ရေးနေရာကနေ ယူနီကုတ်-ယူနီကုတ်ဆိုပြီး ယူနီကုတ်ကို ပြောင်းရေးကြဖို့ ဆော်သြလာကြတယ်။ တစ်ချို့လည်း နေမြဲအတိုင်း ဇော်ဂျီနဲ့ပဲ ဆက်ရေးခဲ့ကြသလို တစ်ချို့တစ်ချို့လည်း အလားအလာ ကောင်းတယ်လို့ ထင်ကြေးပေးကြတာများတဲ့ ယူနီကုတ်ဘက်ကို ဘက်ပြောင်းချင်တာနဲ့ လက်ရှိရေးလက်စ ဇော်ဂျီဘလော့ကို ဇာတ်သိမ်းပြီး ယူနီကုတ်ဘဝ ပြောင်းခဲ့ကြတယ်။
အဲ့ထဲမှာ ဒီဘလော့လည်း အပါအဝင်ပဲ။ သူများယောင်လို့ လိုက်ယောင်ခဲ့တာ မဟုတ်ပေမယ့် ဇော်ဂျီကနေ ယူနီကုတ်ကို ပြောင်းစမှာ ပြဿနာပေါင်း သောင်းခြောက်ထောင်လောက် ကြုံခဲ့ရတယ်။ အဲ့တာတွေ ပြန်ပြောရင်တော့ ပြောမဆုံးပေါင် တောသုံးတောင်ပဲ။ အဆိုးဆုံးက စာပုံမှန် မရေးနိုင်လို့ စိတ်မကောင်းရတဲ့ကြားထဲ ဘလော့အဟောင်းလေးကို ပြန်ပြန်ဝင်ကြည့်တိုင်း မြန်မာစာကောင်းကောင်း မမြင်ရတာ အတော် စိတ်မချမ်းမသာ ဖြစ်ရတယ်။
အကောင်းဆုံးဖြစ်နိုင်ချေရှိမယ့် နည်းတွေနဲ့ အချိန်ရတိုင်း ပြန်ပြင်ပေမယ့် ရလဒ်က မကောင်းခဲ့ဘူး။ အဲ့လိုနဲ့နောက်ဆုံး ယူနီကုတ် ပြောင်းထားတဲ့ ဘလော့ကိုဇာတ်သိမ်းပြီး ဇော်ဂျီနဲ့ ပြန်ပြောင်းရေးဖို့ထိ တွေးမိခဲ့တယ်။ ကျွန်တော့်လိုအတွေးမျိုး ယူနီကုတ်နဲ့ အဆင်မပြေသူတိုင်း တွေးမိကြလိမ့်မယ် ထင်တယ်။ ဒါပေမယ့် ကံမကောင်းခဲ့တာပဲလား - အချိန်မပေးနိုင်လို့ မသိခဲ့တာလား - ဇော်ဂျီကနေ ယူနီကုတ်ဘလော့ ပြောင်းဖို့ အင်တာနက်ထဲမှာ လမ်းညွှန်ချက် အများအပြား ရှိပေမယ့် ဘလော့တစ်ခုလုံးကို ယူနီကုတ်ကနေ ဇော်ဂျီပြောင်းဖို့ လမ်းညွှန်ချက်ကျတော့ ဘယ်လိုမှ ရှာလို့မတွေ့ခဲ့ဘူး။
လမ်းညွှန်ချက်ကမရှိ ကိုယ်တိုင်ကလည်း ဘာ Programming မှ နားမလည်။ ပြောင်းထားပြီးသား ယူနီကုတ်ဘဝနဲ့ပဲ ဆက်နေလာခဲ့တာ ခုတော့ ယူနီကုတ်ကို ပြောင်းခဲ့တာ မမှားဘူးဆိုတဲ့ အသိတစ်ခုတော့ ရခဲ့ပြီ။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ယူနီကုတ်ကို စိတ်ပျက်ပြီး ဇော်ဂျီနဲ့ ပြန်အသက်ဆက်ဖို့ ကြိုးစားချင်ကြမယ့် တစ်ချို့ တစ်ချို့သော ဘလောဂါများအတွက် ယူနီကုတ်ပြောင်းထားပြီးသား ဘလော့တစ်ခုလုံးကို ဇော်ဂျီပြန်ပြောင်းပေးနိုင်မယ့် နည်းလမ်း ကျွန်တော် အခုသိခဲ့ပါပြီ။ နည်းလမ်းကတော့ -
  • ပုံမှန်အတိုင်း ကိုယ့်ဘလော့ကို ဝင်ပြီး Export Blog လုပ်ပါ။
  • .xml နဲ့ဆုံးတဲ့ ဖိုင်တစ်ခု ရလာပြီဆိုရင် လက်ရှိဘလော့ကို ဘာမှ မလုပ်သေးဘဲ AyarUnicodeGroup ကနေ ဖန်တီးထားတဲ့ MyanmarFontConverter စာမျက်နှာကိုသွားပါ။
  • Upload ကနေတဆင့် ကိုယ့်ဘလော့ရဲ့ xml ဖိုင်ကိုရွေးပြီး Upload တင်ပါ။
  • Input Font နေရာမှာ Myanmar3 ရွေးပြီး Output Font မှာ ZawGyi-One ရွေးပါ။
  • ပြီးရင် Check English Words automatically ကို အမှန်ခြစ်ပေးပြီး Convert လုပ်ပါ။
  • ခဏစောင့်လိုက်ရင် ဇော်ဂျီပြောင်းထားပြီးသား xml ဖိုင်ကို ဒေါင်းလုပ်ချဖို့ Link ပြန်တက်လာပါလိမ့်မယ်။
  • အဲ့ဒီ xml ဖိုင်ကို ကိုယ့်ဘလော့က ယူနီကုတ် ပို့စ်တွေ ဖျက်ပြီး Import ပြန်လုပ်ရပါမယ်။ အကြံပေးချင်တာတော့ ဘလော့သစ်တစ်ခု ဖန်တီး၊ အဆင်ပြေမပြေ စမ်းသပ်ကြည့်ပြီး စိတ်ကျေနပ်မှ ယူနီကုတ် ပို့စ်တွေ အပြီးဖျက်ပါ။
ဆိုးကျိုးအနေနဲ့ကတော့ ရထားသမျှ PageViews အကုန်ပျက်မယ်။
  • ပို့စ်အရေအတွက် များတဲ့ ဘလော့တွေမှာဆိုရင် ပို့စ်အကုန်လုံး Import လုပ်လို့မရ ဖြစ်လိမ့်မယ်။
  • ပို့စ်အရေအတွက် အရမ်းများရင် ပို့စ်အားလုံးကို တစ်ပြိုင်နက် Import လုပ်တဲ့အခါ Blogger က Spam Posts တင်တယ်လို့ ယူဆတတ်တယ်။
  • Import လုပ်တဲ့ ပို့စ်အရေအတွက် ၂၀၀ ကျော်သွားရင် ဆက် Import လုပ်ခွင့် မပေးဘဲ ရပ်သွားတတ်တယ်။
  • ပို့စ်အရေအတွက် ၂၀၀ ပတ်ဝန်းကျင်လောက်ပဲ ရှိတဲ့ ဘလော့တွေဆိုရင် အဆင်ပြေတယ်။
  • ပို့စ်အရေအတွက် ၂၀၀ ကျော်တဲ့ ဘလော့တွေကတော့ ကိုယ့်ပို့စ်တွေကို အရင်ဆုံး အပိုင်းလိုက်ခွဲ Export လုပ်ပြီးမှ ရက်ခြားပြီး ပြန် Import လုပ်နိုင်ရင် အဆင်ပြေမယ်။
ကျွန်တော်တော့ ၃ နှစ်ကျော် လေးနှစ်နီးပါး ဖြတ်သန်းပြီးတဲ့ နောက်မှာ ယူနီကုတ်နဲ့ အကျွမ်းတဝင်ဖြစ်ခဲ့ပြီမို့ ဇော်ဂျီပြန်ပြောင်းဖို့ စိတ်ကူး မရှိတော့ဘူး။ မြန်မာယူနီကုတ် စံသတ်မှတ်ချက်နဲ့ အညီရေးထားတဲ့ ဒီဘလော့ကို အခုဆိုရင် Browser အတော်များများကနေ ဘာ ဖောင့်မှာ သွင်းစရာမလိုပဲ ကြည့်လို့ရအောင် ဖန်တီးနိုင်ခဲ့ပြီ။ အဲ့အတွက်လည်း MMWebFonts ဖန်တီးပေးခဲ့သူတွေကို အထူးကျေးဇူးတင်မိတယ်။ Templates အတော်များများနဲ့ စမ်းသပ်ပြီးခဲ့သလို Mobile Devices တွေနဲ့လည်း ဖတ်လို့ ကြည့်လို့ အဆင်ပြေအောင် Responsive Design ကို ပြောင်းခဲ့ပြီးပြီ။ ရှေ့လျှောက်မှာ မြန်မာယူနီကုတ် အနာဂတ်လည်း ဒီ့ထက်ပိုပြီး လှလာလိမ့်မယ်လို့ မျှော်လင့်တယ်။
TechSectors.

Windows 10, Myanmar Fonts and Configuration Settings Review


Windows 10 ကို Virtual Box နဲ့ စမ်းသုံးကြည့်လိုက်တော့ အမြင်အားဖြင့် ဘာမှ သိပ်ထူးခြားမှု မရှိသလို ထင်ရပေမယ့် လက်တွေ့မှာ အပြောင်းအလဲ အတော်များများ ပြုလုပ်ထားတာ တွေ့လာရတယ်။ ဝင်းဒိုးထဲစဝင်ဝင်ချင်းမှာ ပထမဆုံး သတိထားမိတာက Start Menu - သိရသလောက် Desktop နဲ့ Laptop Users အများစုက Charms Bar နဲ့ Start Menu Screen ကို သဘောမကျကြဘူး။ လှသလိုလို ခံစားရပေမယ့် Touch-Enabled Devices မဟုတ်လို့ ထင်သလောက် အသုံးမတဲ့ဘူးလို့ ယူဆလို့ရတယ်။ ဒါကို မိုက်ကရိုဆော့ဖ်ကလည်း လက်ခံတယ်။ နောက်လာမယ့် Windows 10 Final Version မှာ Charms Bar က Touch-Enabled Devices တွေကလွဲရင် ပါလာမှာ မဟုတ်တော့ဘူး။ Start Menu Screen ကတော့ "Taskbar and Start Menu Properties" Dialog Box အောက်က "Start Menu" Tab အောက်မှာရှိတဲ့ "Use the Start menu insted of the Start Screen" ကို Deselect လုပ်ပေးလိုက်ရင် အရင်လို ပြန်ရပါတယ်။


ပြီးတော့ Restart နဲ့ Shut Down ကလည်း အရင်တုန်းကထက်စာရင် Access လုပ်ဖို့ အများကြီး လွယ်ကူသွားပြီ။ အိမ်မှာ တစ်လခြား တစ်ခါလောက် ဝင်းဒိုးပြောင်းတင်လေ့ရှိတော့ Windows 8 တင်တိုင်း အိမ်ကမိန်းမနဲ့ အမြဲပြဿနာ တက်ရတယ်။ သူက Restart နဲ့ Shut Down ဘယ်နားရှိတယ်ဆိုတာ မရှာတတ်ဘူး။ နောက်ပိုင်း သင်ပေးလို့ သုံးတတ်သွားပေမယ့် Windows 8 တို့ 8.1 တို့ဆို သူအာရုံ သိပ်မလာတာ ကျွန်တော် သတိထားမိတယ်။ ခုတိုင်းဆို Windows 10 မှာတော့ အာရုံပြန်လာမယ့် သဘောရှိတယ်။


နောက်ပြီး ဝင်းဒိုးထဲ စရောက်ရောက်ခြင်းမှာ တစ်ခြား ဘာမှ လိုက်မကြည့်ပဲ  မြန်မာဘာသာနဲ့ ပြောင်းသုံးလို့ ရမရ ပထမဆုံး သွားကြည့်ဖြစ်တယ်။ အဖြေကတော့ လက်ရှိအချိန်ထိ "No" ပါ။ အရင် Windows 8 မှာတုန်းကတော့ Windows စတင်တင်ချင်း Keyboard or Input Method မှာ Myanmar ဆိုပြီး ရွေးစရာပါလာတာ သတိထားမိတယ်။ စမ်းလည်း စမ်းကြည့်ခဲ့ဖူးတယ်။ အဲ့လိုတင်လိုက်ရင် မြန်မာလက်ကွက်နဲ့ Keyboard တစ်ခုပါလာပေမယ့် လက်တွေ့သုံးကြည့်တဲ့အခါ တစ်ခြား မြန်မာကီးဘုတ်တွေ ထပ်တင်ရင် Conflict ဖြစ်နေတဲ့ အနေအထားမျိုး တွေ့ရတယ်။ ကိုယ့်စက်တစ်ခုတည်း ဖြစ်တာလားတော့ မပြောတတ်ဘူး။ အခုလည်း Windows 10 မှာ Myanmar Fonts ဆိုလို့ Myanmar Text ဆိုတဲ့ ဖောင့်တစ်မျိုးတည်းကိုပဲ Regular နဲ့ Bold ဆိုပြီး ၂ မျိုးခွဲ ထည့်ပေးထားတာ တွေ့ရတယ်။ အဲ့တာကိုတော့ အားမရဘူး။

နောက်ထပ် စပ်စုမိတာတစ်ခုက အရင် x32-bit Windows တွေမှာ မြန်မာဖောင့်နဲ့ ပတ်သတ်ပြီး ပြဿနာ မရှိခဲ့ဘူး။ မြန်မာလိုမြင်ချင် မြန်မာလိုရိုက်ချင်ရင် သုံးနေကျ Alpha Zawgyi Version 2.0.0.12 သုံးလိုက်ရင် အားလုံးအဆင်ပြေသွားတယ်။ ဒါပေမယ့် x64-bit ကိုပြောင်းသုံးတော့ ကီးဘုတ်က အဆင်ပြေပေမယ့် တချို့ Apps တွေမှာ မြန်မာလို ကောင်းကောင်းမပေါ်တာ တွေ့လာရတယ်။ ဒါပေမယ့် Windows 7 x64-bit အထိ အဲ့တာက ပြဿနာ မဟုတ်သေးဘူး။ ဘာလို့လည်းဆိုတော့ Personalization အောက်က Window Color and Apperence ကို ဝင်လိုက်ရင် Advanced Apperance Settings ဆိုတာရှိတယ်။ အဲ့မှာ Item တစ်ခုချင်းစီကို လိုချင်တဲ့ Font ပြောင်းလို့ရတယ်။ ဒီလောက် အဆင်ပြေနေတဲ့ Apperance Settings က Windows 8 နဲ့ 8.1 လည်း ရောက်ရော ဘယ်နားရောက်သွားမှန်း မသိတော့ဘူး။ အဲ့ဒီ့ Advanced Apperance Settings မပါတာက x32-bit Windows မှာ Alpha Zawgyi Version 2.0.0.12 ရှိနေလို့ ပြဿနာ မဟုတ်ပေမယ့် x64-bit ကိုလည်း ပြောင်းရော အဆင်မပြေတော့ဘူး။ ဒီပြဿနာတွေ ပြေလည်ဖို့ Advanced Apperance Settings များ Windows 10 မှာ ပြန်ပါမလားဆိုပြီး ရှာကြည့်မိတယ်။ လက်ရှိ Windows 10 Technical Preview မှာ ပါမလာသေးတာတော့ သေချာသွားပါပြီ။ Final မှာ ပြန်ပါလာနိုင်မလား ဒါကိုတော့ စောင့်ကြည့်ရဦးမယ်။


နောက်ထပ်ထူးခြားတာတွေကတော့ အရင်က သီးခြားစီဖြစ်နေတဲ့ Metro / Modern / Universal / Windows Store Apps တွေ အခုဆို Desktop ပေါ်မှာ Run နိုင်နေပြီ။ နောက်ပြီး Linux မှာ ရှေးပဝေသဏီတည်းက သုံးလို့ရတဲ့ Virtual Desktops အခု Windows မှာလည်း သုံးနိုင်ပြီ။ နောက် Command Prompt မှာလည်း အများကြီး ပြောင်းလဲမှုလုပ်ထားတာ တွေ့ရတယ်။ အဲ့တာကိုတော့ နောက်မှ ထပ်ရေးဦးမယ်။

TechSectors.

Windows 10 & Myanmar Fonts (Unicode + Non-Unicode) Installation Guide

2016-02-07_131112

Windows 10, Myanmar Fonts and Configuration Settings Review ဆိုပြီး ၂၀၁၄ ခုနှစ် Windows 10 ပေါ်ခါစတုန်းက စရေးဖြစ်ခဲ့တယ်။ ဒါပေမယ့် အဲ့နောက်ပိုင်း ဘလော့ကို ပုံစံပြင်ရုံကလွဲပြီး ဘာမှမလုပ်ဖြစ်၊ စာလည်း မရေးဖြစ်ခဲ့တာ တစ်နှစ်တောင် ကျော်ခဲ့ပြီပေါ့။ မှတ်မှတ်ရရ ၂၀၁၅ ခုနှစ်ထဲမှာ ဘာတစ်ခုမှကို မရေးဖြစ်ခဲ့ဘူး။ အဲ့နောက်ပိုင်း Windows 10 ကို တင်လိုက်ချလိုက်၊ Virtual နဲ့စမ်းလိုက်တော့ လုပ်ဖြစ်တယ်။ အဲ့လိုစမ်းဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်က ရုံးသုံးအဖြစ် အခုနောက်ပိုင်း အတော်နေရာရလာတဲ့ မြန်မာယူနီကုတ်နဲ့ အဆင်ပြေ/မပြေဆိုတာရယ်၊ ရုံးသုံးမဟုတ်ပေမယ့် အင်တာနက် စာမျက်နှာ အများစုမှာ အသုံးများတဲ့ ဇော်ဂျီနဲ့ အဆင်ပြေ/မပြေ သိချင်တာရယ်၊ Non-Unicode Fonts တွေ ဆက်သုံးလို့ ဖြစ်/မဖြစ်ဆိုတာရယ် သိချင်တာကြောင့်ပါ။

တစ်ချို့က Windows 10 ထွက်တာသိကြပေမယ့် ပြောင်းသုံးကြည့်ဖို့ မရဲကြသေးဘူး။ အဓိကက မြန်မာစာပြဿနာကြောင့်လို့ ထင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း Windows 10 ကို ထဲထဲဝင်ဝင်စပြောင်းတာ ၂၀၁၅ နိုဝင်ဘာမှ စတာပါ။ အရင်ကတော့ Windows 8.1 Update 1 ကိုပဲ သုံးဖြစ်တယ်။ Windows 10 အချင်းချင်းတောင် 32 Bit သုံးသူတွေမှာ မြန်မာစာ၊ မြန်မာဖောင့်နဲ့ ပတ်သတ်ပြီး သိပ်ပြဿနာ မရှိပေမယ့် 64 Bit သမားတွေအတွက်တော့ အတော်လေး အခက်အခဲရှိပါတယ်။ အဲ့ဒီအခက်အခဲတွေအကြောင်းနဲ့ ဖြေရှင်းပုံတွေကို ဒီနေရာမှာ ဆွေးနွေးသွားပါ့မယ်။ 32 Bit မှာ ဖောင့်နဲ့ပတ်သတ်ပြီး သိပ်ပြဿနာ မရှိတာမို့လို့ Windows 10 Pro 64 Bit ကိုပဲ အဓိက ဦးတည်ချက်ထားပြီး ပြောသွားပါ့မယ်။

ကြိုတင်ပြင်ဆင်သင့်သော အချက်များ

လက်ရှိဝင်းဒိုးစနစ်မှာ အဆင်ပြေနေပြီး Windows 10 ကို ပြောင်းသုံးကြည့်ချင်သူတွေအတွက် အောက်မှာ ဖော်ပြထားတဲ့အချက်တွေကို Windows မပြောင်းခင် ကြိုတင်လုပ်ဆောင်ထားသင့်ပါတယ်-
  • ကိုယ့်စက်ရဲ့ စွမ်းဆောင်ရည်နဲ့ လိုက်ဖက်မှု ရှိ/မရှိ ကြိုတင်လေ့လာပါ။
  • ကိုယ့် System အတွက်လိုအပ်မယ့် Updated Drivers တွေကြိုတင်စုဆောင်းထားပါ။ (နောက်ဆုံးထွက် Driver Pack Solution လက်ဝယ်ရှိထားရင်လည်း အဆင်ပြေပါတယ်။)
  • x64 Bit သုံးမယ်လို့ စိတ်ကူးရှိရင် x64 Bit နဲ့ဆိုင်တဲ့ Apps တွေ ရနိုင်သမျှ ရှာဖွေပါ။
  • အရေးကြီးတဲ့ဒေတာတွေကို Backup လုပ်ထားပါ။
  • စိတ်အေးလက်အေးရှိတဲ့အချိန်မှ Windows 10 ကိုပြောင်းဖို့ စဉ်းစားပါ။
Windows 10 နှင့် Version အနိမ့်အမြင့် ပြဿနာ

Windows 10 သုံးမယ်ဆိုရင် အခွေရွေးချယ်မှု မှန်ကန်ဖို့ အရမ်းအရေးကြီးပါတယ်။ လက်ရှိ ရန်ကုန်မြို့ ဆော့ဖ်ဝဲလ် စျေးကွက်မှာ ရနေတဲ့ Windows 10 ခွေအတော်များများက Updated Version မဟုတ်ပါ။ လက်ရှိ ကျွန်တော် ဆိုလိုတဲ့ Updated Version ဆိုတာ Windows 10 Version 1511 ကိုဆိုလိုပါတယ်။ Windows 10 Version 1511 က ၂၀၁၅ နိုဝင်ဘာလက ထုတ်ထားတာပါ။

2016-02-07_140120

ဒီ Version ကိုမှ ဘာကြောင့် ကျွန်တော်ညွှန်းနေရလဲဆိုရင် Windows 10 Version 1511 မှာ အရင်စထုတ်ခဲ့တဲ့ Windows 10 ရဲ့ အားနည်းချက်တွေကို Service Pack အနေနဲ့ ပေါင်းထည့်ပြီး ပြန်ပြင်ပေးထားတယ်။ အဲ့တာကြောင့်သုံးရတာ ပိုပြီး Stable ဖြစ်တယ်။ အဲ့တော့ ရန်ကုန် ဆော့ဖ်ဝဲလ်စျေးကွက်မှာ Windows 10 Version 1511 ကို ဘယ်လိုရနိုင်မလဲလို့ မေးစရာရှိလာတယ်။ OS တွေ ရောင်းတဲ့ Excellent လို၊ Active တို့လို ဆိုင်တွေမှာ Windows 10 Version 1511 လို့တော့ မေးဝယ်လို့ရမှာ မဟုတ်ဘူး။ ဒါပေမယ့် ကိုယ်ဝယ်မယ့်အခွေ Cover မှာ Windows 10 Updated January 2016 စသည်ဖြင့် ရေးထားတာပါတယ်ဆိုရင် December 2015 နောက်ပိုင်းထိ Update လုပ်ထားပြီးသား Windows 10 ခွေမှန်သမျှ Version 1511 နဲ့အထက် ဖြစ်လိမ့်မယ်လို့ အကြမ်းဖျဉ်း ခန့်မှန်းလို့ ရတယ်။ အကယ်၍ အချိန်လည်းပေးနိုင်လို့ အင်တာနက်ကနေ တိုက်ရိုက်ဒေါင်းလုပ်ချနိုင်တယ်ဆိုရင် ဒီနေရာကနေ တိုက်ရိုက်ဒေါင်းလုပ်ချလို့ရပါတယ်။ ဖိုင်ဆိုဒ်က 3.5 GB လောက်ရှိပါလိမ့်မယ်။

Windows 10 x64 Bit နှင့် Unicode ပြဿနာ

လက်ရှိ Unicode သုံးပြီး အလုပ်လုပ်နေရတဲ့ ရုံးသမား/ ဘလော့ဂါသမားတွေ Windows 10 x64 Bit ကို ပြောင်းသုံးရင် အရင်ဆုံး ရင်ဆိုင်ရမယ့် ပြဿနာ (၂) ခုရှိပါတယ်။ တစ်ခုက Microsoft Office 2013/2016 x64 Bit တင်ပြီး သုံးတဲ့အခါ အရင်က ယူနီကုတ်နဲ့ မြန်မာလိုရိုက်ထားတဲ့ စာတွေမှာ Open Type Standard Ligatures ကြောင့် စာလုံးတွေကို အမှန်မမြင်ရပဲ တစ်နေရာစီ ဖြစ်နေပါလိမ့်မယ်။ အဲ့ဒီအတွက် ကိုဆန်းထွန်း ရေးထားတဲ့ ယူနီကုဒ်လမ်းညွှန်စာအုပ် စာမျက်နှာနံပါတ် ၇ မှာ Microsoft Word 2013 ရဲ့ Ligature Options ကနေ ဘယ်လိုပြင်ဆင်လို့ရတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ ဒါပေမယ့် အဲ့နည်းလမ်းက ယူနီကုတ်နဲ့ ရိုက်ထားသမျှ စာအားလုံးအတွက် အလုံးစုံ အဆင်ပြေနိုင်ဖို့ မသေချာပါ။ တစ်ခါတစ်လေမှာ Open Type Features က Disable ပုံစံမျိုး ဖြစ်နေတတ်ပါတယ်။ အရင်တည်းကလည်း ယူနီကုတ်ကိုသုံးနေတယ်၊ လက်ရှိမှာလည်း ယူနီကုတ်နဲ့ လုပ်လက်စ အလုပ်တွေ ရှိနေသေးတယ်ဆိုရင် အဆင်အပြေဆုံး ဖြစ်နိုင်မယ့်နည်းလမ်းကတော့ Microsoft Office ကို 2013/2016 ပြောင်းမသုံးသေးဘဲ 2010 ပဲ သုံးကြည့်ပါ။ Microsoft Office 2010 မှာ အပေါ်မှာပြောခဲ့တဲ့ ပြဿနာမျိုး မရှိပဲ ယူနီကုတ်ရော၊ ဇော်ဂျီရော အဆင်ပြေပြေ မြင်ရတွေ့ရပါလိမ့်မယ်။ စာရိုက်ဖို့အတွက် ဆိုရင်တော့ ဇော်ဂျီလက်ကွက်နဲ့ အကျင့်ဖြစ်နေသူတွေအတွက် ဇော်ဂျီလိုရိုက်ပြီး ယူနီကုတ် ထွက်နိုင်ဖို့ Keymagic Installer ဖြစ်ဖြစ်၊ Keymagic Portable ဖြစ်ဖြစ် နှစ်သက်ရာသုံးနိုင်ပါတယ်။ အရင်လူသုံးများနေတဲ့ ဝင်းမြန်မာစာရိုက်စနစ် - WinInnwa5 (သူလည်းပဲ ဇော်ဂျီလက်ကွက်နဲ့ရိုက် ယူနီကုတ်ထွက်) က Windows 10 x64 Bit မှာ အဆင်မပြေပါ။ Install လုပ်လို့ရပေမယ့် စာရိုက်တဲ့အခါ တလွဲတွေထွက်ပါတယ်။ NHM Writer လည်း အဆင်မပြေပါ။ သင်ပုန်းကြီး လက်ကွက်အတိုင်းရိုက်ရတဲ့ ယူနီကုတ်ကီးဘုတ်တွေကတော့ စမ်းမသုံးကြည့်ဖြစ်လို့ အဆင်ပြေမပြေ သေချာမသိပါ။

Win_Uni_Kb_I

Windows 10 x64 Bit နှင့် ZawGyi ပြဿနာ

နောက်တစ်ခုက ဇော်ဂျီပြဿနာပါ။ Windows 10 x32 Bit မှာ ကျွန်တော်တို့ ပုံမှန် သုံးနေကျ Alpha Zawgyi 2008 Version သုံးလိုက်ရင် အဆင်ပြေပေမယ့် Windows 10 x64 Bit မှာ x64 Bit အတွက်သီးသန့်ထုတ်ထားတဲ့ Zawgyi Installer ကို သီးသန့်သုံးရပါမယ်။ လိုအပ်မယ့် ဒေါင်းလုပ်လင့်တွေ အားလုံးအောက်မှာ ပေးထားပါတယ်။ အဲ့လို x64 Bit အတွက်သီးသန့်ထုတ်ထားတဲ့ Zawgyi Installer ကို သုံးလိုက်လို့ အားလုံးပြီးပြီလားဆို မပြီးသေးပါ။ တစ်ချို့က File Names တွေ၊ Folder Names တွေကို အရင်က ဇော်ဂျီသုံးပြီး မြန်မာလိုပေးထားကြတာတွေ ရှိပါတယ်။ အဲ့လို လုပ်ခဲ့ဖူးရင် x64 Bit Zawgyi Installer ကို Install လုပ်ယုံနဲ့ အဆင်မပြေပါ။ x32 Bit မှာသုံးတဲ့ Alpha Zawgyi 2008 Installer ကိုပါ တစ်ခါထပ်တင်ပေးဖို့ လိုပါတယ်။ အဲ့လိုနှစ်ခါတင်ပေးမှ အရင်တုန်းက ဇော်ဂျီနဲ့သုံးပြီး မြန်မာလို အမည်ပေးထားခဲ့တဲ့ ဖိုင်၊ ဖိုဒါအမည်တွေကို မှန်မှန်ကန်ကန် ပြန်တွေ့ရမယ့်အပြင် Ctrl+Shift နဲ့ ဇော်ဂျီစာရိုက်စနစ်ကို သုံးနိုင်ပါလိမ့်မယ်။ တကယ်လို့ Alpha Zawgyi 2008 Installer ကို မသုံးချင်ဘူးဆိုရင် Windows 8 Font Changer ဆိုတဲ့ Portable App ခပ်သေးသေးလေးတစ်ခုရှိပါတယ်။ Zawgyi-One Font ကို Install အရင်လုပ်ထားပြီး သူ့မှာပါတဲ့ Item Name (၅)ခုကို တစ်ခုချင်းစီအလိုက် Zawgyi-One ပြောင်းပေးပြီး Apply လုပ်လိုက်ရင် ဇော်ဂျီနဲ့ရေးထားတဲ့ ဖိုင်၊ ဖိုဒါအမည်တွေကို မှန်မှန်ကန်ကန် ပြန်တွေ့ရနိုင်ပါတယ်။ ဒါပေမယ့် အားနည်းချက်တစ်ခုက Alpha Zawgyi 2008 တင်ထားသလိုမျိုး Spacing တွေ၊ Font Size တွေ သပ်သပ်ရပ်ရပ် မရနိုင်ပါ။

2016-02-07_134818

ယူနီကုတ်သမားများလည်း ထိုနည်းလည်းကောင်းပါပဲ။ ယူနီကုတ်နဲ့ ဇော်ဂျီပူးတွဲသုံးချင်ရင် အပေါ်မှာ ဖော်ပြခဲ့သလို Install လုပ်ထားဖို့ လိုပါတယ်။ Win Researcher တို့၊ Win Innwa တို့လို စာစီစာရိုက်လောကမှာ ခုချိန်ထိ သုံးနေကြတဲ့ Non-Unicode Fonts တွေကတော့ ပုံမှန်အတိုင်း Install လုပ်ပြီး အသုံးပြုနိုင်ပါတယ်။ နောက်ဆုံး အကြံပြုချင်တာကတော့ ယူနီကုတ်သမားတွေ အမြဲမျက်ခြေမပြတ် စောင့်ကြည့်သင့်တဲ့ ယူနီကုတ်ဝက်ဆိုဒ် (၂)ခုရှိပါတယ်။ http://www.myanmarlanguage.org နဲ့ www.mmunicode.org ပါ။ ယူနီကုတ်နဲ့ ပတ်သတ်တဲ့ အပြောင်းအလဲတွေ နောက်တိုး ယူနီကုတ်ဖောင့်အသစ်တွေ သူတို့ဆီမှာ အမြဲရနိုင်ပါတယ်။

FreeDownloadRed_en

KeyMagic Installer & Portable >> https://yadi.sk/d/OjqftVjBoSXSN
Myanmar Unicode Guide >> https://yadi.sk/d/13iOqJhMoSXeN
Non-Unicode Fonts Collection >> https://yadi.sk/d/N9uxOUKjoSY6F
Standard Unicode Fonts Collection >> https://yadi.sk/d/lPR_yHZRoSZBy
ZawGyi Installer x32 Bit & x64 Bit >> https://yadi.sk/d/_c98AWCZoSZLC

TechSectors.

Friday, November 13, 2015

ZAWGYI ONE (32Bit) & (64Bit)


Computer & Internet အတွက် မရှိမဖြစ် ဆောင်ထားသင့်သည့် Font ဆို မမှားလောက် ပါဘူးဗျာ
ဆောင်ထားလိုက်ကြပါဗျာ



Monday, August 10, 2015

Alpha Zawgyi Unicode for Win 7, 8 (64 bit) ထည့်သွင်းနည်း

၁။ Download Alpha Zawgyi Unicode for Windows 7, 8 (64 bit) လင့်ကို နှိပ်ပါမယ်။
 
 
၂။ ၄င်းမှ Save File ကို နှိပ်ရွေးပြီး၊ OK နှိပ်ပါမယ်။ (အကယ်လို့ Internet Download Manager program ဖြင့် အသုံးပြုပါက Start Download ကို နှိပ်ပါမယ်။ ၄င်းသည် Download မှ  Compressed Folder ထဲဝင်ပါမယ်။)
 
၃။ Computer မှ Downloads ကို နှိပ်ပါမယ်။ ၄င်းမှ Zawgyi-keyboard-for windows 8,7 xp 64bit Zip File ပ်ါလာပါမယ်။ ၄င်း Folder ပေါ်တွင် ညာခလစ်နှိပ်ပြီး၊ Extract to Zawgyi-keyboard-for windows 8,7,xp 64bit ကို နှိပ်ပါ။
 
၎။  Zawgyi-keyboard for windows 8, 7 Folder တစ်ခုပေါ်လာပါမယ်။ ၄င်း Folder ကို နှိပ်ဖွင့်ပြီး၊ Setup ကို နှိပ်ဖွင့်ပါ။
 
၅။ ဆက်လက်ပြီး Run ကို နှိပ်ပါမယ်။
 
၆။ စက္ကန့်အနည်းငယ်စောင့်ရပါမယ်။ Installation Complete Message တစ်ခုပေါ်လာပြီး၊ Close ကို နှိပ်ပါမယ်။
 
၇။ သွင်းလို့ပြီးပါပြီး။ Taskbar တွင်  Keyboard icon တစ်ခုပေါ်လာရပါမယ်။ Zawgyi Myanmar Unicode L ရွေးပြီး၊ မြန်မာစာ ရိုက်နိုင်ပါပြီး။ (အဆင်ပြေပါစေ .. )

Thursday, July 9, 2015

WINDOWS 8 FONT CHANGER ဆော့ဝဲ

Windows 8 Font Changer ဆော့ဝဲ
 ++ ကလစ်တစ်ချက်နှိပ်ယုံနဲ့ Desktop မှာ မြန်မာဖောင့်ပေါ်အောင်လုပ်နည်း ++


 စက်ထဲကို ZawgyiOne သွင်းတဲ့အခါမှာ နောက်ဆုံးမှာ စာကိုနှိပ်ပြီး စက်ကို Restart ချခိုင်းပါတယ် ။

တစ်ချို့ကမိမိအသုံးပြုတဲ့အရာလေးတွေရှိလို့ Restart မရွေးချယ်ပေးလိုက်ပါဘူး ။
အဲ့မှာ မိမိစက် ဘာတွေဖြစ်ပေါ်လာလဲဆိုတော့ တခြားနေရာနှင့် Desktop မှာ မြန်မာဖောင့်တွေ အတုံးတွေဖြစ်ပေါ်နေမှာဖြစ်ပါတယ် ။

Win 8.1 မှာကြတော့လဲ Restart ရွေးချယ်ခဲ့ကြသလို ။
ဘယ်လိုနည်း ဘယ်ဆော့ဝဲနဲ့ပဲထည့်ထည့် Desktop မှာ မြန်မာဖောင့်တွေ အတုံးတွေပဲ ဖြစ်နေကြတာကို ကြုံတွေ့ရတတ်ပါတယ် ။

တခြားနေရာ Browser ပိုင်းတွေမှာ သက်ဆိုင်ရာ Settings များကိုဝင်၍ ZawgyiOne ကို အပ်ပေးလိုက်တာနဲ့ မြန်မာဖောင့်ကို မြင်တွေ့နိုင်သလို....

Desktop မှာ မြန်မာဖောင့်မြင်တွေ့နိုင်ဖို့ကို
Right Click နှိပ်ကာ >>> Personalize ထဲဝင်ရောက်ပြီး >>> Color ထဲဝင် >>> iCon >>> ZawgyiOne ဆိုပြီး ရွေးချယ်ပေးလိုက်ရင် ရသွားပါတယ် ။

တစ်ချို့ Windows 7 နဲ့ 8 / 8.1 တွေမှာ Personalize မပါတာရှိကြသလို....
ပါဝင်လာတော့လဲ Color ထဲဝင် iCon >>> Fonts ရွေးဖို့ရန်လဲ ဖက်ရှင်ပါဝင်လာခြင်းမရှိပါဘူး ။

ထိုပြသနာများကို ဖြေရှင်းနိုင်ဖို့ရန် ကလစ်တစ်ချက်နှိပ်ယုံနဲ့ Desktop မှာ မြန်မာဖောင့်ပေါ်အောင်
လုပ်နိုင်တဲ့ဆော့ဝဲကို တင်ပေးလိုက်ပါတယ် ။

လိုချင်သူများ ဒီမှာသွားရောက်ဒေါင်းယူနိုင်ပါတယ် 

အိုင်တီရဲကို

Monday, July 6, 2015

win7 64bit တွင် zawgyi font မရသူများအတွက်

Windows 7 (64-bit) အတွင်းတွင် Alpha Zawgyi Uni-code ကို ထည့်သွင်းအသုံးပြုသောအခါ စာရိုက် 

မရသည့် ပြဿနာများ ကြုံတွေ့ရတတ်ပါသည်။ ထိုကဲ့သို့ ကြုံတွေ့ခဲ့ရပါက Zawgyi Keyboard Layout လေး

ကို Download ပြုလုပ်၍ install တင်လိုက်ခြင်း အားဖြင့် အဆင်ပြေသွားနိုင်ပါသည်။ မိမိအသုံးပြုနေသည့် 

ကွန်ပျူတာရဲ့ Operation System ဟာ 32-bit လား၊ သို့မဟုတ် 64-bit လားဆိုတာကို စစ်ဆေးကြည့်ရှုနိုင်

ရန် My Computer ရဲ့အပေါ်မှာ Right Click တစ်ချက်နှိပ်၍ Properties ကို ရွေးချယ်လိုက်ပါ။ ထိုအခါတွင် 
အထက်ပါ ပုံစံအတိုင်း System type တွင် 64-bit လား၊ 32-bit လား ဆိုသည်ကို ဖော်ပြပေးထားပါတယ်။ 

ထို့ကြောင့် 64-bit ဖြစ်နေသော သင့်စက်အတွက် Alpha Zawgyi ကို install ပြုလုပ်သောအခါတွင် 

conflict ဖြစ်နေရခြင်းပင် ဖြစ်သည်။

-အကယ်၍များ သင့်စက်တွင် Language Bar မပေါ်လာခဲ့ပါက Control Panel အတွင်းမှ Regional and 

Language ကို Open လုပ်ပါ။ ပေါ်လာသော Menu အတွင်းမှ Language Bar ကို Click နှိပ်၍

 ရွေးချယ်ပေးပါ။ ဆက်လက်၍ Docked in the taskbar နှင့် Show text labels on the Language bar 

ကို အမှန်ခြစ်တပ်ရွေး ချယ်လိုက်ပါ။
-သင့်စက်ရဲ့ Language Bar အတွက် Key Sequence များကို ပြောင်းလဲလိုပါက Advanced Key 

Settings ကို ရွေးချယ်ရပါမည်။ ထို့နောက် Change Key Sequence ကို Click တစ်ချက်နှိပ်လိုက်ပါ။

 ထို့နောက် Ctrl + Shift ကို ရွေးချယ်လိုက်နိုင်ပါသည်။ ဒါဆိုရင် Windows 7 (64-bit) အတွင်း မြန်မာစာနဲ့ 

အင်္ဂလိပ်စာကို Ctrl + Shift တွဲနှိပ်၍ အလှည့်ကျ ရိုက်လို့ရသွားပေမည်။ ပြီးပြီဆိုရင်တော့

Apply  OK နှိပ်၍ ပြန်ထွက်လိုက်ပါ။ အဆင်ပြေ ကြပါစေဗျာ

Monday, June 29, 2015

Zawgyi Keyboard Installer for Windows 7 (64-bit)


Windows 7 (64-bit) အတွင်းတွင် Alpha Zawgyi Uni-code ကို ထည့်သွင်းအသုံးပြုသောအခါ စာရိုက် မရသည့် ပြဿနာများ ကြုံတွေ့ရတတ်ပါသည်။ ထိုကဲ့သို့ ကြုံတွေ့ခဲ့ရပါက Zawgyi Keyboard Layout လေးကို Download ပြုလုပ်၍ install တင်လိုက်ခြင်း အားဖြင့် အဆင်ပြေသွားနိုင်ပါသည်။ မိမိအသုံးပြုနေသည့် ကွန်ပျူတာရဲ့ Operation System ဟာ 32-bit လား၊ သို့မဟုတ် 64-bit လားဆိုတာကို စစ်ဆေးကြည့်ရှုနိုင်ရန် My Computer ရဲ့အပေါ်မှာ Right Click တစ်ချက်နှိပ်၍ Properties ကို ရွေးချယ်လိုက်ပါ။ ထိုအခါတွင် အထက်ပါ ပုံစံအတိုင်း System type တွင် 64-bit လား၊ 32-bit လား ဆိုသည်ကို ဖော်ပြပေးထားပါတယ်။ ထို့ကြောင့် 64-bit ဖြစ်နေသော သင့်စက်အတွက် Alpha Zawgyi ကို install ပြုလုပ်သောအခါတွင် conflict ဖြစ်နေရခြင်းပင် ဖြစ်သည်။

-အကယ်၍များ သင့်စက်တွင် Language Bar မပေါ်လာခဲ့ပါက Control Panel အတွင်းမှ Regional and Language ကို Open လုပ်ပါ။ ပေါ်လာသော Menu အတွင်းမှ Language Bar ကို Click နှိပ်၍ ရွေးချယ်ပေးပါ။ ဆက်လက်၍ Docked in the taskbar နှင့် Show text labels on the Language bar ကို အမှန်ခြစ်တပ်ရွေး ချယ်လိုက်ပါ။
-သင့်စက်ရဲ့ Language Bar အတွက် Key Sequence များကို ပြောင်းလဲလိုပါက Advanced Key Settings ကို ရွေးချယ်ရပါမည်။ ထို့နောက် Change Key Sequence ကို Click တစ်ချက်နှိပ်လိုက်ပါ။ ထို့နောက် Ctrl + Shift ကို ရွေးချယ်လိုက်နိုင်ပါသည်။ ဒါဆိုရင် Windows 7 (64-bit) အတွင်း မြန်မာစာနဲ့ အင်္ဂလိပ်စာကို Ctrl + Shift တွဲနှိပ်၍ အလှည့်ကျ ရိုက်လို့ရသွားပေမည်။ ပြီးပြီဆိုရင်တော့ Apply > OK နှိပ်၍ ပြန်ထွက်လိုက်ပါ။ အဆင်ပြေ ကြပါစေဗျား။

Wednesday, June 17, 2015

Zawgyi-One နှင့် Unicode နှစ်မျိုးလုံးသုံးချင်သူများအတွက်ပါ





 
ကျွန်တော်ဒီနေ့တော့ ကွန်ပျူတာကို စတင်အသုံးပြုသူတွေအတွက် Zawgyi-One Install လုပ်နည်းနဲ့ အခု နောက်ပိုင်းပေါ်လာတဲ့ Unicode နဲ့Zawgyi-One နှစ်မျိုးလုံးကိုမိမိတို့ရဲ့ကွန်ပျူတာမှာလွယ်လွယ်ကူကူနဲ့ အသုံးပြုနိုင်စေဖို့အတွက်..ဒီပို့စ်လေးကိုရေးဖြစ်သွားတာဖြစ်ပါတယ်..Zawgyi-One ကို Install လုပ်တဲ့ အခါမှာ 32 Bits အတွက်အခက်အခဲမရှိပေမယ့် 64 Bits အတွက် Install လုပ်တဲ့အခါမှာအခက်အခဲလေး တွေရှိတက်တာကိုတွေ့ရပါတယ်..ဒီပို့စ်လေးက စတင်လေ့လာကာစ နဲ့မသိသေးသူများ အတွက်သာရည် ရွယ်ရေးသား တာဖြစ်တဲ့အတွက် သိပြီးသားသူများအနေနဲ့ တော့လိုအပ်လိမ့်မယ်လို့ မထင်ပါဘူး..ကျွန်တော် တို့ Zawgyi-One ကိုအရင်ဆုံး အောက်မှာမိမိတို့အဆင်ပြေတဲ့ လင့်ကနေဒေါင်းလော့ချလိုက်ပါ..
 Zawgyi-One ကို Install လုပ်နည်း
 

အရင်ဆုံး Zawgyi-One-20060620 ကို Install လုပ်လိုက်ပါ.. Zawgyi-One-20060620 ကို Install လုပ်ပြီးပြီဆိုရင်တော့ Keyboard အတွက် 32 Bits ဆိုတဲ့ Folder ထဲမှာရှိတဲ့  zfk-eg-wc2 ကို Install လုပ် ပေးလိုက်ပါ..ဒါဆိုရင် 32 Bits Users များအတွက် မိမိတို့ရဲ့ ကွန်ပျူတာမှာ Zawgyi-One ဖောင့်ကို ကောင်းကောင်းအသုံးပြုလို့ရသွားပြီဖြစ်ပါတယ်..
For 64 Bits
 
32 Bits အတွက် Install လုပ်ပြီးသွားပြီ ဆိုရင်တော့ ကျွန်တော်တို့  64 Bits User များအတွက် Zawgyi-One ဖောင့်ကို အသုံးပြုလို့ရအောင်ဘယ်လိုဆက်လုပ်ရမယ်ဆိုတာကိုပြောပြပေးပါမယ်..တစ်ချို့ က ဒီအဆင့်လေးကိုမသိတဲ့ အတွက် Zawgyi-One ကိုသုံးလို့မရတာတွေဖြစ်တက်ပါတယ်..ဒေါင်းလော့ချ ထားတဲ့ ဖိုဒါလေးထဲက 32Bits အတွက် Install လုပ်ပြီးသွားပြီဆိုရင်တော့ 64 Bits ဆိုတဲ့ Folder လေး ထဲကိုသွားလိုက်ပါ..ပြီးရင်အဲ့ဒီဖိုဒါလေးထဲက install_me ဆိုတာလေးကို Install လုပ်ပေးလိုက်ပါ..ပြီးရင် မိမိတို့ ကွန်ပျူတာကို restart ချပေးလိုက်ယုံပါပဲ..ဒါဆိုရင် 64 Bits မှာ Zawgyi-One ကိုအသုံးပြုရတာ အဆင်ပြေသွားပါလိမ့်မယ်..
Zawgyi-One Download 
Download From Ifile.it
Download  From  Mediafire
Zawgyi and Unicode
 

နောက်တစ်ခုကတော့ Unicode ရော Zawgyi-One ရော Install လုပ်ပြီးသုံးချင်သူတွေအတွက်အဆင်ပြေ မယ့်နည်းလမ်းလေးပါ..။အပေါ်မှာရှင်းပြခဲ့သလို မိမိတို့ရဲ့ကွန်ပျူတာမှာ Zawgyi-One Font ကို Install လုပ် ပြီးပြီဆိုရင်တော့ ကျွန်တော်တို့ Unicode ကို မိမိတို့စက်မှာသွင်းဖို့အတွက် Unicode Font တွေကိုဒေါင်းလော့ချ လိုက်ပါ..Unicode အတွက် ဖောင့်တွေကိုဒေါင်းလော့ချပြီးပြီဆိုရင်တော့ အထဲမှာပါတဲ့ mm3 , winuniiw ,  yunghkio_pop_april_22_ship စတဲ့ ဖောင့်တွေအကုန်လုံးကို Install လုပ်လိုက်ပါ.ဒါဆိုရင်မိမိတို့ရဲ့စက်မှာ Zawgyi-One ရော Unicode ရော နှစ်မျိုးလုံးနဲ့ရေးထားတဲ့ စာတွေကိုဖတ်လို့ရသွားပါပြီ.။နောက်ထပ် Unicode လက်ကွက်ကိုအသုံးပြုနိုင်ဖို့အတွက် မိမိတို့ရဲ့ ကွန်ပျူတာမှ KeyMagic လေးကို Install လုပ်လိုက်ပါ..ဒါဆိုရင် ကျွန်တော်တို့ကZawgyi-One ကိုအသုံးပြုမယ် ဆိုရင် ကီးဘုတ်က Shift နဲ့ Ctrl ကိုနှိပ်ပြီးပြောင်းသုံးနိုင်သလို Unicode လက်ကွက်ကိုသုံးမယ်ဆိုရင်လဲ Keyboard မှ Ctrl + Shift + Z ကိုနှိပ်ပြီးပြောင်း သုံးလို့ရသွားပါပြီ..။ ဒါကတော့ လက်ရှိအသုံးပြုနေကြတဲ့ Zawgyi-One နဲ့ Unicode နှစ်မျိုးလုံးကိုမိမိတို့ရဲ့ ကွန်ပျုတာမှာ လွယ်လွယ် ကူကူနဲ့ အသုံးပြုနိုင် ဖို့အတွက် ကျွန်တော်သိသလောက်ပြန်ပြီးတော့မျှဝေပေးခြင်းသား ဖြစ်ပါတယ်..
Unicode Fonts Download 
Download  From  IFile.it
Download  From  Mediafire
KeyMagic  Download 
Download  From Ifile.it
Download  From  Mediafire
                

Sunday, June 14, 2015

Window 7 အတွက် Zawgyi


 
Window 7 သုံးပြီး ဇော်ဂျီဖောင့် သုံးမရလို့ မေးမေးလာတဲ့ စာဖတ်သူများအတွက် ဖော်ပြပေးလိုက်ပါတယ်။ ယခု ဖော်ပြပေးတဲ့ ဇော်ဂျီဖောင့် Installer ကို အသုံးပြုကြည့်ပါ။ ဒီဖောင့်က Window 7 မှာ အဆင်ပြေတယ် ပြောပါတယ်။ သုံးကြည့်ပါ။ မိမိအနေနဲ့တော့ မစမ်းထားတဲ့အတွက် မသိပါ။ Window XP ကို အသုံးပြုနေတဲ့အတွက်ကြောင့်ပါ။ ဒီတွင် Download လုပ်ယူပါ။