Showing posts with label Computer Copy and Sent Software. Show all posts
Showing posts with label Computer Copy and Sent Software. Show all posts
Sunday, July 31, 2016
Zapya For Pc ( All Windows )
Post အမျိုးအစား
Computer Copy and Sent Software
Friday, July 3, 2015
Zapya 2.1.0 ကွန်ပျူတာနှင့် Android ဖုန်းများ Bluetooth မလိုပဲ ဆက်သွယ်လို့ရပြီ

(OR)
ကွန်ပျူတာမှာ Install ထည့်ပြီးရင်တော့ နာမည်နဲ့ ပါတ်စ်ဝါဒ့်ကို မိမိတို့ စိတ်ကြိုက် ပြောင်းထားလိုရင်တော့
အောက်ကပုံနေရာမှာ ကလစ်ပြီး ပြောင်းထားနိုင်ပါတယ်..။ ပါတ်စ်ဝါ့ဒ်မှာ ၈-လုံးထားပေးရပါတယ်..။
နာမည်ကိုတော့ စိတ်ကြိုက်ထားပါ..။
အောက်ကပုံမှာ Android ဖုန်းကနေ ရှာယူတာပါ..။
ဖုန်းကနေ ရှာဖို့ အပေါ်ပုံမှ အဝါရောင် နေရာကို နှိပ်ပြီးရှာပါ..။ ဖုန်းအချင်းချင်း ဆက်သွယ်မယ်ဆိုရင်တော့
ဖုန်း၂-လုံးစလုံးမှာ ဒီဆော့ဝဲလ်ကို ထည့်ထားပြီး လက်ခံယူမယ့်ဖုန်းက Create Group အပြာရောင် စာသားနေရာကို နှိပ်လိုက်ပါ..။ ပြီးမှ ပို့ပေးချင်တဲ့ ဖုန်းက အဝါရောင် စာသားကို နှိပ်ပြီး ရှာလိုက်ရင်
ဖုန်းမော်ဒယ်နာမည်နဲ့ ပေါ်လာမှာပဲ ဖြစ်ပါတယ်..။ အောက်ကပုံအတိုင်း ရှာပါလိမ့်မယ်..။
ရှာလို့ တွေ့ပြီဆိုရင်တော့ အောက်ကပုံအတိုင်း နာမည်နဲ့ ပေါ်လာမှာပဲ ဖြစ်ပါတယ်..။
အဲ့ဒီနာမည်နေရာကို တချက်နှိပ်လိုက်ပါ..။
ပါတ်စ်ဝါ့ဒ်တောင်းမှာဖြစ်လို့ အပေါ်ဆုံးမှာ ဖြည့်ထားခဲ့တဲ့ ပါတ်စ်ဝါ့ဒ် ၈-လုံးကို မှန်အောင်
ရိုက်ထည့်ပေးလိုက်ပါ..။ ပြီးရင် Apply ပေးလိုက်ပါ..။
အပေါ်ပုံအတိုင်း ဖုန်းမှာ Connecting လုပ်နေရင် ခဏစောင့်ပေးလိုက်ပါ..။ Connected ဖြစ်သွားရင်တော့ ကွန်ပျူတာမှာ အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မယ်..။ ကွန်ပျူတာကနေ ဖိုင်တွေ ပုံတွေပို့လိုရင်တော့ Send File စာသားကို နှိပ်ပြီး ဖိုင်တွေကို ပုံတွေကို ရှာယူပြီး ဖုန်းထဲကို ပို့လို့ ရပါပြီ..။
ဖုန်းတွေမှာတော့ အောက်ကပုံလေးအတိုင်း ဆက်ပေါ်နေပါလိမ့်မယ်..။
ဖုန်းတွေကနေ ပို့လိုတဲ့ ဖိုင်တွေ ပုံတွေကို အပေါ်ကပုံအတိုင်း အနီဝိုင်းပြထားတဲ့ နေရာတွေမှာ
ရှာပြီး ပို့လို့ ရပါပြီ..။
အေက်ကပုံမှာတော့ မိမိတို့ ပို့လိုတဲ့ ပုံကို ဖိထားပြီး နာမည်ပေါ်နေတဲ့ နေရာဆီကို ဆွဲသွားလိုက်ရင်လည်း ပို့လို့ရသလို၊ Send စာသားကို နှိပ်ပြီးလည်း ပို့လို့ ရပါတယ်..။
ပုံတစ်ရာလောက်ကိုလည်း တခါတည်း ပို့လို့ ရပါတယ်..။ အောက်ကပုံအတိုင်း အမှန်ခြစ်လေးတွေ ပေါ်အောင် Select ပေးပြီး Send နဲ့ ပို့လိုက်ပါ..။ အဆင်ပြေပါတယ်..။ အားနည်းချက်ကတော့ ၂-မိနစ်ကျော်လောက်ပဲ Connect ဖြစ်ပါတယ်..။ Connect ပြတ်သွားရင်တော့ အပေါ်ကနည်းအတိုင်း ပြန်ပြီး Connect ပြန်ယူပြီး ပြန်သုံးလို့ ရပါတယ်..။
အောက်ကပုံအတိုင်း ကွန်ပျူတာမှာ ပုံတွေကို လက်ခံရနေပါလိမ့်မယ်..။
Network နေရာမှာ အမှန်ခြစ်လေး ပေါ်နေရင်တော့ ကွန်ပျူတာကနေ Wifi ပြန်ထုတ်ပေးနေတာ ဖြစ်ပါတယ်..။ အကြာကြီးတော့ မရပါ..။ မိနစ်ပိုင်းလောက်သာ အသုံးပြုလို့ ရပါတယ်..။ ဒီလောက်ဆိုရင်တော့ ဒီဆော့ဝဲလ်လေးကို အသုံးပြုတတ်လောက်ပါပြီ..။ အားလုံးပဲ အဆင်ပြေပါစေ..။
Post အမျိုးအစား
Computer Copy and Sent Software,
Computer ဆိုင်ရာ
Subscribe to:
Posts (Atom)












