Showing posts with label Computer Error ဆိုင်ရာ. Show all posts
Showing posts with label Computer Error ဆိုင်ရာ. Show all posts

Thursday, April 28, 2016

TweakBit FixMyPC 1.7.1.0 Full Incl Crack


Installation Instructions:
1- Open [fix-my-pc-setup.exe] and install the software.
2- Do not open the program. Close it completely.
3- Go to crack folder and copy/paste “SHFolder.dll” to installation directory and replace the original file.
5- Enjoy FixMyPC 1.7.1.0 Latest Full Version.

DOWNLOAD

Sunday, November 29, 2015

Windows 8 Windows 8.1 Windows 7 ကို Windows အစီရင်ခံအမှား disable လုပ်ရန်

Windows 8 Windows 8.1 Windows 7  ကို Windows အစီရင်ခံအမှား disable လုပ်ရန်


1. Start >>> Control Panel >>> Action Center ကို နှိပ်ပါ ။


Change Action Center settings ကို နှိပ်ပါ ။


Problem reporting settings ကို နှိပ်ပါ ။


Never Check for solution(not recommended) ရွေး Ok နှိပ်ပါ ။


The End

Problem uploading to the Windows Error Reporting service

Problem uploading to the Windows Error Reporting service

 
1. Windows Key + R  >>> Run Box တွင် services.msc လို့ ရိုက်ထည့် Enter နှိပ်လိုက်ပါ ။
Windows Error Reporting service ကို Double Click နှိပ်ပါ ။
Start ကို နှိပ်ပါ။ ခဏစောင့် ပြီးရင် Apply >>> Ok 
မိမိ Computer လေးအား Restart လုပ်ပေးလိုက်ပါ။
The End

Thursday, November 12, 2015

Download Nero Burning Rom 2016 Portable



Download Nero Burning Rom 2016 Portable လေးပါ
Portable သိတယ်ဟုတ် install လုပ်ရန်မလိုပဲ
Double Click နှိပ်ပြီ Open
အသုံးပြုရုံပဲလေ :-)

Wednesday, September 2, 2015

♪ WINDOWS COMPUTER ကို FACTORY RESET ပြုလုပ်နိုင်မယ့် နည်း (၄) နည်း ♫

သင့်ကွန်ပြူတာ လေးလံလာလို့ ဖြစ်ဖြစ်၊ Virus ကူးစက်လို့ ဖြစ်ဖြစ် ၊ ဖြေရှင်းမရတဲ့ Error ဖြစ်လို့ပဲ ဖြစ်ဖြစ် မူလအခြေအနေ ကို ပြန်ရောက်ရှိဖို့ အမြန်ဆုံး နဲ့ အလွယ်ဆုံး နည်းက စက်ရုံထုတ်အနေအထား အတိုင်း ပြန်ဖြစ်သွားအောင် ပြုလုပ်တာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Factory Reset ချတာဖြစ်ပါတယ်။ စမတ်ဖုန်းများ မှာ Factory Reset ချနိုင်တဲ့ စွမ်းဆောင်ချက် ကို ထည့်သွင်းပေးထားပါတယ်။ Wimdows Computer မှာလည်း Factory Reset ချနိုင်တဲ့ နည်းလမ်းများ ရှိပါတယ်။

Recovery Partitiion ကို အသုံးပြုပါ။
-------------------------------------
နောက်ပိုင်းထုတ် ကွန်ပြူတာများ မှာ Operating System ကို ကြိုတင်ထည့်သွင်းပေးထားပြီး Recovery Partition ပါရှိကြပါတယ်။ Recovery Partition ကို အသုံးပြုပြီး ၀င်းဒိုး ကွန်ပြူတာ ကို စက်ရုံထုတ်အခြေအနေ အတိုင်း ပြန်ဖြစ်အောင် ပြုလုပ်နိုင်ပါတယ်။
ကွန်ပြူတာ မှာ Recovery Partition ပါမပါ သိနိုင်ဖို့ My Computer ပေါ်မှာ Right Click နှိပ်ပြီး Manage ကိုနှိပ်ပါ။ Computer Management Window ပေါ်လာရင် ဘယ်ဘယ် Side Bar မှာ ရှိတဲ့ Storage အောက်က Disk Management ကိုနှိပ်ပါ။ အဲဒီမှာ Partition အားလုံး ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Recovery Partition ရဲ့ အရွယ်အစား မှာ 8GB ကနေ 20GB ၀န်းကျင်ရှိတတ်ပါတယ်။ အဲဒီအရွယ်အစား ရှိတဲ့ Partitioin ကိုတွေ့ရင် Recovery Partition ပါရှိတယ်လို့ ယူဆလို့ရပါတယ်။
Recovery Partition ကို အသုံးပြုပြီး ကွန်ပြူတာ ကို Factory Reset ချဖို့အတွက် အရင်ဆုံး ကွန်ပြူတာ ကို ပိတ်ပါ။ Power Button ကိုနှိပ်ပြီးတာနဲ့ ကွန်ပြူတာ အမျိုးအစားအလိုက် အောက်ဖော်ပြပါ ခလုတ်များ ကို နှိပ်ရမှာ ဖြစ်ပါတယ်။
o Acer – Alt + F10
o Asus – F9
o Dell/Alienware – F8
o HP – F11
o Lenovo – F11
o MSI – F3
o Samsung – F4
o Sony – F10
o Toshiba – 0 ( ကီးဘုတ် အပေါ်ထိပ်က Zero Key ကိုနှိပ်ရမှာ ဖြစ်ပါတယ်။ Numpad မှ Zero Key ကိုနှိပိရမှာ မဟုတ်ပါ။)
ကွန်ပြူတာ အမျိုးအစား အလိုက် သက်ဆိုင်ရာ ခလုတ်များ ကို နှိပ်ရင် Recovery Partition ကို အသုံးပြုလို့ရပါပြီ။ ပြီးရင် ညွှန်ကြားချက် အတိုင်းဆက်လက်ပြုလုပ်ပါ။ Program တစ်ခု ကို အင်စတော လုပ်ရင် တွေ့မြင်ရတဲ့ Wizard များလိုပဲ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ကွန်ပြူတာ တစ်လုံး နဲ့ တစ်လုံး ပြုလုပ်ပုံခြင်း မတူညီပေမယ့် ခက်ခဲမှု မရှိဘဲ လွယ်ကူပါတယ်။

Recovery Installer က Factory Reset ချပြီးတာနဲ့ သင့်ကွန်ပြူတာ ဟာ စက်ရုံထုတ် အခြေအနေ ကို ပြန်လည်ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

Recovery Discs ကို အသုံးပြုပါ။
---------------------------------

သင့်ကွန်ပြူတာ မှာ Recovery Partition မပါရှိရင် Recovery Disc ကို အသုံးပြုနိုင်ပါတယ်။ Operating System ကို ကြိုတင်ထည့်သွင်းထားတဲ့ ကွန်ပြူတာများ မှာ Recovery Disc ပါရှိတတ်ကြပါတယ်။ Recovery Disc များဟာ CD or DVD အချပ်များဖြစ်ပြီး သင့်ကွန်ပြူတာ ကို Factory Reset ချပေးနိုင်ပါတယ်။
Recovery Disc ကို အသုံးပြုရတာ Recovery Partition ကို အသုံးပြုပုံ နဲ့ တူညီပါတယ်။ ဒါပေမယ့် Recovery Partition ကို Boot တက်ရမှာ မဟုတ်ဘဲ BIOS Settings ထဲမှ Boot Order မှာ CD or DVD ကို ပြောင်းလဲပြီး Boot တက်ရမှာ ဖြစ်ပါတယ်။ BIOS Settings ထဲ ၀င်နည်းက ကွန်ပြူတာ တစ်လုံး နဲ့ တစ်လုံး မတူပါ။ Power ဖွင့်ပြီးရင် ပေါ်လာတဲ့ ကီး ကိုနှိပ်ပေးရမှာ ဖြစ်ပါတယ်။
သင့် ကွန်ပြူတာ မှာ Recovery Disc မပါရှိရင် လည်း ကိုယ်တိုင်ပြုလုပ်နိုင်ပါတယ်။ ၀င်းဒိုး မှာ Recovery Disc or Drive ပြုလုပ်ပေးနိုင်တဲ့ စွမ်းဆောင်ချက် ပါရှိပါတယ်။ ကွန်ပြူတာ ပြဿနာများ မဖြစ်မီမှာ Recovery Disc or Drive များ ပြုလုပ်ထားသင့်ပါတယ်။
တစ်ချို့ ထုတ်လုပ်သူများ က Recovery Disc များပြုလုပ်ဖို့ အတွက် Program များ ထည့်သွင်းပေးထားတတ်ပါတယ်။ Recovery Disc ပြုလုပ်ထားခြင်း အားဖြင့် Recovery Partition များကိုဖျက်ပစ်နိုင်ပြီး ကွန်ပြူတာ မှာ နေရာလွတ်များ ရရှိနိုင်ပါတယ်။

Windows 8 ရဲ့ Refresh or Reset ကို အသုံးပြုပါ။
----------------------------------------------------
Windows 8 ကစပြီး ကွန်ပြူတာ ကို Refresh နဲ့ Reset လုပ်နိုင်တဲ့ စွမ်းဆောင်ချက်များ ကို ထည့်သွင်းပေးထားပါတယ်။ အဲဒီစွမ်းဆောင်ချက်များ က အပေါ်ကနည်းများထက် ပိုမိုလွယ်ကူ လျှင်မြန်စွာ ကွန်ပြူတာ ကို Factory Reset ပြုလုပ်ပေးနိုင်ပါတယ်။
Refresh လုပ်တယ်ဆိုတာက ကိုယ်ပိုင် ဒေတာများ နဲ့ Metro Apps များကို သိမ်းပေးထားမှာ ဖြစ်ပေမယ့် အခြား Apps အားလုံး ကို ဖျက်ပစ်မှာ ဖြစ်ပါတယ်။
Reset လုပ်ရင် ကိုယ်ပိုင်ဒေတာများ အပါအ၀င် Metro App နဲ့ အခြား App အားလုံး ကို ဖျက်ပစ်မှာ ဖြစ်ပါတယ်။ ကွန်ပြူတာ ကို စက်ရုံထုတ် အခြေအနေ ရောက်အောင် ပြုလုပ်မှာ ဖြစ်ပါတယ်။ ကွန်ပြူတာ ကို အခြားသူ ကို ရောင်းတော့မယ်ဆိုရင် Reset လုပ်သင့်ပါတယ်။ Reset လုပ်ရင် ၀င်းဒိုး ကို ပြန်ပြီး အင်စတော လုပ်ပေးမှာ ဖြစ်ပေမယ့် ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များ နဲ့ Programs အားလုံး ကို ဖျက်ပေးမှာပါ။
Refresh or Reset လုပ်ဖို့အတွက် Windows Key + C ကိုနှိပ်ပြီး Charm Bar ကိုဖွင့်ပါ။ Settings > Change PC Settings ကိုနှိပ်ပါ။ General ကဏ္ဍ မှာ Refresh or Reset ပြုလုပ်နိုင်ပါတယ်။

သင့် Windows 8 ကွန်ပြူတာဟာ လုံးဝ Boot မတက်နိုင်တော့ရင် လည်း Refresh or Reset ကို အသုံးပြုနိုင်ပါတယ်။ဒီလိုအနေအထားမှာ Windows 8 Installation CD/DVD ကို ထည့်ပြီး Repair ကိုနှိပ်ပါ။ဒါဆိုရင် Refresh or Reset ကို အသုံးပြုနိုင်ပါပြီ။

ဝင်းဒိုး ကို Reinstall ပြုလုပ်ပါ။
--------------------------------
သင့်ကွန်ပြူတာ မှာ Recovery Partition or Recovery Disc များမပါရှိဘူးဆိုရင် ဒါမှမဟုတ် Windows 8 ကို အသုံးပြုတာမဟုတ်ရင် နည်းလမ်းဟောင်း ကိုအသုံးပြုပြီး ကွန်ပြူတာ ကို Factory Reset ချနိုင်ပါတယ်။ ၀င်းဒိုး ကို Clean Install ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ ၀င်းဒိုး အခွေ ကို စက်ထဲထည့် ပြီး CD or DVD ကနေ Boot တက်ရမှာ ဖြစ်ပါတယ်။ Custom or Upgrade ရွေးရမယ့်နေရာမှာ Custom ကိုရွေးပြီး Clean Install လုပ်ရမှာပါ။

စမတ်ဖုန်းများ မှာသာမကဘဲ ကွန်ပြူတာ မှာပါ Factory Reset လုပ်နိုင်တယ်ဆိုတာ စာဖတ်သူ သိရှိပါပြီ။ သင့်ကွန်ပြူတာ မှာ ပြဿနာများ ကြုံတွေ့ရတဲ့အခါ ၊ Virus ကူးစက်တဲ့ အခါများ မှာ အပေါ်ကနည်းလမ်းများကို အသုံးပြုပြီး ကွန်ပြူတာ ကို Factory Reset ပြုလုပ်နိုင်ပါတယ်။

Myanmar Digital Life Journal

Thursday, July 23, 2015

windows 7 audio problem

ဒီနည်းလမ်းလေးက မိမိစက်မှာ အင်တာနက်ချိတ်ဆက်ထားဖို့ တော့လိုအပ်မှာဖြစ်ပါတယ်. 
ဝင်းဒိုး ၇ အသုံးပြုတဲ့ လူတိုင်းလိုလို ဒီလိုအသံမလာတဲ့ပြဿနာ ကိုကြုံတွေ့ ကြ ရပါတယ်. 
  

1.start > Run > gpedit.msc - enter.
2.computer configuration / administrative templates / system / device installation / device installation restrictions / အပေါ်ဆုံးက allow administrators to override device installation restriction policies ကို Enabled / apply / OK.
3.ပြီးရင် အောက်ဆုံးမှာ prvent installation of devices not described by other policy settings ကို Enabled / apply / OK .
4.အထက်ပါအဆင့်တွေပြီးရင် ၎င်းဘောက်ကိုပိတ်လိုက်ပါ။

ဆက်သွားပါမယ်... 
5. Computer > Right Click > Manage 
6. Computer Management ဘောက်ကျလာရင် / Device Manager ကို double click / ညာဘက်မှာ Sound , video and game controllers အောက်မှာရှိနေတဲ့ High Definition Audio Device ပေါ်မှာ Right Click / Uninstall / OK.
7. Computer Management ဘောက် ရဲ့ နောက်ဆုံး icon ပုံ ( scan for hardware changes ) ကို Click လိုက်ပါ။
8. Other devices ကိုရှာပါ. သူ့ အောက်က Audio Device on High Definition Audio Bus ပေါ်မှာ Right Click / Update Driver Software ကို Click ပေး / Search automatically for updated driver software ကို Click ပြီးခဏစောင့်နေပေးပါ။
 9. installing driver software လုပ်ပြီးရင်တော့ မိမိတို့ ကြုံ တွေ့ နေရတဲ့ windaws 7 audio ပြဿနာ ဖြေရှင်းပြီးသွားတာကို တွေ့ ရပါလိမ့်မယ်

Blue Screen Error Page ဖြစ်ပေါ်ခြင်း


 

Blue Screen Error ဆိုတာကတော့ Computer အသုံးပြုသူ User များကြုံတွေ့ရမယ့်ပြဿနာ တစ်ခုဆို ရင်လဲမမှားနိုင်ပါဘူး။ အဲဒီလိုမျိုး Mornitor ပေါ်မှာBlue Screen Page ပေါ်လာပြီဆိုရင်များသောအားဖြင့် User တွေက Windows ပြန်တင်ဖို့ပဲစဉ်းစားကြပါတယ် ။Windows ကြောင့်ဖြစ်တဲ့ Error မျိုးဆိုရင် တော့  Windows ပြန်တင် လိုက်လို့ကောင်းသွားနိုင်ပေမယ့် တခြား Hardware ပိုင်း Errorတစ်ခုခုကြောင့်ဖြစ်နေ ခဲ့မယ်ဆိုရင်တော့ Windows ပြန်တင်လိုက်ရင်လဲအလကားပါပဲ အချိန်ကုန်တာပဲအဖတ်တင်ပါလိမ့်မယ်။ ဒါကြောင့် ဘယ်လိုအခြေအနေ မျိုးမှာ Blue Screen Error ဖြစ်နိုင်သလဲ ၊ မဖြစ်အောင်ဘယ်လိုကာကွယ်မ လဲစသည် ဖြင့်လေ့လာကြည့်ကြရအောင်ဗျာ။ အရင်ဆုံး Bluescreen Error ကဘယ်လိုကြောင့်ဖြစ်ရသ လဲဆိုတာကိုပြောရရင် Computer ရဲ့ Windows Operating System  ကနေထုတ်ပေးလိုက်တဲ့ Fatal Error code ကြောင့်ဖြစ်ပါတယ်။ဒီ Error Code ကဘာပြောချင်တာလဲဆိုတော့ ကျွန်တော်တို့ အခုအသုံး ပြုနေတဲ့ Windows OS ကို ပြန်ပြီး Recover အနေနဲ့လဲ ပြန်လုပ်လို့မရတော့ပါဘူး။အခု အသုံးပြုနေတဲ့ OS ကတော့ Crash ဖြစ်သွားပါပြီဆိုတဲ့အကြောင်းကို အသုံးပြုသူတွေကိုလှမ်းအကြောင်း ကြားခြင်းဖြစ်ပါ တယ်။အဲဒီလိုမျိုးပေါ်လာတဲ့ Blue Screen Error Page ပေါ်မှာပါတဲ့ Error Code တွေကိုဖတ်ပြီးတော့ လဲ Windows ကြောင့်ဖြစ်တာလားဒါမှမဟုတ်အခြားသော Memory ၊ Hard Disk ၊ Motherboard စသည့် Hardware အစိတ်အပိုင်းတွေကြောင့်ဖြစ်တာလားဆိုတာကို ခွဲခြားလို့ရပါတယ်။နောက်တစ်ခုကတော့
 Windows Files တွေရှိတဲ့ partition (ဥပမာ) C: partition ဆိုပါစို့ သူ့အောက်မှာရှိတဲ့
ပေါ်လာပြီး Windows နဲ့ပတ်သက်တဲ့ Error Page ဖေါ်ပြတတ်ပါတယ်။ Memory ကြောင့်လဲဖြစ်တတ်
ပါတယ် ဘယ်လိုအခြေအနေမျိုးမှာလဲဆိုတော့ Program တစ်ခုကိုဖွင့်လိုက်တဲ့အချိန်မှာ ကိုယ့်သုံးထားတဲ့ Memory ကအဲဒိ Program ကိုမနိုင်ဘူးဆိုရင် စက်ဟန်းသွားတာတို့ Blue Screen Error တက်ပြီး Restart
ကျသွားတမျိုးတွေဖြစ်တတ်ပါတယ်။နောက်ပြီးတော့ Memory ကလုံးဝပျက်သွားတာမျိုးမဟုတ်ပဲနဲ့ Memoryအစိတ်အပိုင်းတစ်ချို့ပျက်သွားတာတို့ ၊ Memory လွတ်နေတာတို့ ၊ နောက်တစ်ခုက Memory ရဲ့အောက်ခြေမှာရှိတဲ့ ကြေးငုတ်လေးတွေကဖုန်တက်နေတာတို့ ဂျီးတက်နေတာတို့ဖြစ်နေမယ်ဆိုရင် Memory နဲ့ပတ်သက်တဲ့Blue Screen Error တက်နိုင်ပါတယ်။နောက်တစ်ခုက Hard disk ကြောင့်လဲ Blue Screen Error တက်နိုင်ပါတယ်။ Hard Disk ကြောင့်အဖြစ်များတာကတော့ Hard disk မှာ bad Sector ဖြစ်နေတဲ့အခါမျိုး ၊ Hard disk ပျက်တဲ့အခါမျိုးတွေမှာလဲဖြစ်တတ်ပါတယ်။ဒါတွေကတော့ Blue Screen Error အဖြစ်အများဆုံး Error တွေပါ။ဒါဆိုရင် Blue Screen Error မဖြစ်အောင်ဘယ်လိုကာကွယ်မူတွေပြုလုပ်ကြမလဲ
၁။ windows ရဲ့ System File တွေကို Virus တွေမဖျက်ဆီးနိုင်အောင် Antivirus Software                       
    တွေတင်ထားပေးရပါမယ်။ နောက်ပြီးတော့ Update ဖြစ်အောင်ပြုလုပ်ထားရပါမယ်။
၂။ Hard Disk Cleaning Tool တွေ Error စစ်ပေးတဲ့ Tool တွေ Windows System ပိုင်း Registry ပိုင်းပြင်
    ဆင်ပေးတဲ့ Software တွေတင်ထားပေးသင့်ပါတယ်။
၃။ Cmputer  System ပုံးထဲမှာရှိတဲ့ Mother board ၊ CPU ၊ Memory တွေပေါ်မှာရှိတဲ့ ဖုန်တွေဖယ်ရှား
     ပေးရပါမယ်။Mother board ပေါ်ဖုန်တွေအများအပြားရှိနေခြင်းဟာ System ရဲ့အပူချိန်ကိုမြင့်တက်စေ
     ပြီး ကိုယ့် Computer ရဲ့Performance ကိုနှေးကွေးသွားစေပါတယ်။
Blue Screen Error မတက်အောင်ကာကွယ်ဖို့အတွက်နောက်ထပ်တစ်နည်းကတော့ Windows ပေါ်မှာပြုပြင်ပေးရပါမယ်။အရင်ဆုံး My Computer ကို Right Click နိုပ်ပြီး Properties ထဲကိုသွားပါ ၊ ပြီးရင် Advanced System Setting ထဲကိုဝင်ပါ System Properties Box ကျလာရင် Startup and recovery ဆိုတဲ့ Item ရဲ့ Setting ထဲကိုဝင်လိုက်ပါ ပြီးရင် Sytem Failure အောက်က Automatically Restart ဆိုတဲ့ Check box ကအမှန်ခြစ်လေးကိုဖြုတ်ပေး ပြီး apply ၊ Ok နိုပ်လိုက်ရင်ရပါပြီ။ဒီလောက်ဆိုရင်တော့ Blue Screen Error နဲ့ပတ်
သက်ပြီးအဆင်ပြေကြမယ်ထင်ပါတယ်။

                                အားလုံးအဆင်ပြေကြပါစေဗျာ

Wednesday, July 22, 2015

Hard Disk Error တက်ခြင်းဖြေရှင်းနည်း

မိမိကွန်ပျူတာရှိ hard disk ပုံမှန် အလုပ်မလုပ်တော့တာ error တက်တာမျိုးတို့ဖြစ်လေ့ဖြစ်ထရှိကြပါတယ် ကြုံလာခဲ့သည်ရှီသော် အောက်ပါအတိုင်းဆောင်ရွက်နိုင်ပါသည်။
၁။ မိမိ ပြုပြင်လိုတဲ့ hard disk ကို right click နှိပ်ပြီး Properties ကို ရွေးပါ...
၂။ Hard disk Properties Dialog Box ကျလာပါမယ် Menu Bar မှ Tools ကိုရွေးလိုက်ပါ...
၃။ Check Now ဆိုတဲ့ Button လေးကို click လိုက်ပါ...
၎။ Check Disk My Hard Disk ဆိုတဲ့ Box ကျလာပါဦးမယ်
အဲဒီ Box ထဲကမှ Automatically fix file system errors နှင့် Scan for and attempt recovery of bad sector ဆိုတဲ့ စာကြောင်း နှစ်ခုလုံးကို Check လုပ်ပြီး Start Button ကို click လိုက်ပါ .. Restart တောင်းရင်လည်း တောင်းပါလိမ့်မယ်... Restart ပေးပြီး ပြန်တက်လာရင်အနည်း ငယ်လောက် စောင့်ဆိုင်းပေးစေလိုပါတယ် ။။။။။။။။။။။။။။။ အဆင်ပြေကြပါစေ
ခင်မင်လေးစားလျှက်ပါ ကိုထက်.

Thursday, July 9, 2015

How to Fix Windows 7 Hibernation Error 0x000000A0

 
Blue screen error ဖြေရှင်းနည်း တစ်ခုဖြစ်ပါတယ်.. ဒါကတော့ ကျွန်တော့် laptop မှာ ဖြစ်နေတဲ့ Blue screen error ဖြစ်ပါတယ်..။ ဒီအတိုင်း နေနေရင်းတော့ မတက်ပါဘူး Battery ကုန်ခါနီး အားမသွင်းမိလို့ရှိရင် စက်မီးသေပြီး အခုလိုမျိုး Blue screen တက်လာပါတယ်..။ ကျွန်တော့်ရဲ့ Blue screen ကတော့ STOP Error 0x000000A0 ဖြစ်ပါတယ် ..။ သိပြီးသား လူတွေအတွက်ကတော့ မထူးဆန်းပေမဲ့ မသိသေးတဲ့ လူတွေအဖို့ကတော့ ကောက်ရိုး တမျှင်ပါဘဲ ။ ကျွန်တော့် အဆင်ပြေသွားတဲ့ ဖြေရှင်းနည်းကတော့ 

1, Click Start – All Programs – Accessories. 
2, Right click Command Prompt and select Run as administrator. 
 
Run as administrator ကို နှိပ်လိုက်ရင် အောက်က ပုံအတိုင်း ပေါ်လာပါမယ်..။ 
 

အဲ့လိုပေါ်လာပြီဆိုရင် C:\Users\HP> ရဲ့ဘေးမှာ powercfg /hibernate /size 100 လို့ ကပ်ရေးပေးလိုက်ပြီး Enter နှိပ်လိုက်ပါ။ ပြီးရင် Exit လုပ်နိုင်ပါပြီး ဒါဆိုရင် အဆင်ပြေသွားပါပြီး.. ။ 


Windows 8,8.1 ဆိုင်ရာ-Explorer.EXE ပြသနာ အလွယ် တကူ ဖြေရှင်းနည်း



မင်္ဂလာပါ
ကျနော် ဒီပိုစ့်လေးကို ရေးတင် ပေးချင်နေတာ ကြာပါပြီ အချိန် မရသေး တာနဲ့ မရေး ဖြစ်တာပါ 
ဒီနေ့တော့ စိတ်အမောတွေ အားလုံး ရှင်းသွား အောင်တင်ပေး လိုက်ပါပြီခင်ဗျား...

ပုံမှာ မြင်နေရတဲ့ အတိုင်းပါပဲ Explorer.exe နဲ့ဆိုင်တဲ့ ပြသနာ တစ်ခုပါ အခု နောက်ပိုင်း ဖြစ်လေ့ 
ဖြစ်ထ ရှိလာတာက Windows 8,8.1 တင်ပြီး အသုံးပြု နေကြတဲ့ ဘော်ဒါတွေ မှာပါ၊ ကျနော် အ
ပါ အ၀င်ပေါ့

ဒီနေ့ပဲ မနက်လင်းလို့ ကွန်ပျူ တာ ဖွင့်လိုက် တာနဲ့ အပေါ်က ပုံလေး အတိုင်း လာပေါ်နေတော့ 
ကျနော် မျက်လုံးတောင် မယုံမိဘူး ဖြစ်သွားတယ်။ လွယ်ပါတယ် ကျနော် ချက်ရှင်းပဲ သတိတာနဲ့
ဖြေရှင်းလိုက်ပါတယ် %100% အဆင်ပြေပါတယ်။ 

ကျနော်လို Explorer.exe ဆိုင်ရာ ပြသနာ တက်နေကြတဲ့ ညီအကိုတွေ အတွက် ကျနော် ဖြေရှင်း
ခဲ့ပုံလေးကို အောက်မှာ အသေးစိပ် ရှင်းပြထား ပါတယ်။

ဒီကောင် ဘာကြောင့်ဖြစ် သလဲဆိုတော့ လက်လှမ်းမှီ သလောက်ပြော ရရင် system registry 
ဆိုင်ရာ ကြောင့်ပါ၊ malicious လို့ခေါ်တဲ့ ကွန်ပျူ တာကို အချိန်မရွေး ဒုက္ခကောင်းကောင်းပေး
နိုင်တဲ့ Virus ကြောင့်ပဲဖြစ်ပါတယ်။

အဲဒီ Virus က ကွန်ပျူ တာရဲ့ System ပိုင်းဆိုင်ရာကို တိုက်ခိုက် တတ်ပါတယ် ပုံမှာ မြင်တဲ့အ
တိုင်းပါပဲ explorer ကြီးတောင် သုံးစား မရတော့ဘူး ဖြစ်ဆိုတော့ အဲဒီ malicious ဆိုတဲ့ Virurs 
ဟာ ကွန်ပျူ တာကို အန္တရာယ် ပေးနိုင်တယ် ဆိုတာ သိနိုင်လောက်ပါပြီ။ အဲဒီ Virus ကို ချက်
ရှင်းဖယ်ထုတ်ပေးရမှာ ဖြစ်ပါတယ်။

ရှင်းထုတ်ပေးတဲ့ နေရာမှာ သတိထားပြီး လုပ်စေချင်ပါတယ် ဘာကြောင့်လဲဆို သူကအဓိကနေ
ရာယူပြီး ဖျက်စီးနေတာက ကွန်ပျူတာရဲ့ Registry ဆိုင်ရာမှာ နေရာယူနေ တာဖြစ်နေလို့ပါ။

ကဲဗျာ အလကားနေရင်း ဒုက္ခ လာပေးနေတဲ့ malicious ကြီးကို ကွန်ပျူတာမှ အပြီးပိုင် သုတ်
သင် လိုက်ကြအောင် 

ဒီ Explorer နဲ့ ပတ်သက်လို့ ပညာရှင်တွေရဲ့ အတွေ့အကြုံ အရ ဖြေရှင်းနည်းပေါင်း များစွာ ရှိ
ကောင်း ရှိနိုင်ပါတယ်၊ အခုကျနော် ရှင်းပြပေးသွားမှာ ကျနော် အောင်မြင်ခဲ့တဲ့ နည်းလမ်းလေး
ကိုပဲပြန်လည် မျှဝေသွားမှာ ဖြစ်ပါတယ်။

၁။ ပထမဆုံးအနေဖြင့် Windows Defender ကိုဖွင့်လိုက်ပါ။



မဖွင်တတ်သေး ရင်တော့ Start Menu>>>Control penal>>>Windows Defender>>>Turn on 
ပေးလိုက်ပါ။ 

သို့မဟုတ် Windows + I Key ကို တွဲနှိပ်လိုက်ပါ၊ ပြီးတော့ Control penal >>> Windows Defender 
>>> Turn on လုပ်ပေး လိုက်ပါ။

Defender ကြီးကို ဖွင့်ပြီးရင်တော့ ကြန္ပ် ဴ တာတစ္ခုလံုးကို Full Scan လုပ္လိုက္ပါ။

၂။ ကြန္ပ် ဴ တာ ကီးဘုတ္မွ Windows + R key ကိုတွဲနှိပ်လိုက်ပါ အောက်က ပုံကိုကြည့်ပါ။



၃။ 'Run' dialogue လေး ပွင့်လာ ပါလိမ့်မယ် အဲဒီ Box ထဲမှာ regedit လို့ရိုက်ထည့်ပါ။

အောက်ကပုံကိုကြည့်ပါ။



၎။ regedit လို့ ရေးပြီးတာနဲ့ OK ကိုနှိပ်လိုက်ပါ၊ အောက်က ပုံအတိုင်း ကျလာပါလိမ့်မယ် ပုံအတိုင်း
ကြည့်လုပ်လိုက်ပါ၊ ကျနော် နံပါတ်စဉ် တပ်ပေး ထားပါတယ်။



မလုပ်တတ် သေးရင် ဒီစာကို ကြည့်ပါ Registry Editor ပရိုဂရမ် ထဲမှာ HKEY_CURRENT_
USER ကို တစ်ချက်နှိပ်ပါ၊ ပြီးတော့ Software ဆိုတာကို နှိပ်ပါ၊ Microsoft ဆိုတာကို ထပ်နှိပ်
ပါ၊ Windows ကိုနှိပ်ပါ၊ CurrentVersion ဆိုတာကို ထပ်နှိပ်ပါ၊ Explorer ဆိုတာကိုနှိပ်ပါ၊ ပြီး
တော့မှ User Shell Folders ဆိုတာကို တွေ့ပါလိမ့်မယ် တစ်ချက်နှိပ်ပေးလိုက်ပါ။ 

အဲဒီမှာ Personal ဆိုတာစာသားကို လိုက်ရှာပါ တွေ့ပြီးဆိုတာနဲ့ Right-click ကိုနှပ်ပြီး Modify 
ဆိုတာကို ထပ်နှိပ်ပေးလိုက်ပါ။



၅။ ပေါ်လာတဲ့ Edit String လို့ခေါ်တဲ့ Box လေးထဲမှ Value data နေရာမှာ အောက်ကစာသားကို 
Copy ကူးပြီး ထည့်လိုက်ပါ။
%USERPROFILE%\Documents



အပေါ်က ပုံအတိုင်း Past လုပ်ပြီးပြီ ဆိုတာနဲ့ OK ကိုနှိပ်ပေးလိုက်ပါ။

၆။ Edit String ဆိုတဲ့ Box လေးကို ပိတ်ရ ပါမယ်၊ ပိတ်ဖို့ရန် File ဆိုတာကို တစ်ချက်နှိပ်ပါ၊ ပြီးရင် 
'Exit' နဲ့ထွက်လိုက်ပါ။



၇။ system registry ပိုင်းကို အသေနိုင်တဲ့ Clean up ဆော့ဝဲ တစ်ခု လိုပါတယ်။



CCleaner အောက်ကလင့်မှာ ဒေါင်းလော့ ယူလိုက်ပါ။ ပြီးရင် အင်စတောလုပ်လိုက်ပါ။ 
▼ Download CCleaner ▼

၈။ Cleaner ကြီး အင်စတော လုပ်ပြီးတာနဲ့ system registry ပိုင်း ရှင်းသွားအောင် Clean ပေးလိုက်ပါ။ 



၉။ အားလုံး ပြီးတာနဲ့ ကွန်ပျူ တာကို Restart ချ ပေးလိုက်ပါ။ ပြန်တက် လာပြီး ရင်တော့ malicious 
ဆိုတဲ့ Virurs မရှိတော့ပဲ အားလုံး ပုံမှန် အတိုင်း အဆင်ပြေ သွားပါ လိမ့်မယ်။

အားလုံးကို ခင်မင်လေးစားလျှက်

အဆင်ပြေပါစေ

From : ဇူးနစ်(နည်းပညာ) www.zunite.org

Wednesday, July 8, 2015

Windows Blue Screen မှာ KERNEL_DATA_INPAGE_ERROR STOP: 0x0000007A ပေါ်နေရင်


Windows Blue Screen မှာ KERNEL_DATA_INPAGE_ERROR  ပေါ်နေရင်တာဟာ အကြောင်းရင် နှစ်ချက်ရှိပါတယ်. ပထမ တစ်ချက်က Windows Kernel Data Inpage Error ဖြစ်ပြီး misconfigured system files မကောင်းတော့တာကြောင့် Registry မှာ ပျက်စီးလာတာကြောင့်ဖြစ်ပါတယ်.. အဲဒါကိုတော့ Windows Registry Tool တစ်ခုခုနဲ့ Run လိုက်ရင် ရပါတယ်.. ဒီမှာ တင်ပေးထားပါတယ်..
နောက်တစ်ခုက KERNEL_DATA_INPAGE_ERROR STOP: 0x0000007A ဖြစ်ပါတယ်. ဒါကတော့ Hard Disk မှာ ပြဿနာရှိလာလို့ Memory က မဖတ်တော့တာကြောင့် ဒီ error ပြရခြင်းဖြစ်ပါတယ်.. အောက်ကနည်းနဲ့ ဖြေရှင်းကြည့်ပါ.. ကျွန်တော်သိတဲ့နည်းပါ..- ကွန်ပျူတာမှာ သုံးနေတဲ့ Application အားလုံးကို ပိတ်ပါ.. ပြီးရင် -
1. Run ထဲမှာ cmd လို့ရိုက်လိုက်ပြီး Command Promt ကို Run as Administrator နဲ့ Run ပါ.. CMD ထဲမှာ C:\Windows\system32 ကိုရောက်နေမှာဖြစ်ပါတယ်.. Run as Administrator နဲ့ မ Run ရင် ဒီအဆင့်ကို လုပ်လို့မရပါဘူး..
2. ပြီးရင် CHKDSK လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ.. Disk ကို Checking လုပ်ပေးပါလိမ့်မယ်..
3. အဲဒါတွေ ပြီးသွားရင်တော့ CHKDSK C: /F /R လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ.. နောက်ဆုံးမှာပြီးသွားရင် Restart ချမှာလားဆိုပြီး Confirm တောင်းရင် Y ကိုရိုက်ပြီး Enter ခေါက်လိုက်ပါ.. ပြန်တက်လာရင် ခုနက KERNEL_DATA_INPAGE_ERROR STOP: 0x0000007A မပေါ်တော့ပါဘူးခင်ဗျာ..


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org