Showing posts with label Computer နည်းပညာ. Show all posts
Showing posts with label Computer နည်းပညာ. Show all posts

Monday, August 8, 2016

Computer မှ မိမိ ပေးမပြချင်သော အရာများအား Password မပေးထားပဲ သူများဖွင့်ကြည့်မရအောင်

Computer မှ မိမိ ပေးမပြချင်သော အရာများအား Password မပေးထားပဲ သူများဖွင့်ကြည့်မရအောင်
Photo လေး တစ်ခု ဥပမာ လုပ်ပြပါမယ်
Win + R တွဲနှိပ် Run Box ဖွင့်လိုက်ပါ ။
Run Box တွင် Control Folders ရိုက်ထည့်ပြီ Enter (Or) OK နှိပ်လိုက်ပါ ။


Folder Options Box လေးဖွင့်လာပါက View သို့ သွားပါ ။
Hide extensions for known file types တွင် အမှတ်ခြစ်ကလေး ဖြုတ်လိုက်ပါ ။
Apply နှိပ်လိုက်ပါ ။ OK  နှိပ်လိုက်ပါ ။

မိမိ ပေးမပြချင်သော Folder ကို ဖွင့်လိုက်ပါ ။
Name နှင့် အမျိုးအစား ဖေါ်ပြပေးထားတာတွေ့ရပါလိမ်မည် ။


Maung Taw Thar Lay.jpg & Zar Chi Win.jpg
jpg ဖိုင် အမျိုးအစားကို မိမိ ကြိုက်သလို့ အမည်ပြောင်းပေးလိုက်ပါက
Rename Box လေးဖွင့်လာပါလိမ့်မည် ။
Yes နှိပ်လိုက်ပါ ။ 
ကျွန်တော်မောင်တောသားလေး ဒီလို့လေး ပြောင်းပေးလိုက်ပါတယ် ။
Maung Taw Thar Lay.M & Zar Chi Win.M

 

jpg ဖိုင် အမျိုးအစားကို မိမိ ကြိုက်သလို့ အမည်ပြောင်းပေးပြီး ပုံလေးပါ ။



Double Click နှိပ် ဖွင့်ကြည့်တော့ ပုံလေးပါ ။ 
အောက်ပါပုံလေးလို့ မေးလာပါလိမ့်မည် ။ 
ကြည့်မရတော့ပါဘူး ။
မိမိကြည့်လို့ပါက ကြည့်ချင်ရင် File အမျိုးအစားလေး ပြန်ပြောင်းပြီး ကြည့်ပေါ့ ။


data အမျိုးအစားများ မဖေါ်ပြလိုပါက
Hide extensions for known file types တွင် အမှတ်ကလေး ပြန်ခြစ်ပေးလိုက်ပါ ။
Apply နှိပ်လိုက်ပါ ။ OK  နှိပ်လိုက်ပါ ။




Wednesday, August 3, 2016

USB Not Reconized ပြဿနာ ဘယ်လိုဖြေရှင်း မလဲ

External drives - USB flash Drive (သို့) external hard drive တွေသုံးရ တာ တော်တော်လွယ်ကူပါတယ်။တစ်ခါတစ်လေ ကြရင် ကြုံလည်း ကြုံဖူးကျ မှာပါ USB Flash Drive ကို Computer ရဲ့ USB Port မှာတတ်လိုက်တဲ့ အခါ
USB Not reconized လို့ ပြတတ်ပါတယ်။ဒီ ပြဿနာ  ဘာလို့ ကြုံရလည်း ဆိုရင် သင့်ရဲ့ external drive ပေါ်မှာ ရှိတဲ့ Partation မကောင်းလို့ ၊ File System အမှားသုံး ထားလို့ ၊ Winodws မှာ တင်ထားတဲ့ USB Port Driver မှားနေလို့ ၊နောက်ဆုံး တစ်ချက်က Computer မှာရှိတဲ့ USB Port ကပျက်နေလို့ ကြောင့် USB Not Reconized လို့ ပြနေတာ ဖြစ်ပါတယ်။နောက်တစ်ခုက ဖြစ်လေ့ဖြစ်ထလည်း နည်းပါတယ် သင့် USB Flash Driver ကိုက မကောင်းတာ ကြောင့် ဒီလို ကြုံရတာ ဖြစ်ပါတယ်။
ကဲ အကြောင်းကို တော့သိပြီး အကြောင်းကြောင့် ဖြစ်လာတဲ့ (ဒီနေရာမှာတော့) 
ဆိုးကျိုးကို ကုစားကြည့် ရအောင်။
အောက်မှာ ပြထားတဲ့ အဆင့်တွေက USB Flash Drive မှာပဲ ဖြစ်ဖြစ် External Hard Drive အကြီးကြီး တွေမှာပဲ ဖြစ်ဖြစ် နှစ်ခုလုံး မှာအသုံးပြုနိုင်ပါတယ်။
သင့်ရဲ့ Memory Stick က "Disk Management" မှာကော်ပြနေလား?
ဟုတ်တယ် - ဒါ ပထမ ဦးဆုံး စဉ်းစားရမယ့် အချက်ဖြစ်တတယ်။ ပထမဦးဆုံး သင့် ရဲ့ Pen Drive ကို Computer မှာ တတ်လိုက်ပါ ပြီးရင် Windows Key နဲ့ R နဲ့ တွဲ နှိပ်ပြီး ပေါ်လာတဲ့ Run Box ထဲမှာ "diskmgmt.msc" ကို ရိုက်ပေးပါ။
အဲ့ဒီ့ ပေါ်လာတဲ့ Disk Management Windows ထဲမှာ သင့်ရဲ့ external drive ကို တွေ့၇င် တွေ့ပါလိမ့်မယ်။ သင့် MY COMPUTER Windows ထဲမှာ မပြရတဲ့ အကြောင်းအရင်း က သူ့မှာ ပြစရာ ဘာ Partation မှ မရှိတော့လို့ ဖြစ်ပါတယ်။ အဲ့ဒါ ဆိုဘာလုပ်မလဲ? ဘာမှ မလုပ်နဲ့ Format သာရိုက် ပစ်ပါ။ နေအုံး နေအုံး သေသေချာချာ လေးလဲ သတိလေးထားပြီး Format ရိုက်အုံး တော်ကြာ တစ်ခြား Partation တွေနဲ့ မှားသွားရင် ပြဿနာ တွေ တတ်နေအုံးမယ်။Format လုပ်လို့ ပြီးသွားရင် အဆင်ပြေသွားပါလိမ့်မယ်။
အခု ကျွန်တော်တို့ အပေါ်မှာ ပြောပြခဲ့တဲ့ နည်းနဲ့ အဆင်မပြေသေးဘူး ဆိုရင် အောက်မှာ ပြထားတဲ့ နည်းအတိုင်း ဆက်လုပ် ကြည့်ပါအုံး။
Drive ကို Reconize လုပ်နိုင်အောင် Windows ကို ခိုင်းမယ်
အပေါ်မှာ ပြောထားသလို Disk Management ထဲမှာ တောင်မှ မပေါ်ဘူးဆိုရင် Hardware ကြောင့်လည်း ဖြစ်ပါတယ်။ ဥပမာ - Computer မှာ ရှိတဲ့ USB Port ပျက်နေလို့ လည်းဖြစ်နိုင်ပါတယ်။အဲ့ဒါ ဆိုရင် အခုသင်တပ်ထားတဲ့ USB Port ကနေ ဖြုတ်ပြီး နောက်တစ်ပေါက်ကို ပြောင်းထိုးကြည့်ပါ။တကယ်လို့ သင်ဟာ USB hub (ကျွန်တော်တို့ အခေါ်အဝေါ် အရ USB ခေါင်းပွားတဲ့ ဟာပေါ့) တွေကို သုံးထားတယ်ဆိုရင် အဲ့ဒီဟာကို မသုံးပဲ Direct ထိုးကြည့်ပါ။တစ်ခါ တစ်လေကြရင် USB Hub တွေက လျှပ်စစ်အား လုံလုံလောက်လောက် မရင်ရင်လည်း USB Not Reconized ပြတတ်ပါတယ်။
အခုချိန်ထိ Disk Mangement မှာ မပြသေးဘူးဆိုရင် သင်ရဲ့ Computer ကပဲ ဖြစ်တာလား USB Drive က ပဲဖြစ်တာလား ပြောဖို့ တော့ခတ်ပြီ။ဒါကြောင့် အနီးအနား မှာ Computer နောက်တလုံး ရှိရင် သင့်ရဲ့ USB Drive ကို တပ်ကြည့်ပါ။Computer နောက်တစ်လုံးမှာ သင့်ရဲ့ USB Drive က ကောင်းနေတယ် ၊ Disk Mangement မှာ ပေါ်နေတယ်ဆိုရင် သင့် Computer က ဖြစ်နေတာဖြစ်ပြီး ၊ Disk Mangement မှာ မပြဘူးဆိုရင် သင့်ရဲ့ USB Drive ကို မေ့လိုက်ပါတော့။
သင့်ရဲ့ USB Drive က တစ်ခြား Computer မှာ ပြနေတယ် ဒါပေမယ့် သင့် Computer မှာ မပြဘူး Not Reconized လို့ ပြနေရင် ဒါ Driver ကြောင့်လဲ ဖြစ်နိုင်ပါတယ်။ Winodws Key နဲ့ R ကို နှိပ်ပြီး ပေါ်လာတဲ့ Run Box မှာ  “devmgmt.msc” လို့ ၇ိုက်ထည့်ပြီး Enter ကိုနှိပ်လိုက်ပါ။
Device Manager ကိုတွေ့ပါလိမ့်မယ်။Disk Drive ရဲ့ အောက်မှာ ရှိတဲ့ Device တွေကို ကြည့်ကြည့်ပါ ဘယ် Device က exclamation mark ပြနေလဲ။ပြနေတဲ့ Device ကို Right Click နှိပ်ပြီး Properties ကို ၀င်လိုက်ပါ။အဲ့ဒီမှာ Error Massage ကို တွေ့ပါလိမ့်မယ်။အဲ့ဒီ့ Error ကို Google မှာ ရှာကြည့်ပါ။
တစ်ချို့ ပြသာနာ တွေဆိုရင် ပြင်ရ ပြုရတာ တအားခတ်ပါတယ်။ဒါကြောင့် System Restore လုပ်ကြည့်ပါ။ Driver ကို Update လုပ်ကြည့်ပါ။
Partitioning and Formatting the Drive
သင့် Drive ရဲ့ Partation နှင့် File System Problem တွေကို Windows Disk Management tool ကို အသုံးပြုပြီး ပြုပြင်နိုင်ပါတယ်။တကယ်လို့ သင့် Drive က “unallocated space" လို့ပြနေရင် Partation အသစ်တစ်ခုလုပ်ဖို့ လိုလာပါပြီ။အဲ့ဒါ ကြောင့် unallocated space ဆိုတဲ့ အထဲမှာ Right Click - New Simple Volume ကိုရွေးပြီး သူပြထားတဲ့ Wizard အတိုင်းလုပ်လိုက်ရင် Partation အသစ်တစ်ခုဖြစ်လာပါလိမ့်မယ်။
တစ်ကယ်လို့ သင်ဟာ သင့်ရဲ့ Drive ကို Partation လည်းလုပ်ပြီးသွားပြီ ဒါပေမယ့် အခုအချိန်အထိ မပေါ်လာသေးဘူးဆိုရင် Drive Letter Change ကြည့်ပါ။Driver Letter ချိန်းဖို့ အတွက် Drive ကို Right Click -Change Drive Letter and Paths ကိုရွေး ပြီး Drive Letter တစ်ခုထည့်လိုက်ပါ။ပြီးရင် Drive ကို FAT32 (သို့) NTFS File System တွေနဲ့ တစ်လှည့်စီ Format လုပ်ကြည့်ပါ။အဆင်ပြေသွားပါလိမ့်မယ်။
နောက်ဆုံးတစ်ခု ပြောချင်တယ် ကျွန်တော်တို့ အခုအပေါ်မှာ ပြထားတဲ့ အတိုင်း တစ်ခုချင်းစီ လုပ်ကြည့်လို့မှ သင့်ရဲ့ Drive ပြန်မကောင်းလာ ရင် သင့်ရဲ့ Drive ကို အမှိုက်တောင်းထဲသာ ထည့်လိုက်ပါတော့။

Friday, July 29, 2016

မိမိ ကြိုက်တဲ့ သီချင်းကို Run Box Command Number လေးရိုက်ပြီ အလွယ်တကူ နားဆင်နိုင်ရန်ပြင်ဆင်ခြင်း


မိမိ ကြိုက်တဲ့ သီချင်းကို Run Box Command Number လေးရိုက်ပြီ 
အလွယ်တကူ နားဆင်နိုင်ရန်ပြင်ဆင်ခြင်းဆိုပေးမဲ့ သီချင်းရယ်လို့တော မဟုတ်ပါဘူး
မိမိ ဖွင့်လို့တာလေးတွေ ပြင်ဆင်ကြပေါ့
ကျွန်တော်မောင်တောသားလေး  (မနော ရဲ့ ချစ်တယ် ဆိုတဲ့ သီချင်းလေး တစ်ပုဒ်)
Run Box Command Number လေးရိုက်ပြီ နားဆင်နိုင်ရန်
ပြင်ဆင်ကြည့်လိုက်မယ်နော်

မိမိ ဖွင့်လိုတဲ့ Icon လေးအပေါ်မှာ  
Right Click > Send to > Desktop (create shortcut) 
နှိပ်လိုက်ပါ ။


Name တွင် Run Box မိမိ ရိုက်ဖွင့်လို့တာတဲ့ Number လေး တစ်လုံးပေးလိုက်ပါ
ကျွန်တော်ကတော 1 ပဲ ပေးလိုက်ပါတယ်


 အဲဒီ သီချင်းပေါ်မှာပဲ Right Click > Cut နှိပ်လိုက်ပါ ။


Win + R တွဲနှိပ်ပြီ Run Box ခေါ်လိုက်ပါ
Run Box တွင်  System32 ရိုက်ထည့် Enter နှိပ်လိုက်ပါ


  System32 Box လေး ကျလာပါလိမ့်မည် 
ခုနား Cut လုပ်ထားတာလေး System32 Box လေးထဲတွင်
Right Click > Paste နှိပ်လိုက်ပါ ။


ပြီးဆုံးသွားပါပြီ
 မနော ရဲ့ ချစ်တယ် ဆိုတဲ့ သီချင်းလေး တစ်ပုဒ် နားဆင်လိုပါက 
Win + R တွဲနှိပ်ပြီ Run Box ခေါ်လိုက်ပါ
Run Box တွင် 1 ရိုက်ထည့် Enter နှိပ်လိုက်ပါ
  နားဆင်နိုင်ပါပြီ 

 

မိမိ ဖွင့်လိုတာ မိမိ ကြိုက်သလို့ ပြင်ဆင်ကြတော့
ကျွန်တော်မောင်တောသားလေး 
ဆက်ကလိလိုက်ပါဦးမယ်
:-) :-) :-)
 

Friday, July 15, 2016

Right Click တွင် Copy To & Move To ပေါင်းထည့်ပြီး Dota များအား မိမိ ကူးထည့်ချင်တဲ့ Folder သို့ Copy (Or) Move အလွယ်တကူး ပြုလုပ်လိုသူများအတွက်

 Right Click တွင် Copy To & Move To ပေါင်းထည့်ပြီး Dota များအား မိမိ ကူးထည့်ချင်တဲ့ 
Folder သို့ Copy (Or) Move အလွယ်တကူး ပြုလုပ်လိုသူများအတွက်

 

Win Key ကိုဖိနှိပ်ထားရင် R Key ကိုနှိပ်လိုက်ပါ ။
Run Box လေးဖွင့်လာပါလိမ့်မည် ။
Run Box တွင် Regedit ရိုက်ထည့်ပြီ Ok (Or) Enter နှိပ်လိုက်ပါ ။


Registry Editor Box လေးဖွင့်လာပါလိမ့်မည် ။
HKEY_CLASSES_ROOT ကို Double Click နှိပ်လိုက်ပါ ။ 

 
HKEY_CLASSES_ROOT အောက်မှ AllFilesystemObjects ကိုရှာပါ ။
(မှတ်ချက် HKEY_CLASSES_ROOT ကို Double Click နှိပ်ပြီး keyboard မှ Al လိုက်ရိုက်ပါ )
AllFilesystemObjects တွေ့ပါက AllFilesystemObjects Double Click နှိပ်လိုက်ပါ ။ AllFilesystemObjects အောက်မှ shellex ကို Double Click နှိပ်လိုက်ပါ ။ 
shellex အောက်မှ ContextMenuHandlers ပေါ်ပေါ်တွင်
 Right Click > New > Key ကို နှိပ်လိုက်ပါ ။


Name တွင် Copy To ပေးလိုက်ပါ ။

 

Copy To အား Select ပေးပြီး ညာဘက်မှ
Default ကို Double Click နှိပ်လိုက်ပါ ။ Edit String Box လေးဖွင့်လာပါလိမ့်မည် ။ 


Value data: တွင် Copy To Code လေး  Copy ကူးထည့်လိုက်ပါ ။ OK ကို နှိပ်လိုက်ပါ ။
Copy To Code
{C2FBB630-2971-11D1-A18C-00C04FD75D13}
Move To အား ထည့်ရန် Copy To အတိုင်း ဆက်လိုက်ပဲ လုပ်လိုက်ပါ။
Move To Code
{C2FBB631-2971-11D1-A18C-00C04FD75D13}
Registry Editor တွင် ၀င်ပြီးပြီ အကျိုးသက်ရောက်မူရှိအောင် စက်ကို Restart ချပေးရပါတယ် ။ 
Restart ချပေးချင်ပါကချလိုက်ပါ ။Restart မလုပ်ချင်ရင်လည်းရပါတယ် ။
Win Key ကိုဖိနှိပ်ထားရင် R Key ကိုနှိပ်လိုက်ပါ ။ Run Box လေးဖွင့်လာပါလိမ့်မည် ။
Run Box တွင် gpupdate /force ရိုက်ထည့်ပြီ Ok (Or) Enter နှိပ်လိုက်ပါ ။



Saturday, July 2, 2016

Maxthon Cloud Browser တွင် မြန်မာလိုဖတ်မရဖြစ်နေသူများအတွက်

မောင်တောသားလေး မျက်စီလည်လမ်းမှားပြီး ရောက်ရှိလာသော မိတ်ဆွေတို့အတွက် မိမိစက်တွင် 
Zawgyi One and Unicode Font မရှိလည် မြန်မာလို့ ဖတ်နိုင် Blog စာမျက်နှာ အပေါ်ဘယ်ဘက်တွင် 
Zawgyi One and Unicode ပြောင်းပြီဖတ်နိုင်ပါသည် ။
Menu ကိုနှိပ်ပါ ။ Settings ကိုနှိပ်ပါ ။
Web content ကိုနှိပ်ပါ ။ Webpage display အောက်  Select ကိုနှိပ်ပါ ။
Font Box တွင် Font: တွင် Zawgyi-One ရွေးပါ ။ Ok ကိုနှိပ်ပါ ။


Tuesday, March 29, 2016

Windows 10 တွင် Backup ပြုလုပ်ခြင်း




အမြဲ အသုံးပြုနေတတ်တဲ့ ဆော့ဖ်ဝဲတွေ၊ ဖိုင်တွေကို ပျက်စီးဆုံးရှုံးခြင်းမှ 
ကာကွယ်ရန်အတွက် Backup ပြုလုပ်ထားသင့် ပါတယ်။ Windows 10 မှာ ကိုယ့်ရဲ့ ဖိုင်တွေ ဘေးကင်းစိတ်ချစေဖို့နဲ့ မတော်တဆ ပျောက်ဆုံးပျက်စီး သွားတာတွေကနေ ကာကွယ်နိုင်ဖို့အတွက် Backup Feature ကို ထည့်သွင်းပေးထား ပါတယ်။

အဆိုပါ Backup Feature ကို အသုံးပြုချင် တယ်ဆိုရင် လုပ်ငန်းစဉ် အနည်းငယ် 
လုပ်ဆောင်ရုံနဲ့ Windows 10 ပေါ်မှာ System Image တွေကိုလည်းကောင်း၊ 
ဖိုင်တွေကိုလည်းကောင်း Backup ပြုလုပ်ပေးထား နိုင်မှာဖြစ်ပါတယ်။ Backup ပြုလုပ်ဖို့အတွက်
 Settings ထဲကို သွားရပါမယ်။ Settings ကို သွားဖို့အတွက် Start Button ကို နှိပ်ပြီး Settings ဆိုတာကို ရွေးချယ်နိုင်သလို Notification Center ကို နှိပ်ပြီး All Settings ဆိုတာကို ရွေးချယ်ပြီး သွားနိုင်ပါတယ်။

Settings ထဲကို ရောက်ပြီဆိုရင် Update & Security ဆိုတာကို ရွေးချယ်ပေးရပါမယ်။ 
Update & Security ထဲကို ရောက်ပြီဆိုရင် ဘယ်ဘက် အခြမ်းမှာရှိတဲ့ Backup ဆိုတာကို ရွေးချယ်ပေးရပါမယ်။ ဒီနေရာမှာ Backup ပြုလုပ်ဖို့အတွက် External Hard Disk 
(သို့) 
အခြားသော Hard Disk ဖြစ်ဖြစ် တပ်ဆင်ထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
 ပြီးသွားရင် Add a Drive ဆိုတာကိုနှိပ်ပြီး Backup ဖိုင်တွေ သိမ်းဆည်းမယ့် 
Drive ကို ရွေးထည့်ထားပေးရမှာ ဖြစ်ပါတယ်။

Windows 10 ကို System Image အဖြစ် ပြုလုပ်ပြီး Backup ပြုလုပ်ဖို့ဆိုရင် 
 အောက်ခြေနားမှာရှိတဲ့ Go to Backup and Restore (Windows 7) ဆိုတဲ့ 
button ကို နှိပ်ရပါမယ်။ ဒါဆိုရင် control panel အောက်မှာ ရှိတဲ့ Backup & Restore (Windows 7) ဆိုတဲ့ နေရာကို ရောက်သွားမှာ ဖြစ်ပါတယ်။ ဒီနေရာကို ရောက်ပြီဆိုရင် 
ညာဘက် အခြမ်းမှာရှိတဲ့ Set up Backup ဆိုတာကို နှိပ်လိုက်ပါ။

ပြီးသွားရင် ခဏစောင့်ပြီး Backup ဖိုင်ကို သိမ်းဆည်းနိုင်မယ့် Drive ကို ရွေးချယ် ပေးရပါမယ်။ 
ပြီးသွားရင် Next ကို နှိပ်ပြီး ရှေ့ဆက်သွားပါ။ Backup ကို ဘယ်လိုသိမ်းမလဲဆိုရင် 
Let me windows choose (Recommended) ဆိုတာကိုရွေးပြီး 
Next ကိုနှိပ်ပါ။ နောက်ဆုံးအဆင့်ကတော့ 
System Image ရယ်၊ User အချက်အလက်တွေကို Backup ပြုလုပ်ဖို့အတွက်
Save Settings and run backup ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ရင် 
Windows 10 System Image ကို စတင် Backup  ပြုလုပ်သွားပြီ ဖြစ်ပါတယ်။

Internet Journal

Monday, February 15, 2016

မိမိ Comoputer လေး လုပ်ဆောင်ချက်များ ပေါ့ပါးမြန်ဆန်နေအောင်

မိမိ Comoputer လေး လုပ်ဆောင်ချက်များ ပေါ့ပါးမြန်ဆန်နေအောင်
Win Key နှင့် R Key တွဲနှိပ်လိုက်ပါ ။ Run Box ကျလာပါလိမ့်မယ် ။
Run Box ကျလာပါက Open: တွင် sysdm.cpl ရိုက်ထည့်လိုက်ပါ ။ ပြီးရင် Enter (သို့) OK နှိပ်လိုက်ပါ ။
System Properties Box ကျလာပါလိမ့်မယ် ။
System Properties Box ကျလာပါက Advanced ကို သွားပါ ။
 ပြီးရင် Perfomance ရဲ့ Settings  ကို သွားပါ ။ Performance Options Box ကျလာပါလိမ့်မယ် ။
Performance Options Box ကျလာပါလိမ့်မယ် ။ ပြီးရင် Adjust for performance ကို ရွေးလိုက်ပါ။
 ပြီးရင် အောက်ပါလေးတွေကို ရှာပြီ အမှတ်ကလေး ခြစ်ပေးလိုက်ပါ။
1.Enable desktop composition
2.Enable transparent glass
3.Show thumbnails instead of icons
4.Smooth edges of screen fonts
ပြီးရင် Apply (သို့) OK နှိပ်လိုက်ပါ ။ 
ပြီးရင် OK နှိပ်လိုက်ပါ ။