Friday, May 8, 2015

Android ဖုန်းတွေမှာ Gmail အကောင့်သစ်ထပ်ဖွင့်လို့မရ တော့တဲ့ပြဿနာဖြေရှင်းနည်း

ကျွန်တော်တို့ Android ဖုန်းတွေမှာအော်ရီဂျင်နယ်ပါတဲ့ Gmail app ပဲဖြစ်ဖြစ် Gapp
installerတွေနဲ့ ကိုယ့်ဖာသာ ထည့်ထားတဲ့Gmail app ပဲဖြစ်ဖြစ် အကောင့်ဖွင့်တဲ့အခါ
အကောင့်ဆယ်ခုလောက်ဖွင့်ပြီးရင်အကောင့်သစ်ထပ်ဖွင့်လို့မရတော့ပါဘူး။
တစ်ခါတစ်လေမှာလုပ်ပြီးသားအကောင့်ကိုsign in ဝင်တာတောင်မှပဲဝင်လို့မရတတ်
တော့ပါဘူး။အဲဒီလိုပြဿနာမျိုးကို Gmailအကောင့်တွေအများကြီးလုပ်တတ်တဲ့သူတိုင်း
ကြုံဖူးကြလိမ့်မယ်ထင်ပါတယ်။အဲဒီပြဿနာကိုဖြေရှင်းနိုင်တဲ့နည်းလမ်းကိုဖေ့
ဘုတ်ကနည်းပညာGroup တစ်ခုမှအကိုတစ်ယောက်ကပြောပြတဲ့အတွက် ပြန်လည်ဝေမျှ
လိုက်ရပါတယ်။Gmail အကောင့်သစ်ထပ်ဖွင့်လို့မရတော့တဲ့ပြဿနာကိုဖြေရှင်းဖို့အတွက်ပထမဆုံးအနေနဲ့ Setting ထဲက ACCOUNTSဆိုတဲ့ ခေါင်းစဉ်အောက်က Google ဆိုတဲ့
အထဲကိုဝင်ပါ။အဲဒီထဲမှာလုပ်ပြီးသား Gmailအကောင့်တွေရှိတယ်ဆိုရင်အားလုံးကို
Remove account လုပ်ပါ။ဒုတိယအနေနဲ့ကတော့
Setting >>Manage apps >> ALL ကိုသွားပါ။ Gmail app နဲ့ Google Account Manager နဲ့ Google Services
Framework တို့ကို Clear data လုပ်ပေးလိုက်ပါ။တတိယအနေနဲ့တော့ဖုန်းကို Restart ချပေး
လိုက်ပါ။အဲဒါဆိုရင် Gmail အကောင့်အသစ်တွေပြန်ဖွင့်ဖို့အတွက်လုံးဝကိုအဆင်ပြေသွား
ပါပြီခင်ဗျာ။အခုရေးပြခဲ့တဲ့နည်းလမ်းလေးကိုမသိခင်ကပေါ့ဗျာ။အဲဒီလိုပြဿနာမျိုးကြုံတာနဲ့ Gmail
အကောင့်သစ်တွေပြန်ဖွင့်နိုင်ဖို့အတွက်ကျွန်တော်ဟာ Factory data reset ချတဲ့နည်းနဲ့ပဲ
ဖြေရှင်းနေရပါတယ်။ကျွန်တော်ဟာ G mailအကောင့်တွေ အများကြီး လုပ်တတ်သူဆို
တော့Gmail အကောင့်သစ်ဖွင့်လို့မရတော့တဲ့အခါတိုင်းပဲ ကျွန်တော့်ရဲ့ဖုန်းကို reset ချနေရ
တော့ Contacts တွေ data တွေကို Backupဆွဲရ Restore ပြန်ပြီးလုပ်ရနဲ့ ခဏတိုင်းဒုက္ခ
များနေခဲ့ရပါတယ်။အခုတော့ Factorydata reset ချစရာမလိုပဲ
ဖြေရှင်းလို့ရတဲ့နည်းလမ်းကိုသိရပြီ ဆိုတော့အဲဒီဒုက္ခတွေမရှိတော့ဘူးပေါ့ဗျာ။
ကျွန်တော့်လို Gmail အကောင့်တွေအများကြီးလုပ်တတ်သူတွေအတွက်ဒီပိုစ့်လေးကထဲက
နည်းလမ်းလေးတွေကအကျိုးရှိစေမယ်လို့်မျှော်လင့်ပါတယ်။
အခုရေးပြခဲ့တဲ့နည်းလမ်းလေးကို ပြောပြပေးခဲ့တဲ့ Facebook နည်းပညာGroup တစ်ခုမှ
Arker Linmg ဆိုတဲ့အကောင့်ပိုင်ရှင်အကို့ကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။
ကျွန်တော့်ဆီကအခုလိုမဆိုစလောက်တဲ့နည်းပညာလေးများကိုဝေမျှဖို့အတွက် Admin ဆို
တဲ့နေရာလေးတစ်ခုကို ဖန်တီးပေးခဲ့တဲ့ဆရာမောင်ပေါက် (Maung Pauk) ကိုလည်းအထူး
ကျေးဇူးတင်ပါတယ်။ဘလော့နဲ့ပက်သက်တဲ့နည်းပညာများလေ့လာစေခဲ့တဲ့အတွက်လည်း
ကျေးဇူးတင်ပါတယ်။ဘလော့နဲ့ပက်သက်တဲ့ PDF လေးများကိုဝေ
မျှပေးခဲ့တဲ့ ဆရာဘလော့ခရီးသည်ကိုလည်း
ကျေးဇူးတင်ပါတယ်။
Post ရေးသူ / Zaw Myo Htet
အဆင်ပြေကြပါ

No comments: