Monday, May 18, 2015

ကွန်ပျူတာရဲ့ အလုပ် လုပ်နိုင်စွမ်းကို မြှင့်တင်မယ်


ဒီပိုစ့်လေး ကတော့ RAM နည်းနည်းလေးရှိတဲ့ သူတွေ အတွက်ပါ။

အမျိုးကောင်းသားရဲ့ ဆိုဒ်မှာတွေ့လို့ သူငယ်ချင်းတို့တတွေ လေ့လာရအောင် မျှဝေလိုက်ပါတယ်။

RAM နည်းတော့ ဘာတွေဖြစ်သလည်းဆိုတာ သိကြတဲ့ အတိုင်းဘဲ ဟိုဖွင့် ဒီဖွင့်ဖြစ်လာရင် ကွန်ပျူတာက အ၀ိုင်းလေးလည်ပြီး ပညာပြချင်လာတယ်။

ဂိမ်းတွေ ကစားရင်လည်း ကောင်းခန်း ကျရင် စက်က နည်းနည်းဟမ်းချင်လာတယ်။

အဆိုးဆုံး ကတော့ Face book သုံးတဲ့ အခါ News Feed တက်လာတဲ့ အခါ Firefox အကြာကြီး ဟမ်းနေ
တတ်ပါတယ်။

တော်တော် များများကြ ဖြစ်ဘူးမှာပါ အဲလို မဖြစ်အောင် RAM memory size ထပ်တိုးပြီး အသုံးပြုလိုက်ပါ။

အဲဒါကို အသုံးပြုဖို့ အတွက် ကတော့ memory ကတ်တော့ လိုပါတယ်။

memory ကတ်က format လုပ်ထားပြီး ဘာမှမထည့်ပါနဲ့ ကွန်ပျူတာမှာ ဆိုဒ်ထားပါ။

ဆိုဒ်ထားတဲ့ ကတ်ကို rige ကလစ်ထောက်ပြီး Properties ထဲဝင်လိုက်ပါ။

ပုံအတိုင်း တွေ့ရပါမယ် Redy Boost ထဲကိုဝင်ပါ။

Use this device ကိုရွှေးပြီး Apply လုပ်လိုက်ပါ ပြီးရင် အိုကေနဲ့ ထွက်လိုက်ပါ။

မိမိစက်က သိသိသာ မြန်လာတာ တွေ့ရမှာပါ။

မန်မိုရီကတော့ အဆင်ပြေ သလိုထားပါ ကျွန်တော်ကတော့ အကုန် နီးပါးယူထားပါတယ်။

အကုန်နီးပါး ယူထားတဲ့ အတွက် မန်မိုရီက အခုလို ပုံလေးနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

အမျိုးကောင်းသားဆိုဒ်မှ ကူးယူမျှဝေသည်။

No comments: