Wednesday, May 20, 2015

အကောင်းဆုံနည်းလမ်းနှင့် အင်တာနက်အားအမြန်နှုန်းမြှင့်ခြင်း


Internet Speed ကိုမြန်အောင်လုပ်နိုင်တဲ့ ဘာ Software, Tweak, Hacking Tools မှ မရှိပါဘူး။ ရှိခဲ့ရင်လဲ မြန်အောင် လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။
သူငယ်ချင်းတို့တွေ တွေ့နေ့ကြတဲ့ Internet Speeder လို့၊ ဘာ Booster ညာ Booster တို့ဆိုတာတွေကလဲ မြန်အောင် လုပ်ပေးနိုင်မယ် မဟုတ်ပါဘူး။ သူတို့ရဲ့ Function က စက်ထဲမှာရှိတဲ့ Hardware တွေကို Overclocked လိုက်တာပါ။ ဒီကတော့ နဲနဲ ပါးပါး မြန်လာတာကို မြန်တယ်လို့တော့ မခေါ်ပါဘူး။
သူ့ရဲ့ Side Effect ကတော့ Hardware တွေပူတက်လာပြီး အဲ့ဒီ Speeder, Booster တွေကိုကြာရှည် သုံးနေမယ်ဆိုရင် အထဲက Hardware တွေ ပိုပြက်စီးမယ် ဖြစ်ပါတယ်။
အကောင်းဆုံးနည်းကတော့ ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်မှာ ဘယ် ISP Tower ကအနီးဆုံး ဖြစ်တာကို အရင် စုံစမ်း ဖို့ပါဘဲ။ ကိုယ်နဲ့ နီးက ISP ကိုယူရင် 1Mb တန်ဘဲ ဖြစ်နေပါစေ Maximum Connection ကို ရရှိနိုင်မှာဖြစ်ပါတယ်။
အမြန်ဆုံးကို ပိုလိုချင်ရင်တော့ ပိုက်ဆံ ပိုပေးလိုက်ယုံပါဘဲ။
Browsers ကောင်းကောင်း တခုနဲ့ Extensions, Themes, Plug-ins ကိုရှော့သုံးခြင်း
Browsers တွေကိုသုံးတဲ့နေရာမှလဲ ကွာခြားပါတယ်။ 
ဥပမာ အနေဖြင့် Browsing အတွက်လောက်ဘဲဖြစ်ရင်တော့ Chrome က အကောင်းဆုံးပါဘဲ။
နောက်တခုက Browsers တွေမှာ ရှိတဲ့ Plug-ins, Extensions, Themes တွေကိုရှော့သုံးဖို့ပါဘဲ။ ဘာဖြစ်လို့လဲဆိုတော့ အချို့ Theme တွေထဲမှာရှိတဲ့ Images တွေဟာဆိုရင် တပုံကို 1Mb နီးနီးလောက်
ရှိပြီး၊ Script တွေနဲ့ Function တွေကို အလုပ်လုပ်အောင် ပြင်ထားတဲ့အတွက် Hardware မနိုင်ရင် Browsing Speed က ပိုမိုနှေးသွားပါတယ်။
Plug-ins တွေဆိုပြန်တော့လဲ၊ ဥပမာအနေဖြင့် Google Plus Share Extension ဆိုရင် အမြဲတမ်း Google Plus ကို Connect လုပ်ထားရပါတယ်။ အဲ့ဒီအခါ အဲ့ဒီလို Extension တွေ တခုခြင်းဆီက Connect လုပ်နေရင် ကိုယ့်ရဲ့ Connection မှာလဲ နှေးကွေးသွားစေနိုင်ပါတယ်။
မလိုအပ်သော Startup Application တွေကို ပိတ်ထားခြင်း
Computer မှာ Applications တွေကို အများကြီး Installed လုပ်ထားတဲ့ အခါတွင်လဲ ဖြစ်တက်ပါတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီ Apps တွေကို Background မှာ Run နေတက်ပါတယ်။ ဥပမာအနေဖြင့် Skype၊ Google Talk၊ Voip Discount၊ VZO စည့် Applications တွေဟာဆိုရင်လဲ အမြဲတမ်း သူတို့ Server ကို ဝင်လိုက် ထွက်လိုက်နဲ့ Refresh လုပ်နေတာပါ။ အဲ့ဒီလို Background မှာ Internet ကို Connect ထားတဲက Apps တွေများတဲက အခါမှာလဲ ကိုယ့်ရင် Internet Speed ကိုရော့သွားစေပါတယ်။ အဲ့ဒါကို Computer Startup တာနဲ့ Auto မ Run နိုင်တော့ အောင် Run > MSCONFIG > Startup နဲ Service မှာရှိတဲ့ အသုံးမဝင်တဲ့ Application ကိုပြန်ပြီး Disable ထားသင့်ပါတယ်။ ပြီးတော့ မလိုအပ်တဲ့ Applications တွေကို Uninstall လုပ်ထားဖို့ လိုအပ်ပါတယ်။
ပေါ့ပါးပြီး ပိုမို Secure ဖြစ်သော Anti-virus Protection ကိုသုံးခြင်း
Anti-Virus Protection လဲလိုအပ်ပါတယ်။ ကျွန်တော် Recommend ရရင်တော့ နေ့ပိုင်းက သုံးလားတဲ့ ကာလ တလျှောက် အတွက် တနေ့ကို တကြိမ် ညပိုင်းလောက် Scan သင့်ပါတယ်။ Anti-Virus သုံးတဲ့ အချိန်မှာလဲ အပေါ်မှာ ဖော်ပြသွားတဲ့ ရှင်းလင်းချက် အတိုင်းတွေပါဘဲ၊ Norton၊ McAfee စသည့် Anti-virus Protection တွေက CPU Usage တွေကိုတအားသုံးပါတယ်။ အဲ့ဒါအခါမှာလဲ Internet Speed ကိုနှေးသွားနိုင်ပါတယ်။ Free ဖြစ်ပြီး ပိုမို Secure ဖြစ်တဲ့ Microsoft ကထုပ်လုပ်ထားတဲ့ Microsoft Security Essential ကိုသုံးဖို့ တိုက်တွန်းပါတယ်။
အပေါ်မှာဖော်ပြထားတဲ့ အချက်သုံးချက်နဲ့ဆိုရင် Internet Connection က ပိုမို မြန်လာနိုင်မှာကို ကျွန်တော် အာမခံပါတယ်။
နောက်တခုရှိသေးတာက Computer Hardware တွေကို Upgrade ဖို့ရယ်၊ File တခု လိုချင်လို့ Download တဲ့ အခါမှာလဲ ဘာကိုမှ မလုပ်ဘဲ အဲ့ဒီ File ကလွဲပြီး ဘာကိုမှ Download ဖို့ရယ်၊ ဒီအဆင့်တွေအားလုံး အဆင်မပြေဘူးဆိုရင်တော့ ISP ကိုခေါ်ပြီး လုပ်ခိုင်းလိုက်ပါ။ သူတို့က မိမိတို့ရင် Connection ကို Reset ပေးပါလိမ့်မယ်။ အဲ့ဒါမှ Satisfied မဖြစ်သေးဘူးဆိုရင်တော့ High Speed ကို Upgrade လုပ်ဖို့ပါဘဲ။ မေးမြန်းဆွေးနွေး စရာရှိရင် Free Feel To Comment Below ပါဘဲခင်ဗျား။
Zombyard.Net မှကူးယူမျှဝေသည်။

No comments: