Window 8.1 မှာ Desktop ကို Refresh လုပ်တဲ့အခါ ၁၅ Seconds လောက် ကြာတာကို ဖြေရှင်းနည်း
ကျွန်တော်ကိုယ်တိုင် စမ်းသပ်ပြီးသွားပါပြီ...
Desktop ပေါ်မှာ Refresh လုပ်တာ အချိန် ၁၅ စက်ကန့်လောက် ကြာတယ်
၁) ဒီ Link ထဲကနေ
Download ShellExView in Zip file ဒါကတော့ Window 32 Bits အတွက် ဒေါင်းမှာ ဖြစ်ပြီး
Download ShellExView for x64 ဒါကတော့ Window 64 Bits အတွက် ဒေါင်းမှာ ဖြစ်တယ်။
ကိုယ့် OS နဲ့ကိုက်ညီတဲ့ Bits ကို ရွှေးပြီးဒေါင်းလိုက်ပါ၊
၂) အဲဒီ ဒေါင်းရလာတဲ့ File က install လုပ်စရာမလိုပါဘူး Right Click လုပ်ပြီး Run as Administrator ဆိုပြီး Run လိုက်ပါ၊

၃) ပြီးရင် Options->Fliter by Extension Type-> Context Menu-Ok နှိပ်လိုက်ပါ။
၎) အဲဒီအခါ နောက်ခံ ပန်းရောင် Third Party Software ဖြစ် installed လုပ်ထားတာတွေ့ရမှာဖြစ်တယ်
၅) အဲဒီတွေ့နေရတဲ့ ပန်းရောင် နောက်ခံအရောင်တွေ အားလုံးကို Ctrlနဲ့ တွဲနှိပ်ပြီး ရှိရင် ရှိသလောက်ပေါ့..Select လုပ်ပြီး ဘယ်ဘက်ထိပ် ထောင့်လေနားမှာ အနီဖု လေးကို နှိပ်လိုက်တာနဲ့ ပန်းရောင်နောက်ခံအားလုံးဟာ Auto Disable ဖြစ်သွားပါပြီး။
၆) ကဲ နောက်ဆုံးတစ်ခေါက် အနေနဲ့ Options ကို ပြန်သွားပါ။ Options->Restart Explorer ကို နှိပ်လိုက်ပါ။
၇) အခု Desktop ပေါ်မှာ Right Click ကို ခေါက်ကြည့်လိုက်ပါ......
ဒီ Problem တွေကို ကြုံနေရတဲ့ ညီအစ်ကို တွေ အတွက် အဆင်ပြေကြပါစေလို့ ကြားချင်ပါတယ်..

No comments:
Post a Comment