Tuesday, May 19, 2015

Firefox ကိုအမြန်ဆုံးဖွင့်မယ်

 

ဒီနည်းလေးတော့ ကျွန်တော်ကိုယ်တိုင်ကိုယ်တွေ့ပါဗျာ။ တကယ်မြန်ပါတယ် ....
နဂိုကဆို စောင့်နေရတာ Firefox ကို ဖွင့်ပြီးရင် အနည်းဆုံး နှစ်မိနစ်သုံးမိနစ်လောက်တောင်ဗျာ။
စိတ်တော်တော်ပျက်တာ ။ ခုတော့ဗျာ။ ငါးစကန့်လေးနဲ့တင် သုံးလို့ရနေပြီ ။
ဘယ်လောက်ကောင်းလိုက်တာလဲဗျာ။ ကျွန်တော့်အတွက်လေ... ။
တကယ်လို့ စာဖတ်သူတို့များ အဲလိုဖြစ်ခဲ့သည်ရှိသော... ဒီနည်းလေးကို သတိရလိုက်ပါ။
ခက်လည်း မခက်ပါဘူး။ Gtalk Account ကို နှစ်ခုဖွင့်လို့ရအောင် လုပ်သလိုမျိုးပါပဲ Target မှာ စကားလုံးလေး ထည့်လိုက်ရုံတင်။
စိတ်ဝင်စားတယ်ဆိုရင် လုပ်လိုက်ပါဗျာ။ အာမခံတယ် တကယ်မြန်တယ်။ ဒါကျွန်တော်ကိုယ်တိုင် လက်တွေ့မှာ မြန်နေလို့ ပြန်တင်ပေးလိုက်ပါဗျာ ။
ပထမဆုံး မိမိတို့ရဲ့ Desktop ပေါ်က Mozilla ကို Right Clink နဲ့ Properties ကို ရွေးလိုက်ပါဗျာ။
အများ နားလည်လွယ်အောင် ပုံတွေနဲ့ တင်ပေးပါတယ် ။


Properties နိပ်လိုက် သူ့ကို Box တစ်ခုတက်လာမယ်ဗျာ။
အဲဒီမှာ Target ကို ကြည့်လိုက်ပါ ..Shortcut ကို အရင်တစ်ချက်နိပ်ပေးလိုက်ပါ ။


Target ကို တွေ့တယ် မလား ...အဲဒီမှာ exe''နောက်မှာ space bar တချက်နှိပ်ပြီး  /prefetch:1 ကို ထည့်ပေးလိုက်ပါ။
အပေါ်ကို ပုံက ထည့်လိုက်ပြီးဖြစ်တဲ့ပုံပါ။ ပြီးရင် Apply >>> OK ပေါ့။ မြေခွေးလေးကို ဖွင့်ကြည့်လိုက်ပါ။
အပေါင်သား ဘလော့ဂ်မှကူးယူမျှဝေသည်။

No comments: