Thursday, May 21, 2015

Printer Share နည်း

 Printer Share နည်း
 
Computer A သည် printer တစ်လုံးအား တိုက်ရိုက်ချိတ်ဆက်ထားမည် ဆိုပါက
(၁) ၎င်း computer A တွင် ချိတ်ဆက်ထားသော printer များ share ထား/မထား အရင်စစ်ပါ။ 

(စစ်နည်းမှာ - Start > Settings > Pinters and Faxes ကို click ပြီးရင် မိမိ ချိတ်ဆက်ထားသော Printer icon တွင် လက်ပုံလေးရှိ/မရှိစစ်ပါ )Share ထားလျှင် computer A အနေဖြင့် ဘာမှ ဆောင်ရွက်စရာမလိုပါ။လက်ဝါးပေါ်တွင် Printer icon လေးရှိရင် 

အမှတ်စဉ်(၂)အား ဆောင်ရွက်ရန်မလိုပါ။
(၂) - Control panel မှ Network wizard setup ကို click- welcome wizard ကျလာမည် Next ဖြင့်ဆက်သွားပါ။- ထပ်မံ၍ Next ဖြင့်ဆက်သွားပါ။
- အလယ်တစ်ခုကို ရွေး၍ Next ဖြင့်သွားပါ။(သင့် Network အား မူတည်၍ ရွေးရပါသည် အများစုမှာ အလယ် Network ကိုအသုံးများပါသည်)

- သင့်၏ computer name ဖြည့်ပါ Next ဖြင့်သွားပါ။
- သင့်၏ Network Group ဖြည့်ပါ Next ဖြင့်သွားပါ။
- Turn on file and printer sharing ကို ရွေး၍ Next ဖြင့်သွားပါ။
- Network Setting ဆောင်ရွက်မှုများ ပြီးစီးရန်အတွက် Next ဖြင့်ဆက်သွားပါ။
- setup ဆောင်ရွက်ခြင်းအား ခဏစောင့်ပါ
- အောက်ဆုံးက Just finish ..... ကို ရွေး၍ Next ဖြင့်ဆက်သွားပါ။
ဒါဆိုရင် Network Setup လုပ်ခြင်းပြီဆုံးသွားပါပြီ
ထိုသို့ ဆောင်ရွက်ခြင်းသည် Computer A မှ Printer Share ပေးခြင်း ပြီးဆုံးပါသည်။
(၃) computer B သည် computer A နှင့်ချိတ်ထားသော printer မှ print ထုတ်လိုလျှင်
(က) Computer B ၏ run box တွင် \\computer A ၏ IP အမှတ် ရိုက်ထည်ြ့ပီး enter ခေါက်ပါ။
(ခ) Compter A မှ Share ထားသမျှ folder များကျလာမည် ၎င်းတို့ အတွင်းမှ printers and faxes ကို နှစ်ချက် click မိမိ print ထုတ်လိုသည့် printer တွင် right click ပြီးရင် connect တွင်ထပ်မံ click ပါက message box တစ်ခုကျလာမည့် yes ကို click ပါ။
ဒါဆိုရင် computer B ၏ start > settings > Pinters and Faxes အတွင်းတွင် computer A မှ printer အား အလိုလျှောက် ဆက်သွယ်ပြီးသာ ဖြစ်နေပါပြီ
မိမိ Print ထုတ်လိုသည့် printer များအား အထက်ပါနည်းဖြင့်ဆက်လက် connect လုပ်သွားခြင်းဖြင့် printer share ခြင်းအား ဤနေရာတွင် အဆုံးသတ်လိုက်ပါရစေခင်ဗျာ...
လွယ်ကူတဲ့ shoutcut နည်းလေးပြောပြပေး ပါ့မယ်..ဘယ်လိုဘဲဖြစ်ဖြစ်..ပညာတစ်ခုကို သင်မယ်ဆိုရင်..ဘက်စုံထောင်စုံကသိထားသင့်ပါတယ်...

အခက်အခဲဖြစ်လာတဲ့အခါတွေမှာ..တစ်နည်းနဲ့မရရင်နောက်တစ်နည်း သုံးလို့ရတာပေါ့.....
ခုပြောပြမယ့်နည်းကတော့ ...အထက်က shareတွေပေးပြီးသွားတဲ့ (လက်ပုံလေးပေါ်နေပြီဖြစ်တဲ့) printer ကို တဖက်စက်က လှမ်းခေါ်ပြီး shared printer ကိုသိစေတဲ့ နည်း shoutcut လေးပါ..
ခုပြောပြတဲ့ နည်းအတိုင်းဘဲ..စက်တစ်လုံး shared floder တွေကို လှမ်းယူ..လှမ်းပို့နိုင်တယ်လေ....ကဲ စပါပြီ..

start> run (or) window +R ပေါ့
run box ပေါ်လာပြီဆိုရင်...အတွင်းမှာ printer shared ပေးထားတဲ့ စက်ရဲ့ IP ကို ရိုက်ထဲ့ပါ...ရိုက်ထည့်ရာမှာ..ဒီလိုရိုက်ရပါမယ်..
\\15.11.80.1\
Enter ခေါက်ပါ....ခဏလေးပေးစောင့်လိုက်...printer shared ပေးထားတဲ့ စက် တက်လာတာကိုတွေ့ရပါလိမ့်မယ်... အဲဒီအခါမှာ...printer ပုံလေး ကို မြင်ရမှာပါ ...အဲဒီ printer ရဲ့နံပါတ်ဟာ ..မိမိshared ပေးထားတဲ့ နံပါတ်သေချာအောင်နဲနဲ စစ်ပြီးတာနဲ့ double click လုပ်လိုက်တော့ ...အဲဒီမှာ...ဒီprinter လေးက မိမိစက်မှာ run တာကို ok ပြောပေးလိုက်...အားလုံးပြီးသွားပြီ...
မိမိစက်မှာ ctrl + P ခေါ်ပြီး 15.11.80.1 IP နံပါတ်ကို print ပေးလိုက်လို့ရပါပြီ.....
file shared ကို လဲ ..ဒီလိုဘဲ Run ထဲမှာ IP ရိုက်ပြီးခေါ်နိုင်ပါပြီ...
:) တစ်ခုပြောပေးအုံးမယ်...XP မှာ ..printer shared ပေးထားတဲ့ စက်က password ရှိတယ်ဆိုရင် ..စက်ကို ဖွင့်ပြီး ..log On screen တက်လာရင် တခြားဘယ်စက်ကမဆို printer ပေးလို့ရ တယ်နော်....password ဖွင့်စရာမလိုဘူးသိလား...
server 2003 OS မှာဆိုရင်တော့ ...offline print ပေးလို့ရသေးတယ်..ဗဟုသုတပြောပြတာပါ....
printer ကိုနတ်ဝက်ချိတ်ပြီးရင် Printer ကို နောက်တစ်လုံးကနေတင်ရတယ်ဗျာ.. အဲ့လိုတင်ပြီး ဟိုဘက်စက်ကနေprinter ကို share ပေးမှာ ဒီဘက်စက်ကနေ print လှမ်းလုပ်လို့ရမှာဗျ
လုပ်ပုံလုပ်နည်းလေကတော့Printer&Fax ဆိုတဲ့ထည်းက ယာဘက်ဘေးမှာ Add Printer ဆိုပြီးရှိတယ်အဲ့ကနေ အရင်ဆုံး တပ်လာတဲ့ဟာကို Next လုပ်ပါပြီးရင် Net Work ဆိုတာကိုရွေးပါပြီးရင်Next နဲ့ပဲစက်သွားပါနောက် တစ်ဆင့်ရောက်ရင်ပေါ်လာတဲ့ Printer ထဲက အကို Printer ကို share ပေးထားတဲ့ printer ကို Select လုပ်လိုက်ပါနောက်ပြီးရင် Default ဆိုတာကို ရွေးလိုက်ရင် ဒီဘက်စက်ကနေ Print လှမ်းလုပ်လို့ရပါပြီဗျာ...

 

No comments: