Samsung ဖုန်းတွေက
မြန်မာစာထည့်ရတာ
အလွယ်ဆုံးလို့ပြောလို့ရပါတယ်။
(ကျွန်တော့်အထင်ပြောတာပါ။)
ဘာကြောင့်လဲဆိုတော့ Setting >Display>Font style မှာသွားပြီးတော့ Zawgyi ဖောင့် ပြောင်းနိုင်လို့ပါပဲ။
ကီးဘုတ် နဲ့ ဖောင့် ထည့် ပြီးရင် Setting ထဲမှာနည်းနည်းလောက် ကလိလိုက်တာနဲ့ အိုကေသွားပြီ။
အောက်က ကီးဘုတ် နဲ့ ဖောင့် ကိုဒေါင်းလိုက်ပါ။
Frozen keyboard 1.1.3
Zawgyi one
ဒေါင်းပြီးရင် ၂ ခုစလုံး Install လုပ်လိုက်ပါ။
Setting>Language and Input မှာ install လုပ်ထားတဲ့မြန်မာကီးဘုတ်ပေါ်နေပါလိမ့်မယ် အမှန်ခြစ်ပေးလိုက်ပါ။
Default မှာလဲ မြန်မာကီးဘုတ်ပဲ ထားပေးရပါမယ်။ ကီးဘုတ်ပြီးတော့ မြန်မာဖောင့်ကို ဆက်သွားမယ်။
install လုပ်ထား Zawgyi one မြန်မာဖောင့်ကို Setting>Display> Font style ထဲမှာမြင်နေရပါပြီး။
Zawgyi one TTF ကို ရွေးလိုက်တာနဲ့ restart လုပ်ခိုင်းပါလိမ့်မယ် လုပ်ပေးလိုက်ပါ။ restartမလုပ်ခိုင်းရင်လဲလုပ်ပေးရမှာပါ။Restart ပြန်တက်ရင်တော့ အားလုံးအဆင်ပြေပါပြီ။မြန်မာစာကို စိတ်ကြိုက်အသုံးပြုလို့ရပါပြီ။
No comments:
Post a Comment