Thursday, May 21, 2015

လျှို့ဝှက် Vedio File တစ်ခုဖြစ်တဲ့ movie.dat ကို C ထဲမှာ Movie.exe ပြောင်းသိမ်းထားတယ်ဆိုရင်ပေါ့

လျှို့ဝှက် Vedio File တစ်ခုဖြစ်တဲ့ movie.dat ကို C ထဲမှာ Movie.exe ပြောင်းသိမ်းထားတယ်ဆိုရင်ပေါ့

ကိုယ်ကလွဲပီးကျန်တဲ့သူတွေဘယ်သူမှဖွင့်ကြည့်လို့မရအောင်လုပ်ချင်တယ်ဆိုရင်တော့
cmd ထဲကိုဝင်ရလိမ့်မယ်
အဲဒီထဲမှာ မိမိတို့ရဲ့ ဖိုင်ကိုရှာလိုက် တွေ့ရင် ဒီလိုလေးပြောင်းလိုက်ပေါ့
C:\ren movie.dat movie.exeလို့သာပြောင်းပေးလိုက် ဗွီစီဒီဖိုင်ကနေ exe program file ပြောင်းသွားလိမ့်မယ်အဲဒါဆို ဖွင့်နည်းမသိတဲ့ သူတွေကတော့ဖွင့်မရတော့ပါ .............
ပြန်ဖွင့်ကြည့်ချင်တယ်ဆိုရင်တော့ windows mediaplayer ထဲကနေ File > open > ထဲကနေမိမိရဲ့ movie.exe ကို select လုပ်ပီးဖွင့်လိုက် တန်းကနဲနေအောင်ဖွင့်လာလိမ့်မယ်
နောက်တစ်ခုကတော့ C ထဲမှာသိမ်းထားတဲ့ folder တစ်ခုဆိုပါတော့
အဲဒီကောင်ကိုပြောင်းချင်ရင်တော့ winrar နဲ့အရင်ချုံ့လိုက်
အဲဒါဆို cmd ထဲမှာ folder.rar ဆိုပီးတော့ပေါ်နေလိမ့်မယ် အဲလိုပေါ်နေရင်
C:\>ren folder.rar folder.exe ဆိုပီးပြောင်းလိုက်rar ဖိုင်ကနေ exe ဖိုင်အဖြစ်ပြောင်းသွားရော
အဲဒီကောင့်ကိုတော့ ပြန်rar ပြန်ဖြစ်ချင်ရင်တော့ ပြန်ဖြေပေးရတယ်နော် ပြန်ဖြေပုံက
C:\>ren folder.exe folder.rar ဆိုပီးရိုက်လိုက်
ဒါဆို exe ဖိုင်ကနေ rarဖိုင် ဖြစ်သွားရောဗျာ
တစ်ခြား extantion တွေရှိပေမယ့်လည်း .exe လောက်စိတ်မချရဘူး..
........ .exe ကအားလုံးထက်ပိုပီးစိတ်ချရပါတယ်...အဓိကဆိုလိုချင်တာကတော့ extension ပြောင်းပေးတာပါ...
 

No comments: