Tuesday, May 19, 2015

Viber မှ Public Chat ကို အသုံးပြုနည်း


မင်္ဂလာပါ
ဒီနေ့ အသစ်တက် လာတဲ့ သတင်းတွေနဲ့ အတူ Viber မှာ Public Chat ဆိုတာ တကယ် ထပ်တိုး လာပါတယ်။
Official က မက်ဆက် တိုက်ရိုက် ပို့ပေးပါတယ်။
Viber ချစ် ပရိတ်သတ် ကြီးများ ခင်ဗျား လိုင်းဖွင်ထားရင် Viber လေးကို တစ်ချက်ကြည့် ကြည့်လိုက်ပါ Viber
Official က ပို့ပေးထားတဲ့ မက်ဆက် အသစ်လေးရောက်နေတာကို တွေ့ကြရမှာပါ။
(ဒီနေရာမှာ မိမိနေထိုင်ရာ နိုင်ငံ အလိုက် ပို့ပေးမှာဖြစ်ပါတယ်)
Public Chat ဆိုတာ သတင်း အချက်အလက် များကို လူအများဆီသို့ လွယ်ကူ လျင်မြန်စွာ ဖြန့်ချိပေးနိုင်မှာ ဖြစ်
ပါတယ်။ Viber ရဲ့ ပြောဆိုခွင့် ရှိသူပြောကြားချက် အရတော့ “ဆိုရှယ် မီဒီယာတစ်ခု အနေနဲ့ ဘယ်လို လုပ်မလဲ
ဆိုပြီး စဉ်းစားတဲ့ အခါမှာ Public Chat ဆိုတာ ပေါ်ပေါက် လာခဲ့ပါတယ်။
Public Chat သည် ကိုယ်ပိုင် အမည် တစ်ခုနှင့် စာမျက်နှာ တစ်ခု ထူထောင်နိုင်သည့် စနစ် တစ်ခုဖြစ်ပြီး အဆိုပါ
စာမျက်နှာကို Viber အသုံးပြုသူ မည်သူ မဆို Follow ပြုလုပ်နိုင်သည်ဟု သိရသည်။
ဒီလောက် ဆိုရင် Viber Public Chat ဆိုတာ မိမိ အတွက် ဘယ်လောက် တန်ဖိုး ရှိလာပြီ ဆိုတာ သဘောပေါက်
လောက်ပါပြီ။ အသုံးချတတ်သူ တစ်ယောက်သာ ဖြစ်ဖို့ လိုပါတယ်။ ကောင်းသော အလုပ်နဲ့ လူသား အကျိုးပြု
စာမျက်နှာ ဖွင့်နိုင်ကြ ပါစေခင်ဗျား။
လုပ်နည်း မသိသေးရင် အောက်မှာ ကျနော် ပုံလေးနဲ့ တစ်ကွ ရှင်းပြ ထားပါတယ်။
၁။ Viber ကို ဖွင့်လိုက်ပါ
၂။ ကျနော် အနီရောင်လေးနဲ့ ၀ိုင်းပြ ထားတာလေးကိုနှိပ်ပါ (Public Chat)
၃။ Explore ထဲ အနီရောင်ဝိုင်း ထားတာလေးကိုနှိပ်ပါ။
၎။ Explore ရဲ့အောက်မှာ Follow လုပ်မယ့် စာမျက်နှာတွေ အများကြီးပေါ်လာ ပါလိမ့်မယ်၊ မိမိ ကြိုက်နှစ်သက်
ရာ စာမျက်နှာလေးကို Follow ဆိုတာကိုနှိပ်လိုက်ပါ။
၅။ မိမိ Follow လုပ်ထားတဲ့ စာမျက်နှာလေးပေါ်လာပါလိမ့်မယ်။

၆။ မိမိ သူငယ်ချင်း Group ထဲက ဖိတ်ချင်တဲ့ ဘော်ဒါတွေကို ဖိတ်ဖို့ Invite Friend ဆိုတာလေးကိုနှိပ်ပါ။
Viber ထဲက သူငယ်ချင်းတွေ အကုန်ဖိတ်လို ရ့ပါတယ်။ မိမိကြိုက်နှစ်သက်တဲ့ စာမျက်နှာ (Group) လေး
ကိုလည်း Share လုပ်ချင်တယ် ဆိုရင် Share ဆိုတာကိုနှိပ်လိုက်ပါ။

၇။ မိမိ Group ထဲမှာ သူငယ်ချင်း တွေကို ကြည့်ချင် ရင်တော့ ကျနော် အနီ ၀ိုင်းပြထားတဲ့ နေရာကိုနှိပ်ပါ။
၈။ မိမိ Follow လုပ်ထားတဲ့ Group လေးကို မကြိုက်တော့ဖူး Group ထဲက ထွက်လိုက် ချင်ရင်တော့ Unfollow
Public Chat ဆိုတာလေးကို နှိပ်ပေးလိုက်ပါခင်ဗျား။
အားလုံးပဲ အဆင်ပြေကြ လိမ့်မယ်လို့ မျှော်လင့် ပါတယ် အတွေးသစ် အမြင်သစ်နဲ့ လူသား အကျိုးပြု စာမျက်နှာ
ကြီးတွေကို ဖွင့်နိုင်ကြပါစေ အောင်မြင်သူတွေ ဖြစ်နိုင်ကြ ပါစေဟု ဆန္ဒပြုလျှက်။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
http://www.zunite.org/

No comments: