Monday, June 8, 2015

Computer window စတက်တက်ခြင်း ပေးတဲ့ system password

ခုပြောမယ့်အကြောင်းအရာလေးကတော့ ကျနော်တို့သုံးနေတဲ့ကွန်ပျူတာကို တခြားသူကို 


မကိုင်စေချင် မသုံးစေချင်တဲ့အခါမှာ password လေးနဲ့ပိတ်ထားတဲ့အကြောင်းလေးကို

 ပြောပြပါမယ်။ ကျနော်တို့ အခုလက်ရှိသိကြတာကတော့ Window Accountတွေကို Password

 တွေနဲ့ပေးကြတဲ့ဟာပါပဲ။ ဒါပေမယ့် အဲဒီအကောင့်တွေကလဲ နားလည်ရင် ပြန်ပြီး

 ဖြုတ်လို့ရပါတယ်။ ခုပြောမယ့်အရာလေးကတော့ ကျနော်သိသလောက်တော့ ဒီတိုင်းအလွယ်

တကူဖြုတ်လို့မရပါဘူး။


ပညာရှင် အဆင့်ဆိုရင်တော့ ရကောင်းရပါလိမ့်မယ်။ ဒါကလဲ ကိုယ်ကိုယ်တိုင်က ကြည်ဖြူမှ သုံး

ခွင့်ပေးမှသာရပါလိမ့်မယ်။ အသုံးပြုပုံလေးကတော့ ဒီလိုပါ။

ပထမဆုံး Start-----> Run ကိုနှိပ်လိုက်ပါ။ (သို့) Window key+R ကိုတွဲနှိပ်ပါ။ အဲဒီမှာ 

syskey ဆိုပြီး ရိုက်လိုက်ပါ။ ဘောက်စ်တခုကျလာလို့ရှိရင် Encryption Enabled ဆိုတာလေး

ကို Check လုပ်ခဲ့ပါ။ ပြီးလို့ရှိရင် Update ဆိုတာလေးကို နှိပ်လိုက်ပါ။ အဲဒီမှာ Password 

Startup ကို Check ပေးပြီးတော့ ကိုယ်ပေးချင်တဲ့ password ကို ပေးလိုက်ပါ။ ပြီးရင် Ok ကိုနှိပ်

လိုက်ပါ။ ဒါဆို window တက်တက်ချင်း password တောင်းတဲ့ Box လေး ကျလာပါလိမ့်မည်။ 

အဲဒီမှာ မိမိပေးခဲ့သော password ကို ရိုက်ထည့်မှသာ Window ထဲကို ၀င်လို့ရပါမည်။ ဒါဆိုရင် 
ကိုယ့်ကွန်ပျူတာလေးကို လုံလုံခြုံခြုံနဲ့ သုံးလို့ရပါပြီ။ (သတိ= မိမိပေးခဲ့သော password ကို မိမိ

ဘာသာ မှတ်သားထားပါရန်။)

အကယ်၍ ပြန်ပြီး ဖြုတ်ချင်တယ်ဆိုရင် စောစောကတိုင်းပဲ Start>Run မှာ syskey လို့ရိုက်၊ 

update ကို နှိပ်။ Password Starup ဆိုတဲ့ box ကို Blank ပေးလိုက်။ အဲဒီမှာ password

 တောင်းတဲ့ဘောက်စ်လေးကျလာရင် လက်ရှိကိုယ်ပေးထားတဲ့ password 

ကို ပြန်ထည့်လိုက်ရင် ရပါပြီ။

No comments: