Saturday, June 13, 2015

သင့်ရဲ့ အဖိုးတန်လှသော မျက်လုံးတစ်စုံအား F.lux Software ဖြင့် ယခုပင် ကာကွယ်လိုက်ပါ


F.lux Applicatoin သည် ကွန်ပျူတာသမားများ နှင့် မျက်စိနှင့်ဆိုင်သော ရောဂါရှိသူများအတွက် 
မရှိမဖြစ်ဆောင်ထားသင့်သော မျက်စိအတွက် အစွမ်းထက် Software ကောင်းတစ်ခုဖြစ်ပါသည်။
 Software အား ကွန်ပျူတာ (သို့) ဖုန်းအတွင်းထည့်သွင်းထားခြင်းဖြင့် အချိန် ၊ နေ့ရက် ၊ နာရီ အလိုက် 
ကွန်ပျူတာ အလင်းအမှောင်အား အလိုအလျာက်ချိန်ညှိပေးမှာဖြစ်ပြီး Screen Brightness အား Warm ဖြစ်အောင်
 ပြုလုပ်ထားခြင်းဖြင့် ကွန်ပျူတာ အသုံးပြုသူ၏ မျက်စိနှစ်ကွင်းအား ထိခိုင်မှုမရှိအောင် 
အကောင်းဆုံးကာကွယ်ပေးမှာဖြစ်ပါတယ်... Software အတွင်း အလိုအလျောက် အလင်းအမှောင် ချိန်ညှိသည့် 
စနစ်ပါရှိပြီး ပြည်ပနိုင်ငံတွင်ရောက်ရှိနေသူဖြစ်ပါကလည်း Zip Code or Location ထည့်ပေးခြင်းဖြင့်
 နိုင်ငံအနေအထားလိုက် ရှိသင့်သည့် အလင်းအမှောင် များကိုတွက်ချက်ပြီး ချိန်ညှိပေးမှာဖြစ်ပါတယ်.
.မြန်မာနိုင်ငံအတွင်းမှာတော့ Automatic ချိန်ညှိသည့်စနစ်ကို
အသုံးပြုနိုင်ပါတယ်.. Internet ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ Online / Offline နှစ်မျိုးလုံးအသုံးပြုနိုင်ပါ.. 
စတင်အသုံးပြုလျှင် ညအချိန်တွင် Screen မှာ အ၀ါရောင်သို့ပြောင်းသွားပြီး Brightness Warm 
လုပ်ပေးမှာဖြစ်ပါတယ်..ထိုသို့ လုပ်ပေးခြင်းဖြင့် အမြင်မှာ အနည်းငယ်ဝါနေသော်လည်း တစ်ရက် နှစ်ရက် 
အတွင်းကျင့်သားရလာမှာဖြစ်ပါတယ်.. Screen ပေါ် အားစိုက်ကြည့်ရှုရခြင်းမျိုးမရှိဘဲ ကွန်ပျူတာ 
အသုံးပြုနေစဉ် မျက်ရည်ကျခြင်းများ ၊ မျက်စိယားယံခြင်းများ ၊ မျက်ရိုးကိုက်ခြင်းများ သိသိသာသာ
သက်သာလာတာကို လက်တွေ့ကြုံရမှာပါ...ယခု စာရေးသူ Admin ကိုယ်တိုင် ကိုယ်တွေ့ဖြစ်ပြီး အသုံးပြု
နေသည်မှာ 2 လမျှရှိနေပါပြီ...ထို့ကြောင့် အဖိုးတန်လှတဲ့မျက်စိတစ်စုံအား ကာကွယ်ဖို့အတွက်
 F.lux Software အား ယခုပင်ထည့်သွင်းကြဖို့ အကြံပေးလိုက်ရပါတယ်။

Windows , MAC , Linux , iPhone/iPad တို့တွင် အသုံးပြုလို့ရပါတယ်။ လိုအပ်သည့် Software အား
 အောက်တွင် Download ရယူနိုင်ပါပြီ။





Myanmar IT Helper

No comments: