Wednesday, June 17, 2015

ကွန်ပျူတာကို USB Stick ဖြင့် Lock ချမယ်

ကွန်ပျူတာကို USB Stick ဖြင့် Lock ချမယ် မင်္ဂလာပါခင်ဗျာ.... ဒီနည်းလေးကတော့ ကွန်ပျူတာကို အသုံးပြုနေရင်း ခဏအပြင်သွားစရာရှိလို့ဖြစ်စေ windows စအတက်မှာဖြစ်စေ USB Stick လေး အသုံးပြုပြီး Lock ချနိုင်တဲ့နည်းလေးပါ.... သုံးရတာ တော်တော်အဆင်ပြေပါတယ်... ကွန်ပျူတာအလုံးရေများများ အသုံးပြုတဲ့ ရုံးတို့ သင်တန်းတို့မှာလည်း သုံးနိုင်ပါတယ်... . ဥပမာ Stick တစ်ချောင်းတည်းဖြင့် ကွန်ပျူတာ ၃ လုံးကို Lock လုပ်နိုင်သလို၊ တစ်လုံးတည်းကို stick နှစ်ချောင်းဖြင့် နှစ်ဦး သုံးသလိုမျိုး အသုံးပြုနိုင်ပါတယ်.. သုံးလို့တော်တော်အဆင်ပြေပါတယ် Lock ဖြစ်နေတဲ့အချိန် Password ရိုက်ပြီးလည်း ဖွင့်နိုင်သလို အခြားသူများရှေ့မှာ password မရိုက်လိုလျှင် ( သော့သဖွယ် ) stick လေးထိုးလိုက်ယုံနဲ့ ပွင့်သွားမှာပါ.... သဘောကတော့ Stick ပေါ်မှာ password ကိုအရင် Creat key လုပ်ထားပြီး Stick လေးထုတ်လိုက်ယုံနဲ့ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ Lock ချပေးမှာဖြစ်ပါတယ်... Lock ဖြစ်နေစဉ် ကွန်ပျူတာ  စကရင် (အနက်ရောင်အတိုင်း) ပိတ်သွားမှာဖြစ်သလို Mouse နှင့် Key board ခလုပ်များအားလုံး disabled ဖြစ်သွားမှာပါ... Lock ဖြစ်နေတဲ့အချိန် တစ်ယောက်ယောက်က လာကိုင်ပြီး password ကို သတ်မှတ်ထားတဲ့အချိန်အတွင်း မှန်ကန်အောင်မထည့်ပေးနိုင်ပါက Alarm ပေးသည့်အပြင် မိမိပြန်လည်အသုံးပြုတဲ့အခါ လာရောက်ကိုင်တွယ်သွားကြောင်း ဖော်ပြပေးပါတယ်... 32, 64 နှစ်မျိုးစလုံးမှာ သုံးနိုင်ပြီ စမ်းသပ်အသုံးပြုတဲ့ သူငယ်ချင်းများ ကြိုက်နှစ်သက်ကြမှာပါ ... အသုံးပြုမည့် PREDATOR (protects your PC with a USB flash drive)  ဆော့ဝဲလ်လေးကို  ဒေါင်းလော့ယူရန် အောက်တွင်ဖော်ပြထားပါသည်... ======================================================= Download ရလာသောဖိုင်ကိုဖြည် Install လုပ်ပြီးဖွင့်လိုက်ပါ... password နေရာမှာ မိမိအသုံးပြုလိုတဲ့ password ကိုထည့်ပါ... ပြီးလျှင် အသုံးပြုမည့် usb stick ကို တပ်ပါ.. Creat Key on drive  နေရာတွင် မိမိအသုံးပြုမည့် stick ကိုရွေးပေးပါ.... ပြီးလျှင် create key ကို နှိပ်ပြီး stick တွင် password မှတ်နိုင်ပါပြီ...  windows အတက်မှာပါ အသုံးပြုလိုလျှင် auto start with windows တွင် အမှတ်ခြစ်ပေးပါ...  အားလုံးပြီးလျှင် OK နှိပ်ပြီး အသုံးပြုနိုင်ပါပြီ... Credit to နည်းပညာ ဥယျဉ်


Copy and WIN : http://ow.ly/KNICZ

No comments: