Sunday, June 28, 2015

Windows 8/8.1 ရဲ့  Startup Applications တွေကို Manage ပြုလုပ်ခြင်း

clip_image002
Applications တွေ တော်တော်များများမှာ ကွန်ပြူတာ Boot တက်တာနဲ့  Run ဖို့ ပြုလုပ်ထားတတ်ကြပါတယ်။အဲဒီအတွက် Boot Time ကိုကြာမြင့်စေသလို Background မှာ Run နေတဲ့ အတွက် System Resources တွေကိုအသုံးပြုနေတဲ့အတွက်စက်ကိုလေးလံစေပါတယ်။ Windows Vista နဲ့  7 မှာ Startup Applications တွေကို Manage လုပ်ဖို့  Tools တွေပါရှိပြီးသားဖြစ်ပါတယ်။
Windows 8 မှာလည်း Startup Applications တွေကို Manage လုပ်ဖို့  Tool ပါရှိပါတယ်။အရင် ၀င်းဒိုးတွေ နဲ့ မတူဘဲ Task Manager ကနေအသုံးပြုရမှာပါ။Task Manager ကနေ အသုံးပြုလို့ ရလာတဲ့အတွက် ပို မိုအဆင်ပြေစေပါတယ်။
Note : Desktop Applications တွေကို ပဲ Manage လုပ်ရမှာဖြစ်ပါတယ်။ Modern  or Metro Applications တွေက Startup မှာ Run ခြင်းမရှိပါဘူး။
Task Manager ကိုဖွင့်နည်းများ။
Windows 8 မှာ Task Manager ကို ဖွင့်ဖို့ အတွက်နည်းတွေ အများကြီးရှိပါတယ်။Taskbar ပေါ်မှာ Right Click နှိပ်ပြီး Task Manager ကို နှိပ်ပါ။
clip_image004
Windows 8 မှာအသစ်ပါရှိလာတဲ့ Win X menu ကနေလည်း Task Manager ကိုသုံးနိုင်ပါတယ်။ Win X menu ကိုဖွင့်ဖို့  Windows Key + X  ကိုနှိပ်ပါ။
clip_image006
Windows + C ကို နှိပ်ပြီး Charms Bar က Search ကိုနှိပ်ပါ။Search box ကနေ task လို့ ရိုက်ပါ။ Apps ကိုနှိပ်ပါ။
clip_image008
အဲဒီမှာ Task Manager ကိုတွေ့ မြင်ပြီးသုံးနိုင်ပါတယ်။
clip_image010
Startup Applications တွေကို Manage ပြုလုပ်ခြင်း။
Task Manager ကိုဖွင့်ရင် Compact Mode ကိုပဲတွေ့ မြင်ရမှာဖြစ်ပြီး Run နေတဲ့ Programs တွေကို ပဲတွေ့ မြင်ရမှာပါ။Startup tab နဲ့  တစ်ခြား Features တွေကို အသုံးပြုနိုင်ဖို့  More details ကိုနှိပ်ပါ။
clip_image012
Startup tab ကိုနှိပ်ပါ။ အဲဒီမှာ Windows စဖွင့်ဖွင့်ချင်းမှာ Run တဲ့ Programs တွေကိုတွေ့ မြင်ရမှာပါ။ Disable လုပ်ချင်တဲ့ Program ပေါ်မှာ Right Click နှိပ်ပပြီး Disable ကိုနှိပ်ပါ။
clip_image014
Program ကို Select လုပ်ပြီး Disable button ကိုနှိပ်လို့ လည်းရပါတယ်။
clip_image016
ပြီးရင်တော့ Reboot လုပ်ပေးရပါမယ်။
Note : အနည်းငယ်သောတစ်ချို့  Programs တွေ က Startup မှာ Run မှအဆင်ပြေပြေအလုပ်လုပ်ပါတယ်။ Startup မှာ Disable လုပ်လိုက်လို့  ကောင်းကောင်း အလုပ်မလုပ်တော့ဘူးဆိုရင်တော့ အဲဒီ Program ကို Startup မှာ Enable ပြန်လုပ်ပေးနိုင်ပါတယ်။

No comments: