
ဒါကတော့ ကျွန်တော်တို့ Windows
မှာပေးထားတဲ့ Administrator Password တွေကို အလွယ်တကူနဲ့ Reset လုပ်ပေးနိုင်မဲ့
နည်းလမ်းလေးပါ .. အရမ်းကိုလွယ်ပါကူပါတယ် .. အဆင့်သုံးဆင့် ရွေးပေးလိုက်ယုံပါပဲ ..
ကျွန်တော့်ကို အကိုတစ်ယောက် မေးလ်ထဲကနေ မေးထားဖူးပါတယ် .. ကျွန်တော်လည်း
အဲ့ဒီတုန်းက ချက်ချင်းပြန်မဖြေ ဖြစ်လိုက်ဘူး .. ကျွန်တော် စမ်းသပ်ပြီးသမျှ Window
Password ကို Reset လုပ်တဲ့ နည်းတွေထဲမှာ အခုနည်းလမ်းက အလွယ်ကူဆုံးပါပဲ ..
ဒီကောင်လေးက Windows Version တော်တော်များများကို အလုပ်လုပ်ပါတယ် .. အရင်ဆုံး
ကျွန်တော်တင်ပေးထားတဲ့ ISO File လေးကို CD ခွေနဲ့ Burn လိုက်ပါ .. ပြီးရင် ပုံမှန်
Windows တင်သလို Boot တက်ပေးလိုက် ယုံပါပဲ ..ကျွန်တော် အဆင်ပြေအောင်
ဘယ်လိုလုပ်ရမယ် ဆိုတာကို အောက်မှာ ပုံလေးတွေနဲ့ ဖော်ပြပေးထားပါတယ် .. အရင်ဆုံး
အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မယ် .. ဘာမှမလုပ်ပါနဲ့ .. စောင့်ကြည့်နေလိုက်ပါ ..



အောက်ကပုံအတိုင်း ပေါ်လာပြီဆိုရင်တော့ ကျွန်တော်တို့ အနေနဲ့ User Name
ကိုရွေးပေးရမှာ ဖြစ်ပါတယ် .. မိမိတို့ရဲ့ ကွန်ပျူတာကို ပေးထားတဲ့ နာမည် ဖြစ်ပါတယ်
.. ကျွန်တော် ကွန်ပျူတာကို NayMinMaung လို့ပေးထားတဲ့ အတွက် 1..3 or 0
ရွေးခိုင်းတဲ့ အခါမှာ 3 ဆိုတာကိုရွေးပေးလိုက်ပါတယ် ..ဘာလို့လည်းဆိုတာ ကျွန်တော့်
စက်ရဲ့ Username က နံပါတ် 3 မှာရှိနေလို့ပါ .. 2 မှာရှိရင် 2 ကိုနှိပ်ပေးယုံပါပဲ
.. ပြီးရင် ခဏစောင့်ပေးလိုက်ပါ ..

ဒီအောက်ကအဆင့် အတိုင်းထပ်ပေါ်လာပါလိမ့်မယ် .. သူက
Password ကို Reset လုပ်မှာလားလို့ မေးပါလိမ့်မယ် .. ကျွန်တော်တို့က Password ကို
Reset လုပ်ပေးချင်တာ ဖြစ်တဲ့အတွက် Y ( Yes ) ကိုနှိပ်လိုက်ပါ .. Y
လို့နှိပ်လိုက်ပြီး ခဏစောင့်နေလိုက်ပါ ။။

နောက်တစ်ဆင့် အနေနဲ့ သူက
နောက်ထပ်အကောင့်တစ်ခုကို Password Reset လုပ်ချင်သေးလားလို့ မေးပါလိမ့်မယ် ..
ကျွန်တော်တို့ လုပ်ချင်တဲ့ Windows အကောင့် Password က Reset ဖြစ်သွားပြီ
ဖြစ်တဲ့အတွက် N ( No ) လို့ ရိုက်ပြီး ခဏစောင့်ပေးလိုက်ပါ ..

အပေါ်ကအဆင့်အတိုင်း
လုပ်ပြီးသွားပြီ ဆိုရင်တော့ စက်ကို Restart ချဖို့ Key
တစ်ခုခုကို
နှိပ်ပေးပါဆိုပြီး ပြောပါလိမ့်မယ် .. မိမိတို့ စိတ်ကြိုက် Key တစ်ခုကို
နှိပ်ပေးလိုက်ပါ .. Windows ပြန်တက်လာတဲ့ အချိန်ကြရင်တော့ မိမိတို့ ကွန်ပျူတာမှာ
ခံထားတဲ့ Asministrator Password ပျက်သွားတာကို တွေ့ရပါလိမ့်မယ် ..

ALL Windows
Password Remover ISO File လေးကိုတော့ အောက်မှာလင့်ကနေသာ ဒေါင်းလော့ချ
သွားလိုက်ပါ ..
No comments:
Post a Comment