Friday, July 10, 2015

Computer နည်းပညာများ

Windows 7 Gadgets ပျောက်သွား၍ ပြန် ခေါ်လို့ မရသူများအတွက်
.....အရင်ဆုံး ဒီပို့စ် လေးနဲ့ ပဲ စတင်ပါရစေခင်ဗျာ။ တစ်နေ့ ကွန်ပျူတာကို ကလိရင်း ကလိပါများသွားသောကြောင့် ကျနော့် ကွန်ပျူတာ Desktop တွင် Gadgets များပျောက်ဆုံးနေပါတယ် ဘယ်လို မှ ထည့်မရ ထည့်၍ရပါသော်လည်း ဘာမှမပေါ် ပဲ လေးဒေါင့်ကွက် အသေးလေးသာ ပေါ်ပြီးအသုံးပြုမရ ဖြစ်နေပါတော့တယ် ကျနော် အသုံးများတဲ့ Gadgets ကနည်းပါတယ် နာရီ၊ Translater ၊ Calendar ဒါလောက်ပါပဲ သို့ ပေမယ့်ဒီသုံးခုက ကျနော့်အတွက် အမြဲ တမ်း သုံးနေတော့ မ၇ှိမဖြစ်လို အပ်လာပါတယ်။ ဒီတော့ ရှာရပီပေါ့ ... ရှာတော့တွေ့ ပါတယ် နည်းလမ်းက တော့ ---Registry ထဲမှာသွားလုပ်ရတာပါ
ပထမဆုံး Run Box ခေါ်ပြီး regedit ဟုရိုက်ထည့်ပါ Registry Editor ပေါ်လာပါလိမ့်မယ်
ထိုမှ တဆင့် HKEY_CURRENT_USER / Software / Microsoft / Windows /
အောက်တွင် CurrentVersion ဆိုတာ ရှိပါတယ် ထိုမှတဆင့် Internet Setting / Zone ကိုသွားပါ
Zone အပေါ်သို့ Right Click ထောက်ပါ Export ဆိုတာရှိပါတယ် ကလစ်ပေးလိုက်ပါ Box တစ်ခုပေါ်လာပါလိမ့်မယ် ထို Box တွင့် File Save ရန်နေရာကို Desktop ကိုေ၇ွးချယ်လိုက်ပါ ။ ပြီးလျင် File name ကို zones ဟုတ် အမည်ပေးကာ save ပေးလိုက်ပါ ။ ပြီးလျင် ခုနက Zones ဆိုသည်ကိုပြန်၍ right click ထောက်ကာ delet ကို ကလစ်ပေးလိုက်ပါ Yes (or) No ကို Yes ပေးကာ registry ကိုပိတ်လိုက်ပါ ပြီးလျင် စက်ကို Restart ပေးလိုက်ပါ အားလုံးအဆင်ပြေသွားပါလိမ့်မယ်ခင်ဗျာ ။(မှတ်ချက် ။ Gadgets ပျောက်တာ အမျိုးမျိုးရှိပါတယ် တစ်ချို့က Computer Setting ထဲမှာ Gadgets ကိုဖော် မထားသောကြောင့်ပျောက်ဆုံးခြင်းတွေ ရှိတတ်ပါတယ် ထိုသို့ ဖြစ်လျင်တော့ Computer Control Panel ထဲမှာတင် ပြင်၍ရပါတယ်)
************************************************************************************************************
Registry Editor ကိုပိတ်ထားမယ်
Registry Editor ဆိုတာကွန်ပျူတာရဲ့ လုပ်ဆောင်မှု့ တွေအားလုံးကို ပြုပြင်နိုင်တဲ့ နေရာတစ်ခုပါ မိမိကွန်ပျူတာအတွင်း ၀င်ရောက်သုံးစွဲသူ က မိမိ စက်ကို မွှေနှောက်
ရှုပ်၇ှက်ခပ်သွားအောင် လုပ်ခဲ့ လို့ ၇ပါတယ် လက်ကလိတဲ့ သူတွေ အတွက်လည်းဒါက ကလိလို့ ကောင်းလွန်းလို့ မိမိစက်ကို သူများက မကလိနိုင်အောင် Registry Editor
ကိုပိတ်ထားကြမယ်ဗျာ ...ဒီလိုပါ။ ..Window+R နှိတ်၍ Run Box ကိုခေါ်ပြီး
gpedit.msc ကိုရိုက်ထည့်လိုက်ပါ... Box တစ်ခုတက်လာပါလိမ့်မယ် အဲဒီ Box မှ
User Configuration ဆိုတာ Box ၇ဲ့ ဘယ်ဘက် ခြမ်းမှာရှာကြည့်လိုက်ပါ တွေ့ ချင် ကလစ်ပေး
အောက်မှာ Administrative Templates ဆိုတာကို ရှာ၍ ထပ်ပီးကလစ်ပေးပါ ထိုမှ တဆင့် System ကို ကလစ်ပေးလိုက်ပါ
ညာဘက်ခြမ်းအောက်နေားမှာ Prevent access to registry editing tools ကို Double click ပေးပြီးဝင်လိုက်ပါ Box တစ်ခုထပ်တက်လာပါလိမ့်မယ် Box ၇ဲ့ ဘယ်ဘက် အပေါ်ဒေါင့်နားမှာ Enable ဆိုတာလေးကို ကလစ်ပေးပီးအစက်ဖြည့်လိုက်ပါ ပြီးလျင် အကုန် ပိတ်လိုက်ပါ အားလုံး အဆင်ပြေ သွားပါပီ(မှတ်ချက် ။ Prevent access to registry editing tools ဆိုတာကို ကလစ်ပေး၇ာတွင် editing tools နှင့် command prompt ဆိုတာ ရှိပါတယ် မျက်စိတ်မှားတတ်လို့ ပါ editing Tools ပါ)
************************************************************************************************************
Partition ကို lock ဖြင့် Passwords ခံကြမယ် Windows 7
ကွန်ပျူတာလုံခြုံမှု့ အတွက် ဖိုင်တွေ ၀င်းဒိုး တွေ စသဖြင့် ကို အမျိုးမျိုးပတ်စဝေါ့ခံအသုံးပြုနေကြပါတယ် ဒါကြောင့် ကျနော်ခုတင်ပြမယ့်ပို့ စ်လေးကတော့ ဖိုင်တွေ အများကြီးကို (သို့ ) မိမိ စိတ်ကြိုက်ဖိုင်တွေပဲထားတဲ့ သီးသန့် Partition ကိုပတ်စဝေါ့နဲ့ ထားပါမယ် ။မိမိ ဖွင့်ချင်တဲ့အချိန်မှ ပတ်စဝေါ့၇ိုက်ပီးဖွင့် ဖို့ ပေါ့ ။ပြုလုပ်နည်းလေးက ဒီလိုပါ... အ၇င်ဆုံး Windows ကနေ Bitlocker ဆိုတာကို ရိုက်လိုက်ပါ ပုံပြထားပါတယ် (သို့ ) Control Panel ကနေ System & Security / Bitlocker Drive ဆိုတာကို သွားပါ
ဖော်ပြပါပုံအတိုင်းတွေ့ ၇ပါမည် ထိုအခါ မိမိပေးချင်သော Partition မှ Turn on bitlocker ဆိုတာကို ကလစ်ပေးပါ Use a password to ulock the drive ဆိုတဲ့ နေ၇ာမှာ အမှန်ခြစ်ဖြည့်ပေးပါ Type your password: မှာမိမိပေးချင်တဲ့ပတ်စဝေါ့ကို ပေးပါ အောက်က တစ်ကွက်မှာလည်း အထက်ကပေးခဲ့တဲ့ အတိုင်းပတ်စဝေါ့ တူ ထပ်ပေးပါ ပေးပီးလျင်တော့ အောက်မှ Next ကိုထပ်သွားပါ ပြီးလျင် မိမိ Partition အတွက် Recovery file ကို တခြား နေရာတွင် Save လုပ်လိုက်ပါ လိုအပ်လျင်သုံး၇အောင်ပေါ့ Next ထပ်ပေးပါ
ပြိးလျင် Start Encrypting ကိုကလစ် ပေးလိုက်ပါ
ဆက်လက် လုပ်ဆောင်နေပါလိမ့်မည် ။ ခဏစောင့်ပါ ပြီးလျင်တော့ မိမိ လုပ်ထားတဲ့ Partition မှာ lock ခံထားတာ ကို တွေ ရှိ၇မည်ဖြစ်ပါတယ် စတင်အသုံးပြုလို လျင် စက်ကို Restart ပေးလိုက်ပါ အားလုံးအဆင်ပြေသွားပါမည်။
**********************************************************************************************************************
မိမိစက်က နေ Data များ ကူးယူခြင်းမှ ကာကွယ်ရန်
မိတ်ဆွေတို့ ရဲ့ စက်က အရေးကြီးတဲ့ data ဖြစ်ဖြစ် အရေးမကြီးလို့ ပဲဖြစ်ဖြစ် ကိုယ်က မပေးပဲနဲ့ တစ်ခြားသူ ကူးယူခြင်းမလုပ်နိုင်အောင် ကာကွယ်လို့ ရပါတယ်ဗျာ။စိတ်ပါသူများအတွက် အောက်က နည်းလေးအတိုင်းစမ်းသပ်နိုင်ပါတယ်။:P ၁။ Start > Run > Regedit လို့ ရိုက်ပေးပါ။ ၂။ Registry Editor ပေါ်လာတဲ့အခါမှာHKey_Local_Machine\System\Current_Control_Set\Control ကို သွားပါ။ ၃။Control ကိုရောက်ပီဆိုတာနဲ့  right side မှာ right click ထောက်ပြီး keyကိုခေါ်လိုက်ပါ။ ဒါဆို left side မှာ New folder အသစ်တစ်ခုကိုတွေ့ ရပါလိမ့်မယ် အဲဒီnew folder ကို မိမိတို့ က "StorageDevicePolicies " လို့ နာမည်ပေးလိုက်ပါမယ်။ ၄။ ညာဘက် Task Pane ထဲမှာ DWORD ကို Create လုပ်ပါ။ အဲဒီမှာ WriteProtectလို့ရိုက်ပြီး နာမည်ပေးပါ။ ၅။အဲဒီလိုနာမည်ပေးပြီးရင် ပေါ်လာတဲ့ WriteProtect ဆိုတဲ့ ဖိုင်ပေါ်မှာ Double Clickလုပ်ပါ။ Value Data အတွက် 0 အစား 1 လို့ ရိုက်ပေးပါ။ ၆။အားလုံးပြီးသွာရင်တော့ ထုံးစံအတိုင်း စက်ကို restart ပေါ့ဗျာ.. တစ်ချို့ ပြင်ဆင်မူ့ တွေကတော့ restart မလုပ်လည်း effect ဖြစ်ပါတယ်။ဒါပေမယ့်registry မှာပြင်ဆင်မူ့ တော်တော်များများကတော့ restart ပေးပီးမှ တက်ရောက်မူ့ ရှိတာများပါတယ်..။ ဒါဆိုရင် မိမိစက်ထဲမှာရှိတဲ့ Data တွေကို အခြားသူကရဲ့  ကိုယ်မသိပဲနဲ့ ကူးယူခြင်းမှ ကာကွယ်သွာနိုင်ပါပြီ။ (မှတ်ချက်။ ။ကူးယူထားသောပို့ စ်အားမူရင်းအတိုင်း ပြန်လည်တင်ပြထားပါတယ် ဘယ်ဆိုဒ်ကလည်းဆိုတော့ သေချာ မှတ်မထားမိလို ရေးသားတင်ပြထားတဲ့ သူအားကျေးဇူးတင်အားနာလျက်...သဘာဝ)
**********************************************************************************************************************
ကိုယ်ကြည့်နေတဲ့ Web Page တွေကို PDF ဖိုင်ဖြင့်သိမ်းထားလို လျင်
ကျနော်တို့က Mozzila firefoxအသုံးပြုနေတဲ့ သူတွေဆိုရင် သူ့တွက် add on လေးကို install လုပ်ပေးရမယ်.ကျနော်က ခု mozzila လေးနဲ့ပဲ အစမ်းလုပ်ပြလိုက်ပါတယ်၊၊ add on လေးကို install လုပ်ပေးရမယ်.ကျနော်က ခု mozzila လေးနဲ့ပဲ အစမ်းလုပ်ပြလိုက်ပါတယ်၊၊
ဒီ add on လေးကို ကလစ်ပြီး Install လုပ်ပေးပါ. https://addons.mozilla.org/en-US/firefox/addon/636/အပေါ်က လင့်လေးကို ကလစ်ပြီး ဒီအောက်ကပုံလေးလို install လုပ်ပါ
ပြီးရင် firefox ကို Restart ပေးလိုက်ပါ
ကိုယ် PDF လုပ်ချင်တဲ့ Web page လေးကိုသွားပြီး save web page as PDF ဆိုတာလေးကို ကလစ်လိုက်ပါ
ခုလို နောက်ထပ် Page လေး တခုပွင့်လာပြီး ဒေါင်းလော့ တွက်ပြင်ဆင်နေပါလေ့မယ်၊၊ပြီးရင် ခုလို ဒေါင်းလော့ ဆိုတာ ကျလာပါလေ့မယ်
ဒါကတော့ ကိုယ့်စက်ထဲမှာ PDF လေးကို ပြန်ပြီးတော့ ဖွင့်ကြည့်လိုက်တာပါ.
ကျနော် နားလည်သလောက်လေးကို ပုံလေးတွေနဲ့ ရှင်းပြပေးထားတာပါ မြန်မာ ဖောင့်နဲ့ရေးထားတဲ့ Website တွေကိုတော့ စိတ်မကောင်းစွာနဲ့ save လိုက်ရင် ပုံတွေပဲ မြင်ရပါလေ့မယ်.မြန်မာ ဖောင့်ကို သူတို့ မသိသေးတဲ့ တွက် မြန်မာ ဆိုဒ်တွေကို save ရင် ပုံတွေပဲ ရပါလေ့မယ် တခြား browser တွေကိုပါ အသုံးပြုချင်တယ်ဆိုရင် ဒီလင့်လေးကို ကလစ်ပြီးအပြည့်စုံဖတ်ရှု့နိုင်ပါတယ် ခင်ဗျာ.. (မှတ်ချက်။ ။ကူးယူထားသောပို့ စ်အားမူရင်းအတိုင်း ပြန်လည်တင်ပြထားပါတယ် ဘယ်ဆိုဒ်ကလည်းဆိုတော့ သေချာ မှတ်မထားမိလို ရေးသားတင်ပြထားတဲ့ သူအားကျေးဇူးတင်အားနာလျက်...သဘာဝ)
***********************************************************************************************************************
Windows 7 မှာ Windows တင်ပြီးမှ Partition ခွဲနည်း (Without any software)
ကျနော်တို့ ကွန်ပျူတာ တွေမှာ hard disk ကို ပါတစ်၇ှင်း ကို အမျိုးမျိုးအသုံးပြုတတ်ကြပါတယ် နှစ်ခု သုံးခု စသည်ဖြင့်ပေါ့ ၊ ပါတစ်၇ှင်း များရင်များသလို မိမိ စိတ်ကြိုက် ကွန်ပျူတာထဲတွင် ဖိုင်တွေကို အစီအစဉ်တကျ သေသတ်စွာ ထားနိုင်ပါတယ် ။ထိုသို့ ပါတစ်၇ှင်းခွဲခြားရာ တွင် များသောအားဖြင့် ၀င်းဒိုး စ တင်ရာမှာ သာခွဲတတ်လေ့ ရှိကြပြီး ၀င်းဒိုးတင်ပြီးချိန်မှာ ပါတစ်၇ှင်းခွဲဖို့ မေ့ သွားတာတို့ ဖြစ်တတ်၍ အခက်ကြုံကြသူတွေ တွေ့ ဖူးပါသည် ။ များသောအားဖြင့် ၀င်းဒိုးတင်ပြီးမှာ ပါတစ်ရှင်းခွဲလျင် ပါတစ်ရှင်းခွဲတဲ့ ဆော့ဝဲတွေကိုသုံး၍သာ ခွဲတတ်ကြသူများအဖို့  ၎င်းဆော့ဝဲ မိမိစက်ထဲတွင် မရှိလျင် အခက်ကြုံနိုင်ပြန်ပါတယ်။ထို့ ကြောင့် မည်သည့်ဆော့ဝဲမှ မလို ပဲ ပါတစ်ရှင်းခွဲကြည့်ကြရအောင်။ Desktop ပေါ်က My Computer ကို Right Click ထောက်ပြီး Manage ကို ကလစ်ပေးပါ
ပေါ်လာသော Box တွင် Disk Management ကို ရွေးပါ ၊ညာဘက်ခြမ်းအောက်နားတွင် မိမိ စက်အတွင်းရှိ ပါတစ်ရှင်းများကို တွေ့ ရပါမည် အောက်ပုံ တွင်အနီဝိုင်းပြထားပါသည်
ထို့ နောက် မိမိခွဲချင်သော ပါတစ်ရှင်း ပေါ်တွင် Right Click ထောက်၍ Shrink Volume... ကိုကလစ်ပေးပါ ပေးပြီးလျင် Shrink Box ပေါ်လာပါမည် ။Enter the amount of space to shrink in MB ဆိုသည် အကွက်တွင် မိမိ အသစ်ထပ်လို ချင်သော ပါတစ်ရှင်း Size အ၇ွယ်အစား ကို MB ဖြင့်တွက် ၍ေ၇ွးပါ (1GB = 1024 MB)
ေ၇ွးပြီးလျင် အောက်မှ Shrink ကို ကလစ်ပေးပါ ပြီးလျင်တော့ မိမိခွဲလိုက်သော ပါတစ်၇ှင်းအသစ် ကို တွေ့ ၇မည်ဖြစ်ပါသည် ။ထို အမည်မသိ ပါတစ်၇ှင်းပေါ်သို့ Right click ဖြင့် New Simple Volume...ကို သွားပါ ထို့ နောက် ဘောက်စ် တစ်ခု တက်လာမည် Next ပေးပါ New Simple Volume Wirzard Box တွင် Assign the following drive lerrer တွင် မိမိ ထားချင်သောဖိုင် ဥပမာ -Local Disk သည် စီ အခြားပါတစ်ရှင်း D/ E/H/I / J / K စသည်ဖြင့်မိမိစက်အတွင်းပါတစ်၇ှင်း မရှိသေးသော အမည်ကို ရွေးပါ ထို့ နောက် Next ပေးပါ File system: အမျိုးအစားေ၇ွး၇ာတွင် ( NTFS) ကိုေ၇ွးပါ Volume label: တွင် မိမိ ပေးလို သော ပါတစ်ရှင်းအမည် ဥပမာ - Music / movies စသည်ဖြင့်မိမိနှစ်သက်ရာပေးနိုင်ပါသည်
Next > Finish ပေးပါ Computer Management Box ကိုပိတ်လို့ ရပါပြီ ထို့ နောက် My Computer ဖွင့်ကြည့်လျင် မိမိ ခွဲထားသော ပါတစ်ရှင်းမိမိ ပေးထားသော Name ဖြင့်တွေ့ ရပါမည် (မှတ်ချက် ။ ပါတစ်ရှင်းမခွဲခင် မိမိ ခွဲချင်သောပါတစ်ရှင်းအတွင်းရှိဖိုင် ဆော့ဝဲ များကို တခြားပါတစ်ရှင်းထဲ သို့  (သို့ ) ဖလက်တိုက် ထဲ ခေတ္တသို့ ပြောင်းရွေ့ ထာသင့်ပါသည် )

No comments: