မင်္ဂလာပါ
ဒီနေ့ကျနော်ပြန်လည်မျှဝေချင်တာလေးကတော့
ကွန်ပျူတာမှာ uTorrent ကို အသုံးပြုနေကြတဲ့
ဘော်ဒါတွေအတွက် အထောက်အကူပြုစေမယ့်
နည်းလမ်းလေးပါ။ uTorrent ကို ဒေါင်းလော့လုပ်ရတာ
အင်စတောလုပ်ရထာ လွယ်ကူပါတယ်။
ဒါပေမယ့် သူ့ထဲပါတဲ့ Ads ကြော်ငြာကြီးက တော်တော်
မျက်စိနောက်စရာပါ။ ကွန်ပျူတာစဖွင့်လိုက်တာနဲ့ တန်းတက်လာတတ်ပါတယ်။ အဲဒီ Ads ကြော်ငြာကို
ကွန်ပျူတာဖွင့်လိုက်တိုင်းပေါ်မလာအောင် အလွယ်တကူ
ပိတ်ထားနည်းလေးကို ရှင်းပြသွားမှာပါ။
၁။ uTorrent ကို ဖွင့်လိုက်ပါ။
၂။ Options > Preferences ကိုနှိပ်ဝင်ပါ။ ၃။ Advanced ကိုနှိပါ။ Filter ဆိုတဲ့နေရာမှာ “offers”လို့ရေးပါ။
ပြီးတော့ offers.left_rail_offer_enabled ဆိုတဲ့ စာကြောင်းကို
လိုက်ရှာပါ။ တစ်ချက်ထောက်လိုက်ပါ။ False ဆိုတာကို ပြောင်းပေးပါ။ offers.sponsored_torrent_offer_enabled ဆိုတာကို ထပ်ရှာပါ
တစ်ချက်ထောက်ပါ၊ False ဆိုတာကို ထပ်ပြောင်းပေးပါ။
ပြီးတော့ OK ကို နှိပ်ပေးလိုက်ပါ။
ကျနော် အနီရောင် နံပါတ်စဉ်တပ်ပေးထားပါတယ်
အောက်ကပုံအတိုင်းကြည့်လုပ်လိုက်ပါ။
၎။ အားလုံးပြီးရင် uTorrent ကို ပိတ်လိုက်ပါ။
ပြန်ဖွင့်ကြည့်လိုက်ပါ Ads ကြော်ငြာ ဘယ်တော့မှ ပေါ်လာတော့မှာ
မဟုတ်ပါခင်ဗျား။ (မှတ်ချက်)= ကျနော်ပြာပေးထားတာလေးကိုသာ အသေချာလုပ်ပါ ကျန်တဲ့ ကိုယ်လည်းသိပ်မသိတဲ့ စာကြောင်းတွေကို ဖျက်မိတာတော့ ပြောင်းလိုက်မိတာတော့မလုပ်မိပါစေနဲ့။
အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)

No comments:
Post a Comment