အမြဲ အသုံးပြုနေတတ်တဲ့ ဆော့ဖ်ဝဲတွေ၊ ဖိုင်တွေကို ပျက်စီးဆုံးရှုံးခြင်းမှ
ကာကွယ်ရန်အတွက် Backup ပြုလုပ်ထားသင့် ပါတယ်။ Windows 10 မှာ ကိုယ့်ရဲ့
ဖိုင်တွေ ဘေးကင်းစိတ်ချစေဖို့နဲ့ မတော်တဆ ပျောက်ဆုံးပျက်စီး သွားတာတွေကနေ
ကာကွယ်နိုင်ဖို့အတွက် Backup Feature ကို ထည့်သွင်းပေးထား ပါတယ်။
အဆိုပါ Backup Feature ကို အသုံးပြုချင် တယ်ဆိုရင် လုပ်ငန်းစဉ် အနည်းငယ်
လုပ်ဆောင်ရုံနဲ့ Windows 10 ပေါ်မှာ System Image တွေကိုလည်းကောင်း၊
ဖိုင်တွေကိုလည်းကောင်း Backup ပြုလုပ်ပေးထား နိုင်မှာဖြစ်ပါတယ်။ Backup
ပြုလုပ်ဖို့အတွက်
Settings ထဲကို သွားရပါမယ်။ Settings ကို သွားဖို့အတွက်
Start Button ကို နှိပ်ပြီး Settings ဆိုတာကို ရွေးချယ်နိုင်သလို
Notification Center ကို နှိပ်ပြီး All Settings ဆိုတာကို ရွေးချယ်ပြီး
သွားနိုင်ပါတယ်။
Settings ထဲကို ရောက်ပြီဆိုရင် Update & Security ဆိုတာကို
ရွေးချယ်ပေးရပါမယ်။
Update & Security ထဲကို ရောက်ပြီဆိုရင် ဘယ်ဘက်
အခြမ်းမှာရှိတဲ့ Backup ဆိုတာကို ရွေးချယ်ပေးရပါမယ်။ ဒီနေရာမှာ Backup
ပြုလုပ်ဖို့အတွက် External Hard Disk
(သို့)
အခြားသော Hard Disk ဖြစ်ဖြစ်
တပ်ဆင်ထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
ပြီးသွားရင် Add a Drive
ဆိုတာကိုနှိပ်ပြီး Backup ဖိုင်တွေ သိမ်းဆည်းမယ့်
Drive ကို
ရွေးထည့်ထားပေးရမှာ ဖြစ်ပါတယ်။
Windows 10 ကို System Image အဖြစ် ပြုလုပ်ပြီး Backup ပြုလုပ်ဖို့ဆိုရင်
အောက်ခြေနားမှာရှိတဲ့ Go to Backup and Restore (Windows 7) ဆိုတဲ့
button
ကို နှိပ်ရပါမယ်။ ဒါဆိုရင် control panel အောက်မှာ ရှိတဲ့ Backup &
Restore (Windows 7) ဆိုတဲ့ နေရာကို ရောက်သွားမှာ ဖြစ်ပါတယ်။ ဒီနေရာကို
ရောက်ပြီဆိုရင်
ညာဘက် အခြမ်းမှာရှိတဲ့ Set up Backup ဆိုတာကို
နှိပ်လိုက်ပါ။
ပြီးသွားရင် ခဏစောင့်ပြီး Backup ဖိုင်ကို သိမ်းဆည်းနိုင်မယ့် Drive ကို
ရွေးချယ် ပေးရပါမယ်။
ပြီးသွားရင် Next ကို နှိပ်ပြီး ရှေ့ဆက်သွားပါ။ Backup
ကို ဘယ်လိုသိမ်းမလဲဆိုရင်
Let me windows choose (Recommended)
ဆိုတာကိုရွေးပြီး
Next ကိုနှိပ်ပါ။ နောက်ဆုံးအဆင့်ကတော့
System Image ရယ်၊
User အချက်အလက်တွေကို Backup ပြုလုပ်ဖို့အတွက်
Save Settings and run
backup ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ရင်
Windows 10 System Image ကို စတင်
Backup ပြုလုပ်သွားပြီ ဖြစ်ပါတယ်။
Internet Journal
No comments:
Post a Comment