Tuesday, May 19, 2015

Android ဖုန်းက Notifications တွေကို သင့် ကွန်ပျူတာပေါ် ရောက်အောင် ဘယ်လို လုပ်မလဲ?


သင် ကွန်ပျူတာနဲ့ အလုပ် လုပ်နေချိန် ဖုန်းက notification တွေကိုလည်း ကြည့်ချင် ကွန်ပျူတာ ကလည်း
လက်လွှတ်လို့ မရ အခါမျိုးမှာ notification တွေ ကွန်ပျူတာ ပေါ်ကို ရောက်လာမယ် ဆိုရင်.....!!!

Android phone notifier
ဒီကောင်လေးကို အဓိက သုံးရမယ့် အကြောင်း ကတော့ သင်ဟာ သင့်ဖုန်းကို တခြား တစ်နေရာမှာ ထား
ပြီးတော့ ကွန်ပျူတာနဲ့ အလုပ် လုပ်နေစဉ် Call တွေ မက်ဆေ့တွေ ဒါမှ မဟုတ် ဖေ့ဘုတ်က notification
တွေ ၀င်လာမယ် ဆိုရင် သင့် ကွန်ပျူတာပေါ်ကို လှမ်းပြီး အသိပေးမှာ ပါပဲ။ သူက ငါးမိနစ် တစ်ကြိမ် သင့်
ဖုန်းကို ဘာတွေ အသစ်ဝင်လာနေ သလဲဆိုတာ စစ်ဆေးနေမှာ ဖြစ်ပါတယ်။
ဒါကို သုံးဖို့ အတွက်တော့ ဆော့ဝဲနှစ်ခု လိုမှာ ဖြစ်ပါတယ်။ သင့်ဖုန်းမှာ တစ်ခု သင့် ကွန်ပျူတာမှာ တစ်ခု
install လုပ်ပေးရမှာ ဖြစ်ပါတယ်။ အောက်မှာ ရယူ လိုက်ပါ။

ကွန်ပျူတာအတွက်
Android ဖုန်းအတွက်

ဖုန်း setting ထဲက Wifi option ကို ဖွင့်ပေး ထားရမှာ ဖြစ်ပါတယ်။ ၀ိုင်ဖိုင်ပေါ်မှာ အလုပ် လုပ်မှာ ဖြစ်
ပါတယ်။ (သာမန် သုံးသူတွေဟာ ၀ိုင်ဖိုင်ဆိုလိုက်တာနဲ့ အင်တာနက် ကို ပြေးမြင်တတ် ကြပါတယ်။
အင်တာနက်ကို ၀ိုင်ဖိုင် ယူသုံးတာကို မြင်တတ် ကြပါတယ်။ local area connection မျိုးကို သတိမေ့
တတ်ကြပါတယ်)

remote-notify-connection-settings
နှစ်ခုလုံး တင်ပြီး ပြီ ဆိုရင် ဖုန်းမှာကော ကွန်ပျူတာ မှာကော ဖွင့်ပေး လိုက်ပါ။ pair လုပ်တယ် ခေါ်ပါ
တယ်။ ဖုန်းနဲ့ ကွန်ပျူတာဟာ ဆော့ဝဲပေါ်မှာ ချိတ်ဆက် မိဖို့ လိုပါတယ်။

remote-notify-phone-settings
ဖုန်းဆော့ဝဲရဲ့ setting ထဲမှာ notification ကို စမ်းသပ် ပို့ကြည့်ဖို့ လုပ်ဆောင်ချက် တစ်ခု ပါဝင်ပါတယ်။
Ping လုပ်ကြည့်တယ်ပေါ့ဗျာ။

remote-notify-ping
သင်ပို့ချင်တဲ့ notification ဥပမာ text messages, phone calls, MMS (picture messages), battery
warnings, voice mails နဲ့ Viber,Zapya တို့လို ကောင်တွေရဲ့ notification တွေထဲက တစ်ခု ခုရွေး ပြီး
စမ်းသပ်နိုင်ပါတယ်။

remote-notify-notification-options
ဒီလိုပို့လိုက်မယ် ဆိုရင် သင့်ကွန်ပျူတာမှာ ပုံမှန် ကွန်ပျူတာ system ပိုင်း ဆိုင်ရာတွေ အသိပေးသလို
pop up ၀င်းဒိုးလေးနဲ့ အသိပေး လာမှာ ဖြစ်ပါတယ်။ အောက်မှာ ဆိုရင် ဖုန်းအား အခြေအနေကို အသိပေးထားပါတယ်။
remote-notify-battery
ကျေးဇူးတင်ပါတယ်ခင်ဗျ။
ပို့စ်ရေးသားသူ - HanWaiLinn(www.sayyoethe.blogspot.com) 
 

No comments: