Tuesday, May 19, 2015

System Process Control အတွက် Script ဖိုင်လေး ရေးသားပြီး ထိန်းချုပ်ခြင်း


သာမန် အသုံးပြု သူတွေ အနေနဲ့ ကွန်ပျူတာ system ပိုင်း ဆိုင်ရာတွေကို ပြုပြင် ပြောင်းလဲဖို့ လိုလာရင်
ဘယ်နေရာကို သွားရမယ် ဆိုတာ သိဖို့ မလွယ်လှပါဘူး။ ခု ကျွန်တော် တင်ပြထားတဲ့ script ဖိုင်လေး
ရေးထားခြင်းဖြင့် အဆိုပါ ပြသနာကို ကျော်လွှားနိုင်ပါတယ်။
system ပိုင်းဆိုင်ရာ ထိန်းချုပ်မှု တွေကို တစ်နေရာတည်းမှာ တစုတစည်းတည်း တွေ့နိုင်မယ့် နည်းလမ်း
ပါ။ Administrative tool Autoplay backup and restore........အစ ရှိလို့ system control ပေါင်းများ
စွာကို တစ်နေရာတည်း ကနေတွေ့ရမှာဖြစ်လို့ ဘာကို ဘယ်နေရာမှာ သွားရှာရမလဲ ဆိုတဲ့ ပြသနာရှင်း
သွားပါတယ်။ သင့် အနေနဲ့ control အားလုံးကို စမ်းသပ်ထား သင့်ပါတယ် ဒါမှ ကိုယ်လိုတဲ့ အခါ တန်း
အသုံးပြုနိုင်မှာပါ။
ဒီနည်းလမ်းလေးက ကွန်ပျူတာ A+ သမားတွေ အတွက်လည်း အသုံးဝင် ပါလိမ့်မယ်။ Registry ထဲဝင်
လုပ်လို့ ရတာကို script သုံးပြီး အမြန်လုပ် လိုက်တာပါ။
ကဲ ပြုလုပ်နည်းလေး ကြည့်ရအောင်။
ဘာမှတော့ မလိုပါဘူး အောက်က ကုဒ်ကလေးကို ကူးပြီး notepad မှာ ထည့် filetype မှာ name.reg
နဲ့ သိမ်းပေး လိုက်ရုံပါပဲ။ အဓိက ကတော့ extension က.reg ဖြစ်ဖို့ ပါပဲ။ ပြီးရင် အဲဒီ name.reg လေး
ကို double click နဲ့ ဖွင့် လိုက်ပါ user control account လာ ရင် Yes ပေါ့ နောက် yes Ok သာ လုပ်
လိုက်ပါ။ သူ့ ဘာသာသူ registry ထဲ ၀င်သွားပါလိမ့်မယ်။ ပြီးရင် My computer ကို Right click ပေး
လိုက်ပါ။ SayYoeTheMode ဆိုတာ တွေ့ ပါလိမ့်မယ်။ အဲဒါ ပါပဲ။ ၀င်လိုက်ရင် control ခန်းထဲ ရောက်
သွားပြီး tool တွေကို တစ်နေရာ တည်းမှာ တွေ့ရှိနိုင်ပါပြီ။
အောက်ကပုံအတိုင်းပါ။
1 ကုဒ်တွေကတော့.......


......>>>>>>>>>==<<<<<<<<<<<
Windows Registry Editor Version 5.00
;Created by suesann(http://suesann1.blogspot.com./)
[HKEY_CLASSES_ROOT\CLSID\{20D04FE0-3AEA-1069-A2D8-08002B30309D}\shell\SayYoeTheMode] @=hex(2):47,00,6f,00,64,00,20,00,4d,00,6f,00,64,00,65,00,00,00 "Icon"=hex(2):63,00,6f,00,6e,00,74,00,72,00,6f,00,6c,00,2e,00,65,00,78,00,65,\ 00,00,00
[HKEY_CLASSES_ROOT\CLSID\{20D04FE0-3AEA-1069-A2D8-08002B30309D}\shell\SayYoeTheMode\command] @="explorer shell:::{ED7BA470-8E54-465E-825C-99712043E01C}"
ဒီကုဒ်ကို ပြန်ဖြုတ်ချင်ရင်တော့ အောက်က ကုဒ်တွေကို notepad မှာ name.reg ပေးပြီး run လိုက်ပါ။
Windows Registry Editor Version 5.00
;Created by suesann(http://suesann1.blogspot.com./)
[-HKEY_CLASSES_ROOT\CLSID\{20D04FE0-3AEA-1069-A2D8-08002B30309D}\shell\SayYoeTheMode]
ပို့စ်ရေးသားသူ-HanWaiLinn(www.sayyoethe.blogspot.com)
From: ဘလော့ခရီးသည် by hanwai Linn
 

No comments: