ကျွန်တော်တို့ရဲ့ ကွန်ပျူတာတွေ သုံးရတာ လေးတယ် ကြာတယ် ဆိုတာ များသော အားဖြင့်တော့ Memory နည်းလို့ ဖြစ်တာပါ။
Memory တိုးစရာ မလိုပဲ စက်ကို မြန်လာအောင် လုပ်တဲ့ နည်းတွေ ရှိပါတယ်။ အဲ့ဒီ နည်းတွေ ထဲမှာ အ
လွယ်ဆုံးနဲ့ အမြန်ဆုံး နည်းကတော့ Ready Boost ပါ။
Ready Boost က ကျွန်တော် တို့ရဲ့ USB Memory Stick, SD Card စတဲ့ Flash Drive တွေ ကို စက်ရဲ့
Memory အဖြစ်နဲ့ အသုံးပြု ပေးပါတယ်။
Ready Boost လုပ်တော့မယ် ဆိုရင်
- - Flash Drive ကိုတပ်လိုက်ပါ
- - Auto Run ကို ပိတ် မထားဘူး ဆိုရင် Auto Run မှာ Speed Up My System ကို နှိပ်လိုက်ပါ။
- - တကယ်လို့ Auto Run ကို ပိတ်ထားတယ် ဆိုရင်တော့ Flash Drive ရဲ့ Properties ထဲကို ၀င်ပါ။
- - ပြီးရင် Ready Boost ကိုရွေးပါ
- - Ready Boost ထဲမှာ Use This Device ကို ရွေးပြီး Ok နှိပ်ပါ။ဒါဆိုရင် ကျွန်တော်တို့ Flash Drive ရဲ့ ပိုနေတဲ့ နေရာကို Memory အဖြစ် သုံးပေး ပါလိမ့်မယ်။ ဒါဆိုရင် ကျွန်တော်တို့ စက်က သိသိသာသာ သုံးလို့ မြန်လာတာကို တွေရ မှာပါ။
Flash Drive ဟာ 8 GB ရှိလို့ 8 GB လုံးကို သုံးမယ်လို့တော့ မပြောနိုင်ပါဘူး။ Flash Drive ရဲ့ ဘယ်
လောက် ပမာဏကို သုံးမယ်ဆိုတာ ကျွန်တော်တို့ သုံးမည့် ကွန်ပျူတာရဲ့ Processor နဲ့ ဆိုင်ပါတယ်။
တကယ်လို့ Flash Drive ကို Boost မလုပ်ချင်တော့ဘူး ဆိုရင်တော့ Flash Drive ရဲ့ Properties မှာ
Do Not Use This Device ကို ပြန်ရွေးပေးဖို့ လိုပါတယ်။
မူရင်းဆိုဒ်: https://www.facebook.com/thecloudmyanmar?fref=nf
No comments:
Post a Comment