Tuesday, May 19, 2015

Window Medial Player ဖြင့် CD မှ MP3 သို့ ပြောင်းခြင်း

 

ကျွန်တော်တို့ ဝယ်လာခဲ့တဲ့ CD ခွေထဲက သီချင်းတွေကို ဖုန်းထဲမှာ ထည့်ဖွင့်လို့ မရပါဘူး။ CD Format က
စက်ထဲကို Copy ကူးပြီး ထည့်ဖွင့်ဖို့တောင် အဆင်မပြေပါဘူး။ ဒီတော့ ကျွန်တော်တို့ အနေနဲ့ အဲ့ဒီ CD For
mat ကို ဖုန်းတွေ၊ table တွေ အခြားသော ပစ္စည်း တော်တော်များနဲ့ ကိုက်ညီတဲ့ format ဖြစ်အောင် အရင်ပြောင်းသင့် ပါတယ်။ ဥပမာ mp3 ပေါ့။CD Format ကို အဲ့လို mp3 ဖြစ်အောင် ပြောင်းဖို့က ထွေထွေ ထူးထူး software တွေ သုံးစရာ မလို ပါဘူး ကျွန်တော်တို့ရဲ့ window ထဲက ပါရှိပြီးသား Window Media Player နဲ့ တင် ပြောင်းလို့ ရပါတယ်။
  • - window media player ကို အရင် ဖွင့်လိုက်ပါ။
  • - နောက် organize ထဲကနေ option ထဲကို ဝင်ပါ။
  • - option ထဲမှာ rip music ဆိုတဲ့ tab လေးတစ်ခုရှိပါတယ်။
  • - အဲ့ဒီ rip music ထဲမှာ rip လုပ်မယ့် format ကိုရွေးပေးပါ။
  • - default က window media player ဖြစ်ပါတယ်။
  • - အဲ့ဒီ နေရာမှာ MP3 ကို ရွေးလိုက်ပါ။
  • - နောက်ပြီး rip လုပ်ပြီးသား music တွေကို သိမ်းမယ့် နေရာကိုလဲ ပြောင်းနိုင်ပါတယ်။
  • - ဒါဆိုရင် ကျွန်တော် တို့ရဲ့ media player ဟာ CD တွေကို ပြောင်းဖို့ ready ဖြစ်နေပါပြီ။
  • - ကျွန်တော်တို့ရဲ့ စက်ထဲကို ပြောင်းလိုတဲ့ CD ခွေ တစ်ချပ် ထည့်လိုက်ပါ။
  • - window media player မှာ rip CD ဆိုတာလေး ပေါ်လာပါလိမ့်မယ်။
  • - Rip CD ကိုနှိပ်လိုက်တာနဲ့ စောစောက ကျွန်တော်တို့ ရွေးချယ်ထားတဲ့ Location မှာ ကျွန်တော်တို့
    လိုချင်တဲ့ Format နဲ့ CD ထဲက သီချင်းတွေကို ပြောင်းပေး သွားမှာပါ။

ENJOY!!!


Credit to : Cloud Myanmar

No comments: