Tuesday, May 19, 2015

ကွန်ပျူတာ ကနေ ဆော့ဖ်ဝဲလ် မသုံးပဲ ၀ိုင်ဖိုင် ပြန်လွှင့်နည်း


အခု တစ်ခါ windows 7 မှာ Connectify လို ဆော့ဖ်ဝဲလ်တွေ မသုံးဘဲနဲ့ ကွန်ပျူတာမှာ ၀ိုင်ဖိုင် ပြန်လွှင့်နည်းလေးကို တင်ပြပေးပါမယ်။

  • အရင်ဆုံး Notepad လေးကို ဖွင့်လိုက်ပါ။
  • Win key+R ကိုနှိပ်ပြီး notepad လို့ ရိုက်ပါ။
  • notepad လေးကျလာပါလိမ့်မယ်။
  • ကျလာရင် အောက်က code လေးတွေကို copy ကူးထည့်လိုက်ပါ။


netsh wlan set hostednetwork
mode=allow ssid=FreeWIFI
key=12345
netsh wlan start hostednetwork

ကူးထည့်ပြီးရင် File ကို Start.bat နဲ့ သိမ်းလိုက်ပါ။ notepad ကို နောက်တစ်ခါ ထပ်ဖွင့်ပါ။


netsh wlan stop hostednetwork

  • စာကြောင်းလေးကို ကူးထည့်ပါ။
  • File ကို Stop.bat နဲ့ သိမ်းလိုက်ပါ။
  • ဒါဆိုလျှင်ရပါပြီ။
  • ၀ိုင်ဖိုင် လွှင့်ချင်လျှင် Start.bat နဲ့ လွှင့်ပြီး ပိတ်ချင်လျှင် Stop.bat နဲ့ ပိတ်လိုက်ပါ။
From: အောင်ကျော်ခိုင်(ပုသိမ်) by Aung Kyaw Pathein
 

No comments: