Tuesday, May 19, 2015

Squid Proxy ကို အသုံးပြု၍ အင်တာနက် အမြန်နှုန်းကို မြှင့်တင်ခြင်း


Proxy ဆိုတာ client နှင့် Server ရဲ့ ကြားမှာ ကြားခံ ဆောင်ရွက် ပေးတဲ့ အရာပါ ဥပမာ ကျွန်တော်တို့က
www.google.com လို့ Browser ကနေ ဝင်လိုက်တယ် ဆိုပါစို့ ကြား ထဲမယ် proxy ရှိမယ် ဆို ရင် google.com အထိ သွားစရာ မလိုပဲ သူ့ထဲ မှာရှိတဲ့ အတိုင်း တစ်ခါတည်း ထုတ်ပေးလိုက် ပါတယ် မိမိရဲ့ ip address ကို web server တွေက မသိအောင်ဖုံးကွယ်တဲ့ နေရာမှာလည်း သုံးပါတယ်။Proxy တွေက အမျိုး အစား အလိုက်လည်း ကွဲသေးတာကို Transparent proxy, An-onymous အစရှိသဖြင့်ပေါ့ ကျနော်လည်း အဲ့လောက်ပဲ ရမ်းတုတ်နိုင်တယ် ကွန်ပြူတာ တက္ကသိုလ် တက်နေတဲ့ သူမှ မဟုတ်တာ :Pကဲကျနော်တို့ တစ်ခု စဉ်းစားကြည့်ရအောင်
ကိုယ်နဲ့ နီးနီး နားနား proxy ကိုသုံးမယ် ပြီးရင် ကိုယ် အသုံးများတဲ့ ဆိုဒ်တွေက proxy မှာ cache တွေ
ရှိရင် proxy ကလည်း update ဖြစ်ရင် အဲ့ကနေ တစ်ခါတည်း ယူရင် ဟန် မကျ ဘူးလား အင်တာ နက်
ဆိုင်တွေ ကတော့ အခုလို ဆိုင် တွင်း မှာ proxy သုံးရင် user တစ်ယောက် ချင်းဆီ အတွက် အသုံးပြု
မယ် data usage လည်း နည်း မသွားနိုင်ဘူးလား တစ်ယောက်ကလည်း ဒီဆိုဒ်ကို ကြည့် နောက်တစ်
ယောက်ကလည်း ဒီဆိုဒ်ကို ကြည့် ပြန်ပြီး ဒေါင်းနေ ရရင် မပင်းပန်းဘူးလား အဲ့အတွက် proxy သုံးရင်
cache ဖိုင်ကနေ တစ်ခါတည်း ထုတ်ပေးရင် အဆင်ပြေနိုင်ပါတယ်။
ကဲ ကျနော် ရမ်းတုတ် တာ နည်းနည်း များသွားပြီ ဆိုတော့ အခု ရေးမယ့် အကြောင်းအရာကို ဆက်ပါ
မယ် ကွန်ပြူတာ ထဲမှပဲ ကိုယ် proxy ထားမယ် cache ဖိုင်တွေ ထားမယ် ကိုယ် ထပ်ခါ ထပ်ခါ ကြည့်
မယ့် ဆိုဒ်တွေဆို ကိုယ့် စက်မှာ cache ဖိုင်တွေ ကျန်ခဲ့တဲ့ အတွက် မြန်မြန် ဝင်ရောက်နိုင်မယ် ဘယ်
လောက်ဟန်ကျလဲ?ဘယ်လိုလုပ် ရမလဲ ဆိုတာ ဆက်ဖတ်ပေး ပါဦး နည်းနည်း ရှုပ်တယ် ထင်ရင် သေချာ တစ်ဆင့် ချင်း
လုပ်ပါ မခက် ပါဘူး အဆင့် (၅) ဆင့်ခွဲထားပါတယ်။

၁.Squid Proxy ကိုရယူခြင်း
၂.Computer ကို Squid အတွက်ပြင်ဆင်ခြင်း
၃.Facebook နှင့်တခြား ဆိုဒ်များကို အသုံးပြုလို့ရအောင်ပြင်ဆင်ခြင်း
၎.မိမိ နှစ် သက်ရာ DNS ကို အသုံးပြုခြင်း
၅.Squid Service ကိုပြုတ်မကျ အောင်ပြင်ဆင်ခြင်း

နံပတ် လေးး အချက်ကို စိတ်ကြိုက် ပြင်ဆင်ပြီးတော့ အသုံးပြု သူတွေ အတွက်ပဲ ရည်ရွယ်ပါတယ်ပုံမှန်ကတော့ ကျော်ခဲ့ လိုက်ပါ ကျနော်လည်း ဒီအတိုင်း သုံးနေတာပါ။

၁.Squid Proxy ကိုရယူခြင်း
အဆင့်တစ်ခုနေနဲ့ ရေးရလောက်အောင် ဘာမှ မရှိပါဘူး အောက်က လင့်မှာ သွား ဒေါင်းလိုက်ပါ။
ဟီးးးးးးးးးးစိတ်မဆိုးနဲ့နော်
Download=>solidfiles

၂.Computer ကို Squid အတွက်ပြင်ဆင်ခြင်း
ဒေါင်းပြီးလို့ရလာတဲ့ Zip File ထဲက Squid ဆိုတဲ့ Folder ကို C:ထဲကိုကော်ပီကူးထည့်လိုက်ပါ
(လွယ်လွယ်ပြောရင် C ပေါ့ Window Install လုပ်ထားတဲ့ အပိုင်းဆိုရင်လည်းမမှားပါဘူး )
ပြီးရင် C:\squid\etc ကိုသွားလိုက်ပါ


.Default ဆိုတဲ့ Exetnsion ကိုဖြုတ်လိုက်ပါ
အခုလိုပေါ့

.default ဆိုတာလေးကို ဖျက်လိုက်ပေါ့ဗျာ R-Click=>Rename ရှင်းပါတယ်နော်

မှတ်ချက်။ ။ .default ဆိုတဲ့ extension ကိုမမြင် ရဘူးဆိုရင် Window 7 မှာဆိုရင် folder
Option view=>show extension ကနေပြန်ပြီးတော့ ဖော်လို့ရပါတယ် (အတိအကျရှိ
ချင်မှရှိပါမယ် ကျတော်အခု window 8 နဲ့အသားကျတာကြာပြီဆိုတော့) Window 8 အ
တွက်တော့ အောက်မှာပုံပြထားပါတယ်


Win+R=>inetcpl.cpl ရိုက်ပြီးတော့ internet option ကိုဝင်လိုက်ပါ

connection=>LAN Settings

Address က localhost

Port က 3128 ထည့်လိုက်ပါ



၃.Facebook နှင့်တခြား ဆိုဒ်များကို အသုံးပြုလို့ရအောင်ပြင်ဆင်ခြင်း
ဒီနေရာမှာ တစ် ခုမေးစရာ ရှိတယ် တခြား ဆိုဒ်တွေ ဝင်လို့ရင် facebook ကောဝင်လို့ မရ
ဘူးလားဆိုတာကို မရပါဘူးခင်ဗျာ Facebook အတွက် ကိုထပ်ပြီးတော့ပြင်ဆင်ပေးဖို့ လို
အပ်ပါတယ် ဘယ်လိုပြင်ရမှာလဲ ဆိုတာကို ကြည့်ကြရအောင်ပါ

C:\squid\etc ကိုသွားလိုက်ပါ squid.conf ကို notepad နှင့်ဖွင့်လိုက်ပါ notepad
++ နှင့်ဖွင့်လည်းကိစ္စမရှိပါဘူး


Win+R=>notepad ဆိုNပီး notpad ဖွင့်Nပီးတော့ notepad ထဲ့ကို Drag ဆွဲထည့်
လည်းရပါတယ်

Notepad နှင့် ဖွင့်ပြီးသွားပြီဆိုရင် Ctrl+F ကိုနိတ်ပါ

http_access deny all ဆိုပြီးရှာလိုက်ပါ


# http_access deny all ဆိုတဲ့နေရာမှာ အောက်ကစာသားတွေနဲ့အစားသွင်းလိုက်ပါ

http_access allow all
acl fb dstdomain .facebook.com
http_access deny CONNECT fb
http_reply_access deny fb
# မပါတာကို သတိထားပါ ဖြုတ်ထားရပါမယ် ကျနော် အောက်မှာပြထားတဲ့ ပုံကိုသေချာကြည့်ပါ


၎.မိမိ နှစ် သက်ရာ DNS ကို အသုံးပြုခြင်း
ဒီအဆင့်ကို ကျော်ခဲ့လည်း ကိစ္စ မရှိပါဘူးDNS ကို ကိုယ့်စိတ်ကြိုက်ထားသုံးချင်တဲ့ သူတွေအတွက်ပါ

dns_nameservers 8.8.8.8 8.8.4.4

8.8.8.8 ဆိုတာ preferred DNS server ပါ

8.8.4.4 ဆိုတာ Alternate DNS Server ပါ

၅.Squid Service ကိုပြုတ်မကျ အောင်ပြင်ဆင်ခြင်း
Command Prompt ကိုဖွင့်လိုက်ပါ

Win+R=>cmd ပေါ့ဗျာ window 7 ဆိုရင် run box ကရပါတယ် window 8 ဆိုရင်
win+X ကိုနိတ်ပါ command prompt(admin) ကိုနိတ်ဝင်ပါ အောက်မှာ ကျနော် ပြ
ထားတဲ့ စာကြောင်းသုံးကြောင်းကို တစ်ကြောင်းချင်းစီရိုက်ပြီးတော့ Enter ခေါက်သွားပါ

squid –i
squid –z
ကျနော်ရိုက်ထားတဲ့ ပုံကိုကြည့်လိုက်ပါFailed ဆိုပြီးဖြစ်နေတယ် ကျနော့်မှာ ရှိပြီးသားမို့ပါ ရဲရဲသာ ရိုက်သွား ဘာမှမမှားဘူး
စိတ်ချ ကိုယ်ရပြီဆိုမှ ကျတော်တင်ပေးတာ


အပေါ်က အဆင့်တွေအကုန်လုံးပြီးပြီထင်ပါတယ် ဒီတစ်ဆင့်ပြီးရင် သုံးလို့ရပါပြီ
ဘာဖြစ်လို့ဒီအဆင့်ကို ထည့်သွင်းထားတာလဲဆိုတော့ Suqid Service က internet ချိတ်ထားတယ် လိုင်းနည်းနည်းရှိရင် အလိုလိုနေရင် စတင်ပါတယ် ဒါပေမယ့် သုံးလို့မရအောင် ကျသွားးရင်တော့ လိုင်းတက် လာရင်တောင် သူကိုပြန်စောင့်နေ ရတာအလုပ်တစ်ခုပါ အခု အဆင့်ကို လုပ်လိုက်ရင် ဘာမှစောင့်စရာ မလိုတော့ပါဘူး တစ်ခါစ
ထားရင်း လိုင်ရှိရှိ မရှိရှိပွင့်နေပြီး သားပါ ကျနော့်အတွက်တော့လုံးဝအဆင်ပြေသွားပါ
တယ်ဆက်ဖတ်ကြည့်ကြရအောင်ပါ
Win+R=>services.msc ကိုရိုက်ပြီးတော့ Service ကိုဝင်လိုက်ပါSquid ဆိုတဲ့ Service ကိုရှာလိုက်ပါ S ကိုနိတ်ပြီးတော့ရှာလိုက်ပါ နည်းနည်းတော့မျက်စိရှင်ရပါမယ် တွေပြီနော်

Nပီးရင်တော့ Double Click နိတ်ပြီးဝင်လိုက်ပါ
Logon မှာ Allow Service To Interact With Desktop ကို အမှန်ခြစ်(check) ပေးလိုက်ပါOK ပေါ့ အဲတာဆိုရင် internet လိုင်းကျရင်လည်း ပြန်မကျတော့ပါဘူး

squid service ကိုစတာကတော့ အင်တာနက်ချိတ်ထားရင် အလိုလို စပါတယ် မစသေးရင်တော့win+R=>cmd=>net start squid ဆိုပြီး စရင်ပဲဖြစ်ဖြစ် ကျနော် အောက်မှာပုံပြထားသလို start ကိုနိတ်ပြီးတော့စ နိုင်ပါတယ်။
win+R=>services.msc
squid ကို R-click ထောက် ပြီးရင် start ပေါ့ဗျာ

ဒီတစ်ခါတော့ လုံးဝသုံးလို့ရပါပြီ chrome,firefox,internet explorer ကြိုက်တဲ့ Browser ကိုဖွင့်ပြီးသုံးလို့ရပါပြီ cache ဖိုင်တွေ များလာတာနှင့် အမျှ Data Usage ကသက်သာလာပါလိမ့်မယ် မလို့အပ်တဲ့ Data တွေကို Cache ကနေပဲ ယူလိုက်တာမို့ လိုင်းလည်းမြန်လာပါလိမ့်မယ်။
by Myanmar IT Helper

No comments: