Tuesday, May 19, 2015

COMPUTER မှာ RESTART ခဏ ခဏ ကျနေသော ပြသနာ ဖြေရှင်းနည်း

 
 
မိမိ Computer မှာ Restart ခဏ ခဏ ကျနေ ပါသလား ဖြေရှင်း ကြရ အောင်ဗျာ..

သည်နည်းလမ်း လေးကို ကျွန်တော် ကွန်ပျူတာ တလုံးမှာ ဖြစ်ခဲ့ ဖူးတုန်းက စာအုပ်လေး တစ်အုပ် တွေ့ခဲ့ ပါတယ်။ အဲဒီ စာအုပ်လေး ထဲက လမ်းညွှန်ချက် လေးတွေကို မှတ်သားပြီး သိမ်းထား ခဲ့တာပါ။ ခုတော့ အများ ဗဟုသုတ ရရှိစေရန် အလို့ငှါ ပြန်လည် မျှဝေ လိုက်ရခြင်း ဖြစ်ပါတယ်...

မိမိတို့ရဲ့ Computer တွေမှာ Restart မကြာ ခဏ ကျနေတဲ့ Error မျိုးတွေ ကြုံတွေ့ရ တတ်ပါတယ်။ Restart ကျတယ် ဆို
တာ ကလည်း ၂ မျိုး ရှိပါတယ်။ Computer ဖွင့် လိုက်တာနဲ့ တက်တက် ချင်းမှာ Windows ဟာ အလိုလိုနဲ့ဘဲ
မတက်တော့ပဲ အဖန် တလဲလဲ Restart ကျကျနေ တာမျိုးလည်း ရှိသလို၊ အသုံးပြု နေရင်း လည်း အချိန် ဘယ်လောက် ကြာတာနဲ့ Restart ကျကျ သွားတတ် ပါတယ်။ နောက် Shut-down လုပ် လိုက်တာကို Shut-down မကျပဲနဲ့ restart ပဲ ဖြစ်ဖြစ် သွားတာမျိုး လည်း ရှိပါတယ်။ အဲဒီလို Restart ခဏ ခဏ ကျနေခြင်းဟာ အမျိုးမျိုးကြောင့် ဖြစ် နိုင်ပါတယ်။

ဒါကြောင့် Restart ခဏခဏ ကျနေတဲ့ အခါ ဖြစ်လာ ရင်တော့ စစ်ဆေးမှု အမျိုးမျိုး ပြုလုပ် ရပါ လိမ့်မယ်။

( ၁ ) Computer ဖွင့်ဖွင့်ချင်းမှာ Windows မတက် လာတော့ပဲ Restart ချည်းပဲ ခဏခဏ ကျနေတယ် ဆိုရင်တော့ ဒါဟာ Windows OS က အရေးကြီးတဲ့ File တစ်ခုခု lost ဖြစ်သွား ရင်ပဲ ဖြစ်ဖြစ် (သို့) Windows OS က တစ်ခုခု ဖြစ်တာပဲ ဖြစ်ဖြစ် ၊ နောက် CPU က Overheat ဖြစ်လို့ပဲ ဖြစ်ဖြစ် ၊ RAM (Memory ) မကောင်းလို့ပဲ ဖြစ်ဖြစ် ဖြစ်တတ် ပါတယ်။

( ၂ ) CPU က Overheat ဖြစ်နေ ရင်လည်းComputer က Restart ခဏခဏ ကျတတ် ပါတယ်။ CPU တွေက ပုံမှန် အားဖြင့်Temperature 30 လောက် ကနေ နောက်ပိုင်း CPU တွေ မှာတော့ Over 60 Degrees (C) လောက်မှာRun ပါတယ်။)


Temperature က unsafe Level မှာ ရောက်သွားတဲ့ အချိန် Restart ကျကျ သွားတတ် ပါတယ်။ ဒါကြောင့် လစဉ် System Unit ကို ဖွင့်ပြီး CPU အောက်မှာ ရှိတဲ့ Heat Sink ကို သန့်ရှင်းပေး သင့်ပါတယ်။ သူ့ကို သန့်ရှင်း မပေးလို့ ရှိရင် သူကနေ ဖုန်တွေ စုစည်း ထားတဲ့ အခါ လေ စီးဆင်းမှု (Airflow) ကို ထိခိုက် နိုင်ပါတယ်။ အဲဒီလို လေစီးဆင်းမှု မကောင်းလို့ Heat sink က အအေး မပေးနိုင်တဲ့ အခါ CPU မှာလာပြီး overheat ဖြစ်တတ် ပါတယ်။ ဒါကြောင့် CPU ကို Overheat
မဖြစ်အောင် ထိန်းသိမ်း ရပါမယ်။


နောက် တစ်ခု အနေနဲ့ မိမိရဲ့ RAM (Memory) ကို အရင် စစ်ဆေးပါ။ Memory က Bad Memory ဖြစ်နေ ရင်လည်း Computer က Restart ခဏခဏ ကျတတ် ပါတယ်။ တစ်ခါတစ်ရံမှာ Memory က ပျက်တာ မဟုတ် ဘဲနဲ့ Motherboard မှာရှိတဲ့ RAM Slot က မကောင်း တာလည်း ဖြစ်တတ် ပါတယ်။ ဒါကြောင့် ပထမ ဦးဆုံး System Unit ကို ဖွင့်ပြီး RAM ကိုဖြုတ် Slot ပြောင်းပြီး တပ်ကြည့်ပါ။ အဲဒါမှ မရဘူး ဆိုရင်တော့ RAM Slot က မဟုတ်တော့ ပါဘူး။

နောက်ထပ် ကောင်းမွန်တဲ့ RAM တစ်ချောင်းနဲ့ လဲပြီး စမ်းကြည့်ပါ။ ပြန်ကောင်း သွားပါ လိမ့်မယ်။ ဒါပေမယ့် RAM အသစ် လဲလို့မှ မကောင်းသေး ဘူးဆိုရင်တော့ ဆက်ပြီး အဖြေရှာ ရပါဦးမယ်။ ၄င်းနောက် ဖြစ်တတ် တာက Windows OS ကတစ်ခုခု ဖြစ်နေလို့ Restart ခဏခဏ ကျနေတယ် ဆိုရင်လည်း နောက်ဆုံး Windows OS ကို Repair လုပ်ရင် လုပ် ၊
ပြန်ပြီး Windows ပြန်တင်ရင် တင် လုပ်ရ ပါတော့မယ်။

အခု ပြထားတဲ့ ပုံတွေ ကတော့ ဖုန်တွေကို သန့်ရှင်းရေး လုပ်ပေးဖို့ အတွက် ဖြစ်ပါတယ်။ ဖုန်း ကြောင့်လည်း Fan တွေ
ရပ်ပြီး Heat တက်ရင် ကွန်ပျူတာက Restart ဖြစ်တတ် တာကိုး။ Computer ကိုအသုံးပြုနေရင်း ဘယ်နှစ်နာရီကြာရင် Restart ဖြစ်ဖြစ် သွားတာတို့ ၊ Shut down လုပ်တာကို Restart ဖြစ်ဖြစ် သွားတာတို့ ဆိုရင်တော့ အထက်က နည်းတွေကို မလုပ်ခင် Startup and Recovery မှာရှိတဲ့ Automatically Restart ဆိုတာကို Disable လုပ်ပေးရမှာပါ။

အောက်မှာ ဖော်ပြထားတဲ့ နည်းလမ်း အတိုင်း လိုက်လံ စမ်းသပ် ကြည့်ပါ။

My Computer ကို Right Click နှိပ်ပြီး Properties ကို နှိပ်ပါ။


အပေါ်က ပုံ အတိုင်း နံပါတ်စဉ် လိုက် ကလစ်ပေး လိုက်ပါ။


အိုကေ ပုံမှာ ပြထားတဲ့ အတိုင်း Automatically restart ဆိုတာမှာ အမှန်ခြစ် ဖြုတ်ပေး လိုက်ပါနော် ပြီးတာနဲ့ OK ပေး လိုက်ပါ..အဆင်ပြေပါပြီ။

အဲဒါမှ Problem က ဖြေရှင်းလို့ မရသေးဘူး ဆိုရင် ကွန်ပျူတာ တက်လာလာ ချင်းမှာ F8 Key ကို နှိပ်ထားပါ။ အဲဒီလို နှိပ်လိုက်တဲ့ အခါ Advanced Boot Option ကို တွေ့ရ ပါလိမ့်မယ်။


Advanced boot option ထဲကမှ Disable automatically restart on system failure ဆိုတာကို ရွေးပြီး Enter ခေါက်ပါ။ Windows ကပုံမှန်အတိုင်းပြန် တက်သွားပါလိမ့်မယ်။ ဒါလေး ကတော့ ကျွန်တော် ဖြစ်ဖူးတဲ့ ပြသနာလေးကို လိုက်ရှာဖွေ ရင်း တွေ့ရှိပြီး လိုက်လုပ်တာ အဆင်ပြေခဲ့တဲ့ နည်းလမ်းလေးဘဲ ဖြစ်ပါတယ်။
သည် နည်းလမ်းကို Youth Computer ကနေ တင်ထားတာ တွေ့ဖူးခဲ့တာပါ.. Youth Computer ကို အထူးကျေးဇူး တင်ရှိ ပါကြောင်းနဲ့ သည်လို အခက်ခဲ ပြသနာ ရှိသူတွေ အတွက် အဆင်ပြေစေရန် ကျွန်တော် ပြန်လည် ဝေမျှပေး လိုက်ခြင်း သက်သက်သာ ဖြစ်ပါတယ်..
အားလုံး အဆင်ပြေကြ ပါစေနော်...
လယ်တီမြေသား (နည်းပညာမျှဝေသူ)

No comments: