မင်္ဂလာပါ.. ကျွန်တော် သည်နေ့ ရေးဖြစ်တဲ့ နည်းပညာ အကြောင်း အရာ တစ်ခု ကတော့ Softwar ပိုင်းဆိုင်ရာ
ဒါကတော့ ကျွန်တော်တို့ ဆော့ဝဲလ်တွေ ဆိုဒ် အရမ်းကြီးနေတဲ့ အခါမှာ ပြန်လည် မျှဝေဖို့ ရာမှာ Upload တင်တဲ့ နေရာမှာရော Downlaod ယူသူတွေ အတွက်ပါ အခက်ခဲ ဖြစ်စေ ပါတယ်.. ဖိုင်ဆိုဒ် အရမ်းကြီးနေတဲ့ အခါ အင်တာနက် လိုင်း အခြေအနေ အရ ဒေါ်င်းရတာ အဆင်မပြေ ကြပါဘူး ဒေါင်းနေရင်း လည်း တစ်ခါ တရံမှာ တ၀က် တပျက်နဲ့ ပြုတ်ကျတဲ့ အခါတွေလည်း ကြုံဘူး ကြမှာ ဖြစ်ပါတယ်...
ဒါကြောင့် သည် အခက် အခဲတွေကို အဆင်ပြေစွာ ကျော်လွှား နိုင်ဖို့ အတွက် ကျွန်တော်တို့ winrar software ကို အသုံးပြုကာ.. ဖိုင်တွေကို ခွဲခြမ်း စိတ်ဖြာ ကြမယ်.. ပေါင်းစည်း ကြမယ် ဆိုတဲ့ နည်းလမ်းလေး တစ်ခုကို ကျွန်တော် သိသလောက် ပြန်လည် မျှဝေချင်ပါတယ်..
သည် နည်းလမ်းလေးကို တခြားသော နည်းပညာရှင် တွေလည်း ဘလော့ဆိုဒ် တွေပေါ်မှာ တင်ပြ ထားတာကို လေ့လာ တွေ့ရှိကြမှာ ဖြစ်ပါတယ်.. ဒါကတော့ နည်းပညာ ဆောင်းပါး အနေနဲ့ ထပ်မံ မျှဝေခြင်း ဖြစ်ပါတယ်။
ကျွန်နော် သည် နည်းလမ်း လေးကို 5.07 GB ရှိတဲ့ Window 9 ISO အခွေလေးကို 1GB. 5 ပိုင်း ခွဲပြပေးမှာ ဖြစ်ပါတယ်ဗျာ.. အောက်မှာ ပုံလေးတွေနဲ့ တစ်ကွ ရှင်းပြ ထားပါတယ်။ WINRAR ဆော့ဝဲလ် ကိုတော့ ကွန်ပျူတာ အသုံးပြု သူတိုင်း ရှိပြီးဖြစ်မယ်လို့ ထင်ပါတယ်..ဒါကြောင့်
အဲဒီ ဆော့ဝဲလ်လေးကို အခြေခံပြီး ရှင်းပြ ထားတာ ဖြစ်ပါတယ်..
အောက်မှာ ဘယ်လို ခွဲကြမယ် ပေါင်းကြမယ် ဆိုတာကို လေ့လာ ကြည့်လိုက်ပါ။
အခု မိမိခွဲ ချင်တဲ့ ဖိုင်လေးပေါ်မှာ ညာကလစ် ပြီးရင် Add to Archive ကို ကလစ် လိုက်ပါ။
အနီရောင် ဝိုင်းပြ ထားတဲ့ နေရာမှာ ကိုယ်ခွဲမဲ့ ဖိုင်ဆိုဒ် ဘယ်လောက် ရှိလဲ ဘယ်နှစ်ပိုင်း ပိုင်းမလဲ ဆိုတာကို တွက်ပြီး B,KB,MB,GB စသဖြင့် ရှိတဲ့ အတိုင်း အတာလိုက် ရွေးပေး လိုက်ပါနော် ကျနော်က 5.07 ရှိတဲ့ ISO အခွေကို 5-ပိုင်း ပိုင်းမှာ ဆိုတော့ Split to volumes, Size နေရာမှာ 1 ဘေးက GB ထားပေး လိုက်ပါတယ်.. ကိုယ်ဖိုင် ဘာ အမျိုးစား ထားမလဲ RAR .RAR5. ZIP ကြိုက်ရာ တခုခှုမှာ မှတ်ထားပေးပြီး Ok ကို နှိပ်ပြီး ဆက်သွားပါ။
Pressword နဲ့ ထားချင်ရင်လဲ Set Pressword မှာ ထည့်ပေးလို့ ရပါတယ်။
ဖိုင်ဆိုဒ် အရွယ်အစား အပေါ် မူတည်ပြီး အချိန် အနှေး အမြန် ကွာပါတယ်။
အပေါ်က ပုံလေးက 5.07 GB ရှိတဲ့ ဖိုင်ကို 1 GB ခွဲပြီး ရလာတဲ့ ပုံလေးပါ။
အပိုင်းခွဲ ပြီးသားတွေ အင်တာနက်မှာ အပိုင်း ပိုင်း တင်ထား တာတွေ ဖိုင်ပြန် ဆက်တဲ့ အခါ နံပါတ် ( ၇ ) ပုံလေးလို Part.1 ကို ညာကလစ် ထောက်ပြီး Extract Here နဲ့ ပြန်ဖြည် ယူရမှာ ဖြစ်ပါတယ်။ တကယ်လို့ Part.1 Part.2 အမည် မပေး ထားလဲ အပိုင်း အားလုံးကို ရွေးပေးပြီး Extract Here နဲ့ ပြန်ဖြည် လည်းရပါတယ်။
ဖိုင်ခွဲ ဖိုင်ဆက် နည်းက တော့ ဒီလောက်ပါဘဲ အားလုံး အဆင်ပြေ ကြပါစေဗျာ..
ဆက်လက်ကြိုးစားနေပါအုံးမယ်.. ဘလော့ခရီးသည် ( မျှဝေသူ )
No comments:
Post a Comment