
ကျွန်တော်တို့ Firefox Browser ကို Cookies တွေ၊ Cache တွေကို ရှင်းလင်းတဲ့ အကြောင်းအများစု ရေးထား
တာ ရှိကြပါတယ်။ Software တွေနဲ့ ရှင်းတဲ့ အပြင် Browser ထဲမှာ ပါဝင်တဲ့ Function တွေနဲ့လည်းရှင်းလင်း
ကြရ ပါတယ်။ အခု ကျွန်တော် ပြောမှာ ကတော့ အထွေ အထူးကြီး မဟုတ် ပါဘူး။ Browser ထဲမှာ ပါဝင် တဲ့
Check Box လေး တစ်ခုကို On ပေး လိုက်ရုံဖြင့် Browser ပိတ်လိုက်တိုင်း Cookies တွေကို Auto ရှင်းပေးတဲ့
နည်းလေး ဖြစ်ပါတယ်။
ကဲ စလိုက်ရအောင် ... ။
အရင်ဆုံး သင့် Browser ကို ဖွင့်ပြီး အောက်ပါ ပုံအတိုင်း

ညာဘက်ထောင့်နားလေး ကနေပြီးတော့ Options ထဲကို ၀င်လိုက်ပါမယ်။ ထို့နောက်

အထက်ပါ ပုံအတိုင်း Privacy ထဲမှ လက်ရှိ ဖြစ်နေသော Remember History ဆိုတာကို Use custom settings
For history ဆိုတာကို ရွေးပေးရ ပါမယ်။ ပြီးသွား ရင်တော့

အထက်ပါ ပုံအတိုင်း မျှားအနီရောင် ပြထားတဲ့ နေရာလေးကို Clear history when firefox close ဆိုတာကို
ရွေးပေးပြီး OK နှိပ်ပေး လိုက်ရုံပါပဲ ။
အားလုံးပဲ အဆင်ပြေ မယ်လို့ ထင်ပါတယ်။
လေးစားစွာဖြင့် CristianoZarni@ဦးဇာနည်

No comments:
Post a Comment