Checking Disk ဆိုပြီး မြင်ဖူး ကြမှာပါ။
ဒီလိုအချိန်မှာ ကျွန်တော်တို့က ကီးဘုတ် ကနေ ESC Key ကို မနှိပ်မိဘူးဆိုရင် အချိန်အနည်းငယ်ကြာမြင့်စွာ
စောင့်ဆိုင်းရ တတ်ပါတယ်။ ဘာကြောင့် ဒီလိုမျိုး Check Disk ဖြစ်ရ သလဲ ဆိုတဲ့ အကြောင်း ရင်းကို အနည်း
ငယ်ရှင်းပြရရင် သင့်ရဲ့ HDD မှာ ပုံမှန် Defragments မလုပ်ထား တာရယ် နောက်ပြီး Data တွေ သွင်း လိုက်
ဖျက်လိုက်များတာတွေရယ်၊ အဆိုးဆုံးတစ်ခုကတော့ သင့်ရဲ့ HDD မှာ အနည်းငယ် Error တက်လာလို့ တို့ပဲ
ဖြစ်ပါတယ်။
ဒါကြေ င့် တစ်ကြိမ် တစ်ခါလောက်တော့ လုပ်သင့်ပါတယ်။ သို့ပေသော် ညားလည်း အမြဲတမ်းကြီး အဲ့ဒီလို
တက်နေရင် User အတွက် စိတ် အနှောက် အယှက်ဖြစ်ရ တတ်ပါတယ်။ ဒါကြောင့် အခု ကျွန်တော်က ဒီ
လို Disk Check ကို ဘယ်လို ပိတ် မလည်း ဆိုတာ ကို Registry ကနေ တစ်မျိုး၊ Commend Line ကနေ
တစ်မျိုး လွယ်ကူစွာ လုပ်ဆောင်နိုင်အောင် ရေးသားပေး ပါ့မယ်။
ကဲ ... စလိုက်ရအောင် အရင်ဆုံး Run Box ထဲမှာ "regedit" လို့ ရိုက်လိုက်ပါမယ်။
ထို့နောက်တော့ Enter ခေါက်လိုက်တဲ့ အခါမှာ ကျွန်တော်တို့က အောက်ပါ Registry Editor ပေါ်လာမှာဖြစ်
ပါတယ်။
သွားရမယ့် Location ကတော့ HKEY_LOCAL_MACHINESYSTEM\CurrentControlSet\Control\Session
Manager အတိုင်းဖြစ်ပါတယ် အထက်ပါ ပုံအတိုင်းပေါ့…
ထို့နောက်တော့ ကျွန်တော်တို့က BootExcute ဆိုတာကို Double Click နှိပ် လိုက်ပါမယ်။ လက်ရှိအတိုင်းဖြစ်
နေမှာကအောက်ပါ ပုံအတိုင်းပါ။
ကျွန်တော်တို့ ပြင်ရမှာကတော့ ထို စာသားထဲမှာ * နဲ့ k ကြား ထဲမှာ ပြင်ရမှာ ဖြစ်ပါတယ်။ ဘယ်လိုပြင်ရ
မလည်းဆိုတော့
အထက်ပါ ပုံအတိုင်း /K:C ဆိုပြီး ဖြစ်ပါတယ်။ /K ရဲ့ အဓိပ္ပါယ်ကတော့ Switch to Disable ဖြစ်ပြီး :C ဆိုတာ
ကတော့ လက်ရှိ သင့်ရဲ့ ကွန်ပျူတာစနစ် လုပ်ဆောင်နေတဲ့ System Partition ဖြစ်ပါတယ်။ အကယ်လို့ သင်
ဟာ အခြား Data Partition တွေကိုလည်း Check Disk လုပ်တာ ပိတ်ထားချင်တယ်ဆိုရင်တော့
အထက်ပါ ပုံအတိုင်း နောက်တစ်ကြောင်း ရိုက်ပေးရမှာ ဖြစ်ပါတယ်။ D ဆိုတာကတော့ Data Partition ကို
ရည်ညွန်းတာဖြစ်ပါတယ်။ ပြီးသွားရင်တော့ OK ကိုနှိပ်ပေးလိုက်ရုံပါပဲ။နောက်တစ်နည်းကတော့ CLI Mode
ထဲကနေလုပ်ဆောင်မှာဖြစ်ပါတယ်။ ဒါကြောင့် သင်ဟာကီးဘုတ်ကနေ Run Box ကိုဖွင့်လိုက်ပါ ပြီးသွားရင်
အထက်ပါ ပုံအတိုင်း ရိုက်လိုက် ပါမယ်။ ဒါဆိုရင် Command Prompt ကို Administrator Mode ဖြင့် Run တာ
ကိုတွေ့ရမှာပါ။ ထို့နောက် ရိုက်ရမယ့် Command ကတော့
အထက်ပါ ပုံအတိုင်းဖြစ်ပါတယ်။ အကယ်လို့ သင်ဟာ Data Partition တွေကိုပါ ပိတ်ချင်တယ်ဆိုရ်ငတော့
ရိုက်ရမှာက
အထက်ပါ ပုံအတိုင်း ဖြစ်ပါတယ်။ ကဲအားလုံးပဲ အဆင်ပြေမယ် ထင်ပါတယ်။
ယခုတင်သော Post နှင့် ပတ်သက်ပြီး မရှင်းလင်းသည် များကို အချိန်မရွေး မေးမြန်းနိုင်ပါတယ်။ ဒီ Post လေးကို
ဟိုးအရင် ဆရာ အောင်သန်းဦး မဆုံးပါး ခင်က ကျွန်တော် အဲ့ဒီ Error ကိုဖြစ်လို့ ဆရာက ဘယ်လို ရှင်းရမလည်း
ဆိုတာကို ပြောပြထား ခဲ့ဖူးပြီးသားပါ သို့သော်လည်း အခုမှ ကျွန်တော် Group တစ်ခုမှာမေးထားတာတွေ့လို့ ဆ
ရာ့ကို သတိရတဲ့ စိတ်ဖြစ်လာပြီး ရေးဖြစ်သွားတာပါ။
အားလုံးကိုလေးစားလျှက်
Cristiano Zarni@ဦးဇာနည်
by အောင်ကျော်ခိုင် ပုသိမ်
No comments:
Post a Comment