စာဖတ်သူတို့ရေ... Windows 7 မှာ ကိုယ်ရဲ့ ဖိုင်တွေ၊ ဖိုဒါတွေကို Ctrl Key, Shift Key တွေအသုံးမပြုဘဲ အလွယ်တကူ Select မှတ်လို့ရတယ်ဆိုတာကို သိပြီးကြပြီလား ခင်ဗျာ။
ကိုယ် Select မှတ်ချင်တဲ့ ဖိုင်နှင့် ဖိုဒါ ၏ Check Box လေးပေါ်မှာ Click တချက်နှိပ်ရုံဖြင့် အလွယ်တကူ Select မှတ်လို့ရပါတယ်။ပြုလုပ်ချင်တယ်ဆိုလျင်တော့...
Start Menu ထဲက "Search Programs and Files" ဆိုတဲ့ Search Box ထဲမှာ "folder options" (Double Code မပါ) လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။
Folder Options Box ကျလာပါက View Tab ကိုသွားပါ။ Advanced Settings ၏ List ထဲတွင် "Use Check Boxes to select Items" ဆိုသည့် စာသားတွင် ပါရှိသည့် Check Box ကို ON ပြီး OK ပြောလိုက်ပါ။
အထက်ပါလုပ်ဆောင်ချက်တွေအတိုင်း ပြုလုပ်လိုက်ပါက မိမိ၏ ဖိုင်တွေ၊ ဖိုဒါတွေကို စိတ်တိုင်းကြ Customize Select မှတ်ခြင်း၊ Select All မှတ်ခြင်းတို့ကို အလွယ်တကူ ပြုလုပ်နိုင်ပြီဖြစ်ပါသည်။ အောက်ပါ ပုံတွင်ကြည့်ပါ။

No comments:
Post a Comment