စာဖတ်သူတို့ရေ... Windows 7 မှာ Hibernate Mode ကိုအသုံးပြုချင်ပါသလား။ ???
(မှတ်ချက် - Base User အတွက်ပါ။ မိမိ၏ စက်ကို ပုံမှန်အတိုင်း Shutdown မချဘဲ။ Hibernate Mode ဖြင့် စက်ကို ပိတ်နိုင်ပါသည်။ Hibernate Mode ဖြင့်ကို စက်ကို ပိတ်ခြင်းအားဖြင့် မိမိ၏ Windows ပေါ်တွင် တင်သုံးထားသမျှလုပ်ငန်းစဉ်တွေကို ပိတ်စရာမလိုပါ။ Hibernate Mode ဖြင့် စက်ကို ပိတ်ထားသည့်အတွက် Windows ပြန်အတက်တွင်လည်း လက်ရှိလုပ်ငန်းစဉ်အတိုင်း ပြန်လည်ဖော်ပြပေးနေမည် ဖြစ်ပါသည်။)
လိုရင်းကို ဆက်သွားမည်...
Start Menu ၏ Search Box မှာ cmd လို့ပါ။ Enter ခေါက်ပါ။ Command Prompt ထဲရောက်သွားပါမည်။
Enable Hibernate Mode in Windows 7
powercfg /hibernate on
Disable Hibernate Mode in Windows 7
powercfg /hibernate off
အထက်တွင် ပါရှိသော command တွေကို သုံးပြီး Hibernate Mode ကို ON/OFF လုပ်ပေးနိုင်ပါသည်။ ပြီးရင်တော့ Command Prompt ထဲက exit လုပ်ပြီး Hibernate ဖြစ်မဖြစ်စစ်ဆေးကြည့်ပါ။
Manage Hibernation Through Control Panel
Hibernate Settings နဲ့ပတ်သက်ပြီး Control Panel ကတစ်ဆင့်သွားရောက်ပြင်ဆင်နိုင်ပါသေးသည်။
ပြင်ဆင်ပုံမှာ - Start Menu မှတဆင့် Control Panel ထဲက Hardware and Sound ကိုရွေးပါ။ အဲဒီထဲကမှ Power Options ဆက်လက်ပြီး Change Plan Settings မှာ နှိပ်ပေးလိုက်ပါ။ Change Advanced Settings ကိုရှာပါ နှိပ်ပါ။ Power Options Box ကျလာပါမည်။ အဲဒီထဲက Sleep ၏ အပေါင်း Sign မှာ နှိပ်ပြီး ဖြန့်ချပါ။ အဲဒီမှာ Hibernate After ကို တွေ့ပါမည်။ သူ၏အပေါင်း Sign မှာ နှိပ်ပြီး ဖြန့်ချပါ။ Settings မှာ Never လို့ဝင်နေပါလိမ့်မည်။ Never မှာနှိပ်ပြီး မိမိကြိုက်နှစ်သက်ရာ အချိန်ကို ထည့်သွင်းပေးပါ။ မိမိထည့်သွင်းထားသည့် အချိန်အထိ ကွန်ပျူတာကို သုံးစွဲမှုမရှိပါက Auto Hibernate ပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။ စာဖတ်သူလည်း စမ်းသပ်ကြည့်ကြပါအုန်း။
No comments:
Post a Comment