Friday, July 10, 2015

Lenovo OneKey Rescue System

ကျွန်တော်အခု မိတ်ဆွေတို့ ကို ပြောပြချင်တာလေးကတော့ Lenovo Notebook တွေမှာပါလာတဲ့ One Key Button လေးရဲ့ အစွမ်းကို ပြောပြမှာပါ။ ပုံမှန် Notebooks တွေမှာ System Recovery အတွက် Boot CD ပါရှိပါတယ်။ အဲဒီ CD ကို အသုံးချပြီး f11 အကူအညီဖြင့် Boot တက်ပေးရပါတယ်။ Lenovo Notebook တွေမှာတော့ One Key Button ကို တစ်ချက်နှိပ်ရုံဖြင့် System and Data Recovery လုပ်လို့ ရတာကို တွေ့ရပါတယ်။ တကယ်လို့များ ကိုယ်အသုံးပြုနေတဲ့စက်က Windows မတက်တော့ဘူးဆိုပါစို့။ ဒါဆိုလျှင် Lenovo ၏ One Key Button မှာနှိပ်လိုက်ပါ။


အဲဒီမှာ Lenovo ၏ OneKey Rescue System တက်လာပါမည်။

ဆက်ပြီး OneKey Recovery မှာ နှိပ်လိုက်ပါ။

အဲဒီမှာ System Recovery, Backup My Data, Password Management ဆိုပြီး အပိုင်း (၃) ပိုင်းပါဝင်ပါတယ်။ ကျွန်တော်တို့ အရင်ဦးဆုံး စက်ထဲမှာ ရှိတဲ့ Data တွေကို Backup လုပ်ပါမယ်။ ဒါကြောင့် Backup My Data မှာ နှိပ်လိုက်ပါတယ်။

အဲဒီမှာ Lenovo ရဲ့ အားသာချက်က မိမိ windows တင်ထားသည့်အပိုင်းထဲမှာ ရှိတဲ့ Data တွေကို Backup လုပ်လို့ ရတာကို တွေ့ ရပါတယ်။ ကိုယ့်အတွက် လိုအပ်မဲ့ Data တွေကို Select လုပ်ပေးရုံပါပဲ။


ပြီးလျှင် Next နဲ့ ဆက်သွားလိုက်ပါ။ နောက်တစ်ဆင့်က ကိုယ့်ရဲ့ Backup Data တွေကို ဘယ်နေရာဘယ်အပိုင်းမှာ သိမ်းထားမလဲ ဆိုတာကို ရွေးချယ်ပေးရမှာပါ။ Backup Name ကို ကိုယ့်ပြုလုပ်လိုက်တဲ့ နေ့ရက်အတိုင်း ပေးထားမှာပါ။

Next နဲ့ ဆက်သွားလိုက်ပါ။ သေချာပြီဆိုလျှင်တော့ Start မှာနှိပ်ပြီး Backup လုပ်ငန်းကို စတင်လိုက်ပါ။ ကိုယ်ရဲ့ Data တွေကို Backup လုပ်ပေးနေပါလိမ့်မည်။

Backup လုပ်ပြီးသွားကြောင့် Message Box ကျလာပါမည်။

OK မှာနှိပ်ပေးလိုက်ပါ။ Backup လုပ်ငန်းစဉ် ပြီးသွားပြီဖြစ်သည့်အတွက် Return မှာနှိပ်ပေးပါ။ မိမိ၏ စက်ကို စိတ်ချလက်ချ System Restore လုပ်လို့ ရပါပြီ။ ဒါကြောင့် System Recovery မှာ နှိပ်ပါ။ အဲဒီမှာ ကျွန်တော်တို့ အနေဖြင့် နှစ်မျိုးရွေးချယ်စရာ ရှိပါတယ်။ တစ်ခုက Factory Default နှင့် ကိုယ်ကိုတိုင် ဖန်တီးထားသည့် Windows Backup ဆိုပြီး နှစ်မျိုးတွေ့ရပါမည်။

Factory Default ကိုရွေးချယ်လိုက်ပါက Lenovo ၏ တရားဝင် OS ကို ပြန်လည်ထည့်သွင်းပေးသွားမှာပါ။ ဒါမှမဟုတ် ကိုယ့်ဘာသာကို ဖန်တီးထားသည့် OS ကိုပဲ လိုချင်ပါက Restore from user's backup ကို ရွေးချယ်နိုင်ပါသည်။ ကဲ... ကျွန်တော်လည်း ကျွန်တော်သိသလောက် ပြောပြပြီးပြီ ပြောပြချင်တာ လေးတွေလည်း ကုန်ပြီဆိုတော့....။

No comments: